ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လျူဒါန်းသော (HCTA ) Hospitallity And Catering Training Academy ကျောင်းဖွင့်ပွဲပြောကြားသော ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း
****************************************************
““အခုကျွန်မတို့ ဒီကျောင်းဖွင့်ပွဲနှင့် ပတ်သက်လို့ အဓိကအားဖြင့် ကျွန်မတို့ ကျောင်းသားတွေအကြောင်း ကျွန်မပြောချင်ပါတယ်။ အခုကျွန်မတို့နိုင်ငံမှာဆိုရင် ပညာရေးစနစ်ဟာ နှစ်ပေါင်းများစွာအဆင်မပြေခဲ့ဘူးဆိုတာလည်းအများသိပြီးသားပဲ။ ဒီတော့ ပညာရေးစနစ်တစ်ခုအဆင်ပြေဖို့ဆိုတာဟာအဆင့်အတန်းလည်းမှီရမယ်။ အခြေအနေအချိန်ကာလရဲ့ လိုအပ်ချက်နဲ့ လည်းကိုက်ညီရမယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံမှာဆိုရင် သိပ်အရေးကြီးတဲ့ ကိစ္စ တစ်ခုဟာအလုပ်အကိုင်ဖန်တီးရေးပါ ပဲ။ ကျွန်မတို့ဒီလိုကျောင်းမျိုး၊ ကျွန်မတို့ ဒီလိုအစီအစဉ်မျိုးလုပ်ခြင်းဟာကလေးတွေကိုပညာပေးရုံတင်မက
ကလေးတွေ ဟာအလုပ်ရနိုင်ဖို့အင်မတန်အေ
ရးကြီးပါတယ်။
ပညာတတ်ပြီးတော့ ဘွဲ့တွေ ရပြီးတော့ အလုပ်မရနိုင်ဘူးဆိုရင် ဒါ
ကျွန်မတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိုက် သင့်ထိုက်တန်တဲ့အကျိုးရမှာမ
ဟုတ်ဘူးလို့
ကျွန်မတို့ ဒီလိုပဲယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့
အခုကျောင်းသားတွေဆိုရင် လက်တွေ့ကျကျ အလုပ်ရ နိုင်မယ့်၊
ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင
်း
အတွက်လုပ်ပေးနိုင်မယ့် ပညာတွေကိုသင်ပေးဖို့ ကျွန်မတို့ ဆုံးဖြတ်ထားခြင်း
ဖြစ်ပါတယ်။ ဒီကိစ်္စ ဖြစ်မြောက်ဖို့ဆိုရင် မိတ်ဆွေတွေအများကြီး၊ ကျွန်မတို့
စေတနာရှင်တွေအများကြီးဘေးက ၀ိုင်းပြီးတော့ ကူညီပေးကြပါတယ်။ ဒီထဲမှာ
ဖြစ်မြောက်အောင်လုပ်ပေးတဲ့ ပုဂိ္ဂုလ်တွေထဲမှာတော့ ကျွန်မကတော့
ဘယ်လိုပဲပြောပြော၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေထိပ်တန်းကေ
တာ့ ကျွန်မဒေါ်ဥမ္မာမြင့်ကို ကျွန်မနာမည်နဲ့ ပြောရမှာပဲ။ ဥမ္မာသိပ်ကိုလုပ် ခဲ့ပါတယ်။ နောက် ဥမ္မာနဲ့အတူတူတွဲပြီးတော့လုပ
်ခဲ့တာကကိုဇွဲနန်္ဒပေါ့နော်။
နာမည်ကိုလည်းတော်တော်မှတ်မှ
တ် ထားရတယ်။ ကြာရင် အိမ်နာမည်ပဲမှတ်မိနေလို့။ ဒါပေမဲ့ ကိုဇွဲနန်္ဒနဲ့ဥမ္မာဟာအဓိကအား
ဖြင့် ဒီကျွန်မတို့ရဲ့ ရည်ရွယ် ချက်တွေအောင်မြင်ရေးအတွက်ကိ
ုသူတို့ကူညီသွားတာပါ။ ကျွန်မတို့ ကျောင်းသားတွေကိုမေတ်္တာရပ်ခ
ံချင် တာကတော့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဒါ စမ်းသပ်တဲ့စီမံကိန်းတစ်ခုလု
ိ့လည်းပြောလို့ရပါတယ်။ ကျွန်မတို့လုပ်တဲ့ကိစ္စတွေဟာ
