ဆောင်းပါးရှင် - ၀င်းဇော်လတ်
-------
ဒေါ်အောင်ဆန်းစုကြည်က သူနှင့်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
လွှတ် တော်ဥက္ကဌတို့ မျက်နှာစုံညီတွေ့ကာ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို
အဖြေရှာရန် ဆိုင်ရာတို့အား တောင်းဆိုမှုမှာ ကာလအတန် ကြာအေးစက်နေ ခဲ့သည်။
အေးစက်သည် ဆိုမည်ထက် သမ္မတတို့ဘက်က နိုင်ငံရေး ပါတီ တစ်ခုတည်း သီးသန့်ကို
မတွေ့ဆုံနိုင်ဟု အကြောင်းပြန်လိုက်ရာမှ ထိုတောင်းဆိုသံ သည်
ဖွဲ့စည်းပုံပြင်ဆင်ရေး နိုင်ငံရေးလေထု ထဲတွင် ပျောက်
ကွယ်လုနီးပါးဖြစ်နေခဲ့သည်။
လွတ်တော်မှာဖွဲ့စည်းထားသည့်
အခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီက ၂၀၀၈ ဖွဲ့ စည်းပုံပါ သမ္မတဖြစ်ခွင့်များကို
ကန့်သတ်ထား သည့် ပုဒ်မ ၅၉(စ) အား မပြင်ဆင်နိုင်ဟု အ ကြောင်းပြန်လိုက်သလို
တစ်ဖက်မှာ လွန်ခဲ့ သည့် ငါးလဝန်းကျင်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့တို့ ပူးပေါင်းပြီး အခြေခံဥပဒေ ပြင်
ဆင်ရေးအတွက် အဓိက ပုဒ်မဖြစ်သော ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများမှာလည်း
အရှိန်အဟုန် ကောင်း သလောက် လက်တွေ့သိသာ သည့် အကျိုးရလဒ် မတွေ့ရသေးချိန်မှာ
အတိုက် အခံတို့ဘက်က လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတောင်းဆိုသံဘက်သို့ ပြန် လည် ဦးတည်လာခြင်းဖြစ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ
အကြပ်အတည်းထဲသို့ ရောက်နေပြီကို မည် သူမျှ မငြင်းနိုင်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမ
ပိုင်းတွင် အထက်ဖော်ပြပါပုဒ်မ ၅၉(စ)ပြင် ရေးကို စတင်ဆော်ဩသည်။ အဆိုပါပုဒ်မ က
သမ္မတဖြစ်ခွင့်အရည်အချင်းများကို
ကန့် သတ်ပေးထားခြင်းဖြစ်ပြီး သိသာသည့်အ ချက်မှာ နိုင်ငံခြားသားနှင့်
အိမ်ထောင်ပြု ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သူ ဒေါ်အောင်ဆန်းစု ကြည်အား
အနာဂတ် တိုင်းပြည်၏ သမ္မတ ဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားခြင်းဖြစ်သည်။ ဒီ အချက်က ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီနည်းမကျခြင်းကို မီးထိုးပြသည်။
လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုသာ အနာဂတ်တွင် သူတို့၏သမ္မတ အဖြစ်
မြင်လိုနေကြသည်။ သို့သော် ဖွဲ့စည်းပုံပါဥပဒေ အရ ကန့်သတ်ထားရာ ထို
အတားအဆီးကို ရှေးဦးစွာ ရိုက်ချိုးရမည်ဖြစ်သည်။ ထို့ကြောင့်
၅၉(စ)ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အင်နှင့်အားနှင့်
လုပ်လာခြင်းဖြစ်သည်။ လှုပ်ရှားမှုအရှိန်မြင့်လာစဉ်
ဆိုင်ရာတို့ ဘက်ကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက်
စည်းကြပ်ဆုံးဖြတ် မည့် ကော်မတီ တစ်ရပ်ကို လွှတ်တော်ကိုယ်စား လှယ်များနှင့်
ဖွဲ့စည်းပေး လိုက်သည်။ ၎င်း ကော်မတီမှာ ပါဝင်သူအများစုမှာ ပြည်ခိုင်ဖြိုး ပါတီ
မှ ရွေးကောက်ခံ ကိုယ်စားလှယ်အများစု ဖြစ်သည်။ ယခု ထိုကော်မတီ က ၅၉(စ) ပြင်
ပေးလို့မဖြစ်ဟု ကြေငြာထားပြီးဖြစ်သည်။
၅၉(စ)လှုပ်ရှားမှုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့က အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ တစ်ခုဖြစ်
သည့် ၄၃၆ ကို ပြင်ဆင်ရေး လူထု ဟောပြောပွဲများလုပ်ခဲ့သည်။ အဆိုပါ ပုဒ်မ က
ဖွဲ့စည်းပုံပြင်ဆင်ရန် အနည်းဆုံးရှိရမည် ထောက်ခံသူအရည်အတွက်ကို ကန့်သတ်
သည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်နှင့်အထက်က သဘောတူမှ
ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့်
စစ်ဗိုလ်ချုပ်ဟောင်းကြီးများ
၏ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် အများစု လွှမ်းမိုးထားသည့်
လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင် ရန်ထောက်ခံသူ ၇၅ ရာခိုင်နှုန်းနှင့်အ
ထက်ရဖို့ဆိုသည်မှာ မလွယ်ကူပါ။ အတိုက်အခံကိုယ်စားလှယ်အချို့နှင့်
ပြည်ခိုင်ဖြိုးပါတီ က အားလုံးထောက်ခံဦး၊ ၇၅ ရာခိုင်နှုန်းပြည့် မီဖို့
အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး က ထောက်ခံမှဖြစ်မည်။ ဒါက
လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။
ထိုအနေအထားတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က လူထုဆန္ဒဖြင့်ကိုင်လှုပ်ရန် ကြိုးစားလာခဲ့သည်။ သူတို့က ပုဒ်မ ၄၃၆ ပြင်
ဆင်ရေးအတွက် လူထု၏ဆန္ဒသဘောထားကို ကောက်ခံသည်။ တစ်တိုင်းပြည် လုံး
နေရာအနှံ့တွင် လက်မှတ် ရေးထိုး ဆန္ဒပြုမဏ္ဍပ်များဖွင့်ကာ လူထု လက်မှတ် ကို
ရယူသည်။ စာရင်းချုပ်လိုက်သည့်အ ခါ စုစုပေါင်းလက်မှတ် ၃ သန်းကျော်ရသည် ဟု
ခန့်မှန်းစာရင်းများက ဖော်ပြသည်။ ထို လက်မှတ်များကို လွှတ်တော်နှင့်
အစိုးရအဖွဲ့ ထံပို့သည်။ သို့သော် ပြည်သူ့အသံ လွှတ်တော် အသံဖြစ်ရမည်ဟူသော
လွတ်တော်ဘက်က တက်ကြွသည့် တုံပြန် အရေးယူမှု များ မတွေ့ ရ။
ယင်းအစား လွှတ်တော်မှာ ရွေးကောက်ပွဲ စနစ်ပြင်ဆင်ရေးအသံသာ ညံစီ လာခဲ့သည်။
စတင်အဆိုတင်သွင်းသူမှာ ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မီ အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်မှ ခွဲထွက်သွားသည့် အဖွဲ့ဝင်အချို့ တည် ထောင် သည့်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူစတင်ဖောက်ခွဲလိုက်သည့် ရွေးကောက်ပွဲ
ပြင်ဆင်ရေး အဆိုပြုသံသည် လွှ တ်တော်မှာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ဗိုလ်ချုပ်ကြီးဟောင်း များ၏ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ ကလည်း
ထောက်ခံမှုပြု ကြသလို လွှတ်တော် ကလည်း စိတ်ဝင်စားမှု ကိုပြသည်။
ထူးခြားချက်အဖြစ် တပ်မတော်သား ကိုယ်စားလှယ်အချို့ကမူ ကန့်ကွက် သည်။
ရွေးကောက်ပွဲစနစ်ပြင်ဆင်ရေးဆိုသည်မှာ လက်ရှိကျင့်သုံးနေသည့် နိုင်သူ အကုန်ယူ စနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲ အသုံးပြုရန်ဖြစ် သည်။ ထိုသို့ပြု လုပ်ပါက လာမည့်ရွေးကောက်ပွဲများတွင်
မည်သည့်နိုင်ငံရေး ပါတီမှ တောင်ပြိုကမ်းပြို အနိုင်ရသည်ဟူ၍
ရှိမည်မဟုတ်တော့ ။ ရွေး ကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီအ သီးသီးမှ
