ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။
စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတိုက်တ
မစ္စတာဘန်ကီမွန်း၏ စကားအပေါ် တုံ့ပြန်သင့်သည်ဟု ယူဆသည့်အတွက် အစည်းအဝေး ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်တိုင်းရင်းသားများ၏ သဘောထားများကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“ကြေညာချက် ထုတ်မလား၊ ဆန္ဒပြမလားဆိုတာ အစည်းအဝေးပြီးမှ သိရမှာ။ ဆန္ဒပြချင်သူလည်း ရှိတယ်” ဟု ဦးသာပွင့်က ဆိုသည်။
ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ လည်းကောင်း၊ နိုင်ငံတကာတွင် ရိုဟင်ဂျာဟုသာ ခေါ်ဝေါ်နေ၍ လည်းကောင်း ဘင်္ဂါလီကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည် ဖြစ်ကြောင်းကို မစ္စတာဘန်ကီမွန်းက ပြောဆိုခဲ့သည်။
ယင်းသို့ ပြောဆိုခဲ့သည့်အတွက် ကန့်ကွက်စာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မစ္စတာ ဘန်ကီမွန်းထံ နိုဝင်ဘာလ ၁၃ ရက်က ပေးပို့ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အရေးကြီးအဆို တင်သွင်း၍ ကန့်ကွက်ခြင်းနှင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
Credit - The Voice Weekly

No comments:
Post a Comment