အောင် မြင်တယ်ဆိုရင် ဒီလိုမျိုးကျောင်းတွေကိုတစ်
နိုင်ငံလုံးမှာ ကျွန်မတို့ဆက်ပြီးတော့ ဖြန့်ပြီးတော့ ဖွင့်နိုင်မယ်လို့ကျွန်မမှေ
ျာ် လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ကျောင်းသားတွေကို
ကိုယ် ကနေပြီးတော့ ကိုယ့်အတွက်ပဲလုပ်နေတာမဟုတ်
ဘူး၊ နောင်လာမယ့် ကျောင်းသားတွေ၊ နောင်လာမယ့်ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက်ပါ လုပ်နေတယ်ဆိုတဲ့စိတ်ဓာတ်နဲ့
အောင်မြင် အောင်လို့ကြိုးစားစေချင်ပါတ
ယ်။ ဒီလို ကြိုးစားလို့အောင်မြင်တယ်ဆိ
ုရင် ကိုယ့် အသက်မွေးဝမ်းကျောင်းအတွက်သာ
ကိုယ်ကနေပြီးတော့လိုအပ်တဲ့ပ
ညာတွေ ရသွားမှာတင်မဟုတ်ဘူး၊ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးကိုရှုမြင်တဲ့ပုံကိုတေ
ာင်မှ ပြောင်းလဲပေးသွားနိုင်တယ်လိ
ု့ကျွန်မယုံကြည်ပါတယ်။ ပညာရေးဆိုတာဟာဘွဲ့တစ်ခုရပြီ
းတော့ ဘွဲ့ရပါတယ်လို့ ပြောယုံနဲ့မပြီးပါဘူး။ တစ်ကယ်ဆိုတာပညာဆိုတာဘာအတွက်
လည်း၊
ပညာဆိုတာ ဘ၀ရဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင် နိုင်ဖို့အတွက်ပဲ၊
ကျော်လွှားနိုင်ဖို့ အတွက်ပဲ၊ အဲဒီတော့ ဘ၀ရဲ့ စိန်ခေါ်မှုတွေ
ကိုရင်ဆိုင်ကျော်လွှားနိုင်ဖ
ို့အတွက် ဆိုတာပထမဦးဆုံးအားဖြင့် ဒီလောက ကြီးမှာကိုယ့်ဘာသာကိုယ်ရပ်တ
ည်နိုင် တဲ့အရည်အချင်းတွေရှိဖို့လို
ပါတယ်။ တစ်သက်လုံးမိဘတွေကိုအားကိုး
သွားဖို့မဖြစ်နိုင်ပါဘူး။ တစ်ခြားသူတွေကိုအားကိုးသွား
လို့မရဘူး။ အထူးသဖြင့် ကျွန်မတို့ခေတ်မှာဆိုရင် ကိုယ့်ကိုယ် ကိုယ်အားကိုးဖို့အများကြီးလ
ိုပါတယ်။ ကျွန်မတို့ခေတ်မှာဆိုရင် မိသားစုတစ်စုမှာဆိုရင် တစ်ယောက်ထဲအလုပ်လုပ်လို့ ဖြစ်တော့တဲ့ခေတ်မဟုတ်တော့ဘူ
း။ အရင်တုန်းကဆိုရင် အမျိုးသားဖြစ်သူကပဲအလုပ်လုပ
်သွားတယ်။
ကျန်တဲ့ အမျိုးသမီးနဲ့ သားဖြစ်သူတွေကိုလုပ် ကျွေးနိုင်တဲ့
အရည်အချင်းတွေရှိခဲ့ပေမယ့် အခုခေတ်ကဒီလိုမဟုတ်တော့ပါ ဘူး။
အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ် ဖြစ်အားလုံးဟာ
ဝိုင်းပြီးတော့ရုန်းကြရပါတယ
်။
အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ် ဖြစ် ၀ိုင်းပြီးတော့ ရုန်းကြရပါတယ်။
ဝိုင်း ပြီးတော့ ရုန်းနိုင်ဖို့အတွက် အရည်အချင်းတွေလည်းလိုအပ်ပါတ
ယ်။ ဒါကြောင့် ကျွန်မတို့ဟာဒီလိုအရည်အချင်
းတွေ ရှိရင် ကျွန်မတို့ရဲ့လူငယ်တွေကိုဒီ
လိုအရည်အချင်းတွေပြည့်စုံအေ
ာင်လို့ လုပ် ပေးရင် ကျွန်မတို့နိုင်ငံဟာမှန်ကန်
တဲ့ တိုးတက်ရေးလမ်းကြောင်းပေါ်မှ
ာရောက်
သွားမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့လူငယ်တွေကို
ကြိုးစားစေချင်တယ်။ ကိုယ့်ရဲ့ အသက်မွေး ၀မ်းကျောင်းပညာ ရရှိရေးဟာကိုယ့်
