တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ချမှတ်ထားသော မူခြောက်ချက်ကို အသေဆုပ်ကိုင်ထားခြင်းမျိုး မရှိကြောင်း ဟု ကရင်အမျိုးသားအစည်းအရုံးအား ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
‘‘တပ်မတော်ရဲ့ မူ ခြောက်ချက်ကို အသေဆုပ်ကိုင်ထားတာ မဟုတ်ဘူး။ မူအရသဘောပဲ။ ဒါပေမဲ့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ဖို့တော့ တပ်မ တော်မှာ တာဝန်ရှိတယ်လို့ ပြောတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သူ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ သို့သော်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ်တွင်
သတင်းထုတ်ပြန်ရာတွင် မူခြောက်ချက်နှင့် ပတ်သက်၍ တိတိကျကျလိုက်နာရန်ဆိုခြင်းထက် အလေးထားဆောင်ရွက်စေလိုကြောင်း နှစ်ဘက်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
‘‘အသေ မကိုင်ထားဘူးဆို ရင် ကောင်းပါတယ်။ ဒါပေမဲ့ လို အပ်ရင် လိုအပ်သလို ထုတ်သုံး တတ်တော့ ဘယ်လို ယုံရမလဲ တော့ မသိဘူးဗျာ’’ဟု ရှမ်းတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့(RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက မှတ်ချက်ပြုပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ရလဒ်များသည် ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ဆက်လက်လုပ်ဆောင် ရန် အလားအလာကောင်းများရရှိ ခဲ့ကြောင်း ကရင်အမျိုးသားအ စည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြော ကြားသည်။
မကြာမီ ရက်ပိုင်းက မြန်မာ့တပ်မတော်က KIA ဌာနချုပ်အနီး ရှိ ဗိုလ်သင်တန်းကျောင်းကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ငြိမ်းချမ်းဆွေးနွေးပွဲများ ရှေ့ဆက်မတိုးတော့သည့် အနေ အထားဖြစ်သွားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် KNU အမျိုးသားအစည်းအရုံးတာဝန်ရှိသူများ ဆွေးနွေးပြီး နောက်တစ်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) အနေဖြင့် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၏ ငြိမ်းချမ်းရေးမူ ခြောက် ချက်မှာ (၁) ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ (၂) သ ဘောတူစာချုပ်များ၌ ကတိတည် ရန်၊ (၃) ငြိမ်းချမ်းရေးသဘောတူ ညီချက်များကို အမြတ်မထုတ်ရန်၊ (၄) ဒေသခံများအပေါ်တွင် ၀န်ထုပ် ၀န်ပိုးမဖြစ်စေရန်၊ (၅) နိုင်ငံတော် က ထုတ်ပြန်သည့် တည်ဆဲဥပဒေ များကို တိတိကျကျ လိုက်နာရန် နှင့် (၆) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ဖွဲ့ စည်းပုံအရ လိုက်ပါဆောင်ရွက် ရန် စသည်တို့ ဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment