Sunday, October 26, 2014

ကိုပါကြီး သေဆုံးမှု နိုင်ငံရေးအင်အားစုများ ယနေ့ လူထုသဘောထား ထုတ်ပြန်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

တပ်မတော်က တစ်လကြာ ဖမ်းဆီးခဲ့ပြီး သေဆုံးပြီဟု သတင်းထုတ်ပြန်ခဲ့သော အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ကာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အပါအဝင် နိုင်ငံရေး အင်အားစုများ၏ လူထုသဘောထား ထုတ်ပြန်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော် မြို့တော်ခန်းမ အနီးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

ယခင်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် လူထုသဘောထား ထုတ်ပြန်ပွဲကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဥပဒေ ရူထောင့်အရ လူထုသိလိုသော မေးခွန်းများ၊ တပ်မတော်ဘက်မှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အိတ်ဖွင့်ပေးစာအဖြစ် ထုတ်ပြန်မည့် အစီအစဉ်ကို လူမှုနိုင်ငံရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မည့် လူထုအင်အား ပြပွဲအဖြစ် ကျင်းပရန် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် Generation Wave မှ ဦးမိုဃ်းသွေးတို့ ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
အဆိုပါ လူထုသဘောထား ထုတ်ပြန်ပွဲတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ Generation Wave၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အ.က.သ. (၈၈ မျိုးဆက်)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၊ ၁၄၁ Plus နိုင်ငံရေးအင်အားစု၊ နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10 D)၊ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း၊ အဖြူရောင်တွဲလက်များအဖွဲ့၊ Triangle Women၊ ၇၄/၇၅/၇၆ အင်အားစုများ၊ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့၊ Yangon School of Political Science၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ၊ Myanmar Institute for Democracy၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ ကွန်ယက်တို့ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ ထပ်မံသိရှိရသည်။
ယင်းအပြင် Generation Youths၊ အမျိုးသမီးငြိမ်းချမ်းရေး ရှေ့ဆောင်ကွန်ရက်၊ ကရင်အမျိုးသမီးအဖွဲ့၊ ဒီမိုကရေစီအင်အားစု၊ New Myanmar Foundation၊ ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်၊ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်တို့လည်း ပူးပေါင်း ပါဝင်ကြပါမည်။
ခန့်မှန်းအင်အား ၅၀၀ ခန့် ပါဝင်မည့် အဆိုပါ လူထုသဘောထား ထုတ်ပြန်ပွဲတွင် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သော ကိုပါကြီး(ခ)ဦးအောင်ကျော်နိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ် အင်အားစုများ၏ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်မည်ဖြစ်ကာ အောက်တိုဘာလ ၂၆ ရက် ညနေ ၄း၀၀ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် “နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထား ထုတ်ဖော်သည့် လှုပ်ရှားမှု” ကို ပြုလုပ်မည် ဖြစ်သည်။

Credit - The Voice Weekly

No comments:

Post a Comment