အတွက်တင်အရေးကြီးတာမဟုတ်ဘူး
၊ ကိုယ့်နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာကိုလည်းစိတ
်ထဲမှာထားချင်တယ်။ နောက်တော့ ရေရှည်မှာတော့ ကိုယ့်နိုင်ငံအတွက်တောင်မှမ
ဟုတ်ပါဘူး။ တစ်က်္ဘာ လုံးအတွက်အရေးကြီးပါတယ်။ ကျွန်မတို့ က်္ဘာကြီးဟာအေးအေးချမ်းချမ်း
နဲ့ နေနိုင်ဖို့ဆိုရင် အားလုံးကလုံခြုံဖို့လိုပါ တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးမှာလုံခြုံမှု
ရှိဖို့
လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအမြဲပြောတယ်။ ကျွန်မတို့နိုင်ငံအတွက်
အလိုအပ်ဆုံးကိစ်္စ က ဘာလဲဆိုရင် အလုပ်အကိုင်ဖန်တီးရေးပဲ။ လူတိုင်း၊
လူတိုင်းဟာလူကြီးဖြစ် လာပြီဆိုရင် ကိုယ့်ဖာသာကိုယ် အလုပ် တစ်ခုနဲ့
ကိုယ့်အတွက် ကိုယ်လုပ်နိုင်တဲ့ အနေအထားကိုရောက်ချင်ကြတာချည
်းပဲ။ တခြားလူကိုအားကိုးနေရမယ့်အေ
နအထားကို နှစ်သက်ကြတာမဟုတ်ပါ ဘူး။ ဒါကြောင့် ကျွန်မတို့ အလုပ်အကိုင် ဖန်တီးရေးကိုဦးတည်ပြီးတော့
အသက် မွေးဝမ်းကျောင်းပညာကို အားပေးတာ ဖြစ်ပါတယ်။ ကျွန်မဟာပညာသက်သက် ချည်းကိုအထင်မကြီးလို့မဟုတ်
ပါဘူး။ ကျွန်မပညာကိုလေးစားပါတယ်၊ အထင် ကြီးပါတယ်၊ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်းပညာဆိုတ
ာ လည်းပညာပဲဆိုတာ ကျွန်မတို့ပြည်သူလူထုတွေရော
၊ တခြားပေါ့နော် နိုင်ငံတကာကရောအသိအမှတ်ပြုဖ
ို့လိုပါ တယ်။ ဒီက်္ဘာမှာဆိုရင် အသက်မွေးဝမ်း ကျောင်းပညာကိုတက်္ကသိုလ်ပညာန
ဲ့တန်းတူတန်ဖိုးထားတဲ့နိုင်
ငံများဟာအင်မတန်မှ နည်းပါတယ်။ ဥပမာဆိုရင် ဆွဇ် ဇာလန်၊ ဂျာမနီ၊ စကင်ဒီနေးဗီးယန်းနိုင်ငံတွေ
ပေါ့နော်။
အဲဒီနိုင်ငံတွေမှာဆိုရင် တော့ အသက်မွေးဝမ်းကျောင်းပညာကို တက်္ကသိုလ်ပညာနဲ့
တန်းတူတန်ဖိုးထားတယ်။ ဘာဖြစ်လို့လဲ။ သူတို့ရဲ့အတွေ့အ ကြုံအရ
အသက်မွေးဝမ်းကျောင်းပညာ ရရှိထားတဲ့ လူငယ်များဟာတက်္ကသိုလ်
ပညာရရှိထားတဲ့လူငယ်များနည်း
တူလူ့ အသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို မျက်ဝါးထင်ထင် လက်တွေ့ကျကျ မြင်ခဲ့ပြီးလို့ဖြစ်ပါတယ်။
အဲဒီတော့ ဒီဟာဟာ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ ပြဖို့လိုတယ်။ ကျွန်မတို့ရဲ့ ဒေသမှာ ပြဖို့လိုတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာဆိ
ုရင် တက်္ကသိုလ်ပညာကိုအင် မတန်မှ တန်ဖိုးထားကြတယ်။ ဘွဲ့ရတဲ့ သားသမီးလိုချင်ကြတယ်။ အဲဒီတော့ ကလေးတွေကိုယ်တိုင်ကလည်းကိုယ
် ဘွဲ့ရဆိုတဲ့ဂုဏ်လေးကိုလိုချ
င်ကြတယ်။ ဘွဲ့ရဆိုတာဘွဲ့ရအမျိုးမျိုး
ရှိတယ်ဆိုတာကို ကျွန်မတို့ အခုခေတ်မှာသဘောပေါက် ဖို့လိုပါတယ်။ ဘွဲ့ရဆိုတာဟာတက်္ကသိုလ် ဘွဲ့တစ်ခုကသာဘွဲ့မဟုတ်ပါဘူး
။