ကိုယ်စားလှယ်လောင်းမျာသည် မိမိတို့ မဲရသည့်အရေအတွက်အလိုက် လွှတ် တော်မှာ
အချိုးကျ နေရာရကြ မည်ဖြစ်သည်။ လိုလားသူများအဆိုအရ ထိုစနစ်သည် ပါတီ
ငယ်လေးများကို မျှတသည့်အခွင့်အရေးပေး ပြီး နောင်တစ်ချိန်
တစ်ပါတီကြီးစိုးသော နိုင်ငံ ရေး အနေအထားကို ဟန်ချက်ညှိပေးနိုင်မည်
ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ
ဝင် ဒီမိုကရေစီကိုယုံကြည်သော တိုင်းရင်းသား ပါတီများနှင့်
နိုင်ငံရေးအကဲခတ်များကမူ ထို သို့မရှုမြင်ပေ။ ဒါက လာမည့် ၂၀၁၅ ရွေး
ကောက်ပွဲသာ တကယ်တမ်း လွတ်လပ်တရား မျှတစွာ ကျင်းပပါက တိုင်းရင်းသားနယ်များမှ
အပ တစ်တိုင်းပြည်လုံးတွင် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်က
အနိုင်ရမည့်အခြေအနေကို အကဲခတ်မိထား၍ဖြစ်သည်။ ထိုသို့သာ ရ လဒ်ဖြစ်ပါက
လက်ရှိစနစ်အရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ က
လွှတ်တော်မှာ နေရာအများစုရမည်ဖြစ် ပြီး အစိုးရ ဖွဲ့နိုင်မည့် အခြေအနေမှာပင်
ရှိနေ သည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရန် ဖွဲ့စည်းပုံအား လမ်းဖွင့်ပေးနိုင် မည့် အစီအစဉ်များလည်းပူးတွဲပါလာမည်။
ဖွဲ့စည်းပုံပြင် လိုက် မည်ဆိုပါက ဒီမိုကရေစီနှင့် နှုန်းစံထိုး၍ မရသည့်
ရွေးကောက်ပွဲ မဝင်ပါဘဲ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းက
လွှတ်တော်မှာ ဖွဲ့စည်းပုံ စည်းမျဉ်းအရ နေရာရနေခြင်းကိုလည်း
ထိခိုက်ဖွယ်ရှိသည်။ တပ်မတော် က နိုင်ငံရေးတွင် သူတို့၏ပါဝင်မှု ကို
ကန့်သတ်ခြင်းရှိလာလျှင် တုံ့ပြန်မှုတွေ မ ပြုလုပ်ဘူး ဟု အာမခံမည့်သူမရှိ။
ဒီ့အပြင် ထူးထူးခြားခြား နစ်နာမည်မှာ အရပ်ဝတ်ဖြင့် အာဏာနိုင်ငံရေးမှာ
အမြဲတမ်းစင်ပေါ်မှာနေ လိုသည့် ဗိုလ်ချုပ်ကြီး များ၏ ပြည်ခိုင်ဖြိုးပါတီ က
ရွေးကောက်ပွဲစစ်မြေပြင်မှာ အရေးမလှ ဖြစ်သွားဖွယ်ရာ ရှိနေခြင်းဖြစ်သည်။
ဒါကို လက်ရှိအစိုးရရော၊ ပါတီ ကပါ နှစ်သက်မည် မဟုတ်ပါ။
သို့ဖြစ်ရာ
ရွေးကောက်ပွဲစနစ်ကို အပြောင်း အလဲလုပ်ခြင်းဖြင့် လက်ရှိ အာရုံ စိုက်နေသော
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အရှိန်ကို
ဟန့်တား ထားနိုင်သလို ရေရှည်အတွက်လည်း အာ ဏာနှင့် ကိုယ်ကျိုး စီးပွားကို
မလွတ်တမ်းဆုပ် ကိုင်လိုသူများအတွက် ရွှေလမ်းငွေလမ်း ခင်း ပေးရာ
လည်းရောက်သည်။ အကျဉ်းချုပ်ရ လျှင် အတိုက်အခံ နိုင်ငံရေး အင်အားစုများ က
ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရနှင့် လွှတ်တော် က ငြင်း
ဆန်လိုသည်။ ပြီးတော့ အတိုက်အခံအင်အားစုတွေ နှစ်မြို့ လိုလားခြင်းမရှိသည့်
ပီအာရ်ရေးကောက်ပွဲ စနစ်ကို အစိုးရနှင့်လွှတ်တော်က အတည်ပြု ဖို့ ကြိုးစား
သည်။ ဤတွင် မြန်မာနိုင်ငံရေး အကြပ်အတည်း စတင်သည်။
ထိုအကြပ်အတည်းကို ထပ်၍ မီးထိုးပေး လိုက်သည်မှာ ယခုလဆန်းပိုင်းက တိုင်းပြည်
သို့ အစီရင်ခံသော သမ္မတဦးသိန်းစိန်၏ လ ပတ်မိန့်ခွန်းတွင် သမ္မတ က
တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့အကြား အ ပစ်ရပ်စဲရေး သဘောတူ
လက်မှတ်