ဒီအတိုင်းပဲ ဆက်သွားရင်တော့ ဆန်စပါးကဏ္ဍက လုံးချာလိုက်နေဦးမှာပဲ
==========================
လယ်သမားများကို နည်းပညာနှင့်သွင်းအားစုများ
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အကြံပေး ဒေါက်တာမြင့်သိန်းက''ရုပ်သံ
လုပ်ဖို့ဆိုတာက တကယ့် လုပ်ကွက်ငယ် လယ်သမားတွေ က အရင်းအနှီးမရှိဘူး။ မျိုးစေ့တွေ အစိုးရကပေးတယ်၊ မလောက်ဘူး။ ဘယ်တော့မှလဲ လောက်မှာမဟုတ် ဘူး။ အစိုးရကလဲ တစ်သက်လုံး လုပ်ပေးနိုင်မှာမဟုတ် တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လယ်သမား နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ဖို့ လိုအပ် တယ်''ဟု ပြောသည်။
လုပ်သားအင်အား အခက်အခဲရှိသည့်အ တွက် စက်မှုလယ်ယာစနစ်ဖြစ်ရန် လိုအပ်သောကြောင့် လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ခြင်းဖြစ် သည်။ ထွက်နှုန်းတိုးသည့်မျိုးများ
နိုင်ငံတော်အစိုးရတွင်ရှိသည
''အစိုးရမှာ သုတေသနလုပ်တာရှိတယ်။မျိုး ပွားတာတွေရှိတယ်။ ဒါတွေကို ဌာနက စာရွက်ပေါ်မှာ တင် ရှိနေဖို့မဟုတ်ဘူး။ တစ်နေရာတည်း ကွက်ပြနေ လို့မရဘူး။ တိုင်းနဲ့ပြည်နယ်အားလုံးကို
စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များတွင် လုပ်သား အင်အားရှားပါးသည့်အတွက် နိုင်ငံတော်မှ ထောက်ပံ့ မှုများ၊ နိုင်ငံတကာမှ ထောက်ပံ့မှုများဖြင့် စက်ပစ္စည်း များဝယ်ယူပြီး တောင်သူလယ်သမားများကို ငှားရမ်း သည့်စနစ် ကျင့်သုံးသင့်သည်ဟုဆိုသည်။
လက်ရှိ ဆန်စက်အများစုတွင် လေးပုံတစ် ပုံခန့် အကျိုးများဖြစ်နေသည့်အတွက် ရောင်းချရာတွင် လည်း ဈေးနှိမ်ခံရခြင်းများ ရှိနေသည်။
''အရောင်းအဝယ်ဒိုင်တွေမှာ ဈေးနှိမ်တာ တွေရှိတယ်။ အေအဆင့်ကို ဘီအဆင့်လုပ်ပြီး နှိမ် ဝယ်တာမျိုးပေါ့။ ဒါတွေ မရှိသင့်ဘူး။ တောင် သူ လယ်သမားတွေ ဘက်ကလည်း ဘီအဆင့် ရှိတဲ့ဆန်ကို အေလုပ်ပြီးမရောင်းသင့်ဘူး။ ရိုးသားဖို့လိုတယ်'' ဟု ဒေါက်တာမြင့် သိန်းက ပြောသည်။
ယင်းက''ပုဂ္ဂလိကလုပ်ငန်းရှင်
#TheFlowerNews
Credit - Yangon Media Group

No comments:
Post a Comment