အသက် မွေးဝမ်းကျောင်းပညာနဲ့ ဘွဲ့ရထားတာလည်းဘွဲ့ပဲ။ ဘွဲ့တင်မဟုတ်ဘူး၊
ကိုယ့် ကိုယ်ကိုယ် တာဝန်ယူနိုင်တဲ့အရည်အ ချင်းတွေကိုရထားခြင်းဖြစ်ပါ
တယ်။ အဲဒီဟာကဘယ်ဘွဲ့နဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ လူတစ်ယောက်ဟာကိုယ့်ကိုယ်ကို
ယ်
တာဝန်ယူနိုင်တဲ့ အနေအထားရောက် သွားပြီဆိုရင် ဒါဟာအရေးအကြီးဆုံးပါပဲ။
ကိုယ့်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်တာ ၀န်ယူနိုင်ရမယ်။ အဲဒီဟာအတွက်ကျွန်မတို့
ဦးတည်ပြီးတော့ အသက်မွေးဝမ်း ကျောင်းပညာကိုအားပေးတာဖြစ်ပ
ါ တယ်။ ဒီ အသက်မွေးဝမ်းကျောင်းပညာ ရဲ့ တန်ဖိုးကို ကျွန်မတို့နိုင်ငံလည်းသိအော
င်လို့၊
ကျွန်မတို့ ဒေသကလည်းလက်ခံလာအောင်လို့ လုပ်ပေးဖို့ဟာဟာ ကျွန်မတို့
ဆရာတွေထက်ပိုပြီးတော့ ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူတွေ ရဲ့
တာဝန်ဖြစ်ပါတယ်။ ဆရာတွေကတော့ ပို့ချပေးမယ်၊ သင်ပေးမယ်။ ဆရာတွေ က
အင်မတန်အရေးကြီးပါတယ်။ မှန်ကန် တဲ့သင်ကြားမှုရမှသာလျှင် ကျွန်မတို့ရဲ့
ကျောင်းသူကျောင်းသားများဟာရ
သင့် ရထိုက်တဲ့အဆင့်အတန်းကိုရမှာ
ပါ။ ဒါ ပေမဲ့ နောက်ဆုံးကျတော့ အရေးအကြီးဆုံးကကျောင်းသားတေ
ွပဲ။ ဆရာတွေ က ဘယ်လောက်ပဲကြိုးစားကြိုးစား
ကျောင်းသူကျောင်းသားတွေကိုယ
်တိုင် က ကြိုးစားမှ၊ ကျောင်းသူကျောင်းသားတွေကိုယ
်တိုင်ကအောင်မြင်အောင်လုပ် နိုင်မှ ကျွန်မတို့ရဲ့ စမ်းသပ်ရေးစီမံကိန်း ကြီးဟာအောင်မြင်မှာဖြစ်ပါတယ
်။ ကျွန်မတို့နိုင်ငံကိုအကျိုး
ပြုနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်မအနေနဲ့ ဆရာတွေကိုကျေးဇူးတင်တယ်လို့
ပြောနေတဲ့တစ်ချိန် တည်းမှာကျောင်းသားတွေကိုလည်
းဒီလိုစမ်းသပ်စီမံကိန်းထဲကိ
ုသတ်္တိရှိရှိနဲ့
ယုံယုံကြည်ကြည်နဲ့ ၀င်လာတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကျွန်မပြောချင်ပါ တယ်။
ဒါပေမဲ့ ကျေးဇူးတင်တယ်ပြောလို့ ယောက်မတော့ မြင်းစီးမထွက်ပါနဲ့။
ကျောင်းသူကျောင်းသားများဟာေ
ကျးဇူးတင်ခံသင့်တဲ့ပုဂ်္ဂိုလ
်တွေဖြစ်အောင် လို့ ကြိုးစားကြပါ။ ကျွန်မတို့ ဒီကနေပြီးတော့ အောင်သွားတဲ့အခါကျရင် တစ် ချိန်တစ်ခါမှာငါတို့ကပထမဦး
ဆုံးဒီကျောင်းကနေပြီးတော့
ထွက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေပဲ။ ပထမဦးဆုံးအောင်မြင်ခဲ့တဲ့
ပုဂ်္ဂိုလ်တွေပဲ။ ငါတို့ဟာလမ်းသစ်ကြီးကိုလမ်း
ခင်ပေးခဲ့တဲ့သူတွေပဲဆိုတာနေ
ာင်လာနောင်သားတွေ ကိုပြောနိုင်တဲ့အခြေအနေဖြစ်
အောင် ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ ဆော်သြ ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Credit - NLD Chairperson
No comments:
Post a Comment