ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ချောင်းဦးမြို
"တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊
စာရေးဆရာထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ် ဆိုရင်သပိတ်လှန်ပေးနိုင်ကြေ
အရှင်ဓမ္မပီယနဲ့ မေးမြန်းချက်
ဦးခင်မောင်စိုး။ ။ အရှင်ဘုရား...အရှင်ဘုရားတို
အရှင်ဓမ္မပီယ။ ။ ဟုတ်ပါတယ်...ဟုတ်ပါတယ်
ဦးခင်မောင်စိုး။ ။ ဘာကြောင့်များ အဲ့ဒီလို သပိတ်မှောက်ကံဆောင်ရတာပါလဲ ဘုရား
အရှင်ဓမ္မပီယ။ ။ ဘာကြောင့်လဲဆိုတော့ သူက သံဃာစော်ကားထားလို့ပေါ့ဗျာ
ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား အဲ့ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောခဲ့တဲ့ စကားတွေကို ရည်ညွှန်းတာပါလား ဘုရား
အရှင်ဓမ္မပီယ။ ။ ဟုတ်တယ်...ဟုတ်တယ်ဗျ.. အားလုံးကိုတော့ မဟုတ်ဘူးပေါ့ဗျာ၊ သံဃာတွေကို စော်ကားပြောထားတဲ့ စကားကိုပဲ ရည်ညွှန်းတာပေါ့ဗျာ
ဦးခင်မောင်စိုး။ ။ အရှင်ဘုရားတို့ မနေ့က ဘယ်လိုသပိတ်မှောက် ကံဆောင်ခဲ့လဲ ဆိုတာ တပည့်တော်ကို နဲနဲလောက်မိန့်ကြားပါလား ဘုရား
အရှင်ဓမ္မပီယ။ ။ ကျင်းပတာက မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာသိမ်တော်ကြီးမှာ ကျနော်တို့ ကျင်းပတာဖြစ်တယ်ဗျ၊ ပထမဦးဆုံး ချောင်းဦးမြို့ရဲ့ မဟာဓမ္မာရုံ စာသင်တိုက်က ဆရာတော်ကြီးကနေပြီးတော့ ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်းရဲ့ အကြောင်းအရာလေးတွေပေါ့နော်၊
ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အဲ့သံဃာတော်တွေက ဘယ်လောက်တက်ရောက်ပါလဲ ဘုရား
အရှင်ဓမ္မပီယ။ ။ တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ အဲ့မှာတော့ ဦးဇင်းတို့ က ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ဦးဇင်းကတော့ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊
ဦးခင်မောင်စိုး။ ။ ဘယ်လို အခြေအနေမျိုးမှာမှ ပြန်ပြီးတော့ သပိတ်လှန်မှာလဲ ခင်ဗျ၊
အရှင်ဓမ္မပီယ။ ။ သူကနေပြီး ဦးဇင်းတို့ဆီ လာဝန်ချတောင်းပန်တဲ့ အချိန်ပေါ့နော်၊ အဲ့ဒါဆိုရင် ဦးဇင်းတို့က ပြန်ပြီးသပိတ်လှန်ပေးလို့ ရတယ်ပေါ့ဗျာ၊
ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အရှင်ဘုရား အခု စာရေးဆရာထင်လင်းဦး ပြောတဲ့ ကိစ္စတွေပေါ့လေ ဘယ်လိုအကြောင်းအရာတွေကြောင်
အရှင်ဓမ္မပီယ။ ။ ဦးဇင်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ သူပြောတဲ့ စကားတွေဟာ ဘုရားသင်္ဃန်းဝတ်လာတဲ့ လူတွေကပြောတာတို့၊ မြန်မာပြည်မှာ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းရှိတယ်တို့၊ ဟုတ်တယ်မှတ်လား၊ နင်နဲ့ ငါနဲ့ ထမိန်ရှိတာနဲ့ မရှိတာနဲ့ ကွာတယ် ဟဲ့ကောင်ရဲ့တို့၊ ပြောတဲ့ဟာတွေဟာ သံဃာ ထုတစ်ရပ်လုံးကို ရည်ညွှန်းပြီးပြောလိုက်တဲ့ စကားတွေဗျ၊ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းကျော်ဆိုတာ မြန်မာပြည်မှာ သံဃာတော် ၅ သိန်းကျော် ရှိတယ်ဗျာ၊ ဒါသံဃာထု တစ်ရပ်လုံးကို ရည်ရွယ်ပြီး ပြောလိုက်တဲ့ စကားပဲလေ၊ နောက်ဒီဗုဒ္ဒဘာသာကို အဲ့ဒီသင်္ဃန်းဝတ်တွေ ဖျက်ဆီးနေတယ် လို့ ပြောတဲ့ဟာ ကလဲ အထိရောက်ဆုံးပဲ ဒကာကြီး၊
ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား
အရှင်ဓမ္မပီယ။ ။ သူပြောသွားတဲ့ စကားလုံးတွေက သာသနာတော်ကြီးတစ်ရပ် လုံးကို ထိခိုက်တဲ့ စကားလုံးတွေပဲဗျ၊ ထင်လင်းဦးကို ဟောပြောပွဲပြီးစ မှာပေါ့နော်၊ ရွာခံဆရာတော်တစ်ပါး ဦးကောဝိ ဆိုတာရှိတယ်၊ အဲ့ဒီ ဦးကောဝိကနေပြီးတော့ သူ့ကို ဆွေးနွေးချင်လို့ ခေါ်တဲ့အခါကျတော့ သူက ဦးကောဝိဆိုတာ သူနဲ့သိတာမရှိဘူး၊ အဲ့တော့ ဆွေးနွေးစရာလဲမလိုဘူးလို့ သူကပြောတယ်ဗျ၊ ဆွေးနွေးခဲ့ရင်လဲ သူ့အတွက်ဒီလောက်ကြီး ဖြစ်ချင်မှဖြစ်လာမှာပေါ့နော
ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား
Credit - RFA Burmese

No comments:
Post a Comment