Sunday, November 30, 2014

အင်န်အယ်လ်ဒီ၏ ရည်မှန်းချက်သုံးခုအနက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားနည်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

စိုးမြင့်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၈- အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်သုံးခုအနက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားနည်းခဲ့ ကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
၂ဝ၁၂ ခုနှစ်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် ရည်မှန်း ချက်သုံးချက်ထားရှိကာ ရွေးကောက်ပွဲ ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ပါတီ၏လုပ်ဆောင်မှုများ နည်း နေသေးကြောင်း သိရသည်။


နိုဝင်ဘာ ၂၇ ရက်က နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ''ပြည်တွင်းငြိမ်း ချမ်းရေးမှာတော့ ပါတီရဲ့အခန်းကဏ္ဍဟာ နည်းခဲ့ပါတယ်။ ဒါတော့ လက်ခံတယ်။အပစ် အခတ်ရပ်စဲရေးမှာ စစချင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေးတယ်ဆိုတာ သဘာ ဝကျတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ မပါရ လို့ ကန့်ကွက်ရမယ်ဆိုတဲ့ သဘောထားမရှိ ပါဘူး။ တကယ် ငြိမ်းချမ်းရေး သဘောတူ ညီမှု ယူဖို့ဆိုရင်တော့ ပါတီအနေနဲ့ မပါလို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစုတွေပါမှ ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးကိုရနိုင်မယ်။ ပါရမယ့်အ ချိန် မရောက်သေးဘဲနဲ့ မပါရလို့ ဘေးကနေ ဝေဖန်မှာတော့ မဟုတ်ဘူး''ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တရား ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် ယခုအချိန်အထိ အ စီရင်ခံစာနှစ်စောင် ထုတ်ထားကြောင်း၊ ရဲတပ်ဖွဲ့ကို ဒီမို ကရေစီစနစ်နှင့်အညီ ဖြစ်စေရန် အီးယူအကူအညီကို ရ ယူခဲ့ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ပိုင်းလော့ ပရောဂျက်အနေဖြင့် မန္တလေးမြို့နှင့် လားရှိုးမြို့များတွင် စင်တာများတည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိ ရသည်။

ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟုပြောပါက ရာဇဝတ်မှုတစ်ခု ကျူးလွန်သကဲ့သို့ ဖြစ် နေပြီး ယခုအခါ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေးသည် အားလုံးနှင့်သက်ဆိုင်ကြောင်း နားလည်လာသည့်အ တွက် အောင်မြင်ခြင်းတစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆက်ပြောသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်း ချက်များနှင့်ပတ်သက်၍ ဝေဖန်မှုတချို့နှင့် ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က ''တချို့ကပြောတယ်။ ရည် မှန်းချက်တွေပဲ ပြောပြီး ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ။ အဲဒါကိုတော့ လုံးဝလက်မခံဘူး။ တချို့က ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြောင်းလဲလို့ မရသေးဘူးပြောတယ်။ ပြောင်းလဲမယ်လို့ ပြောတာမဟုတ်ဘူး။ ပြောင်းလဲရေး ကို လုပ်မယ်လို့ပြောတာ။ ပြောင်းလဲမယ်လို့ ဘာလို့မပြော သလဲဆိုတော့ မလုပ်နိုင်တာကို ပြည်သူကို မဲဆွယ်တာ မျိုး မလုပ်ချင်ဘူး''ဟု ပြောသည်။

Credit -  Yangon Media Group

 
 

No comments:

Post a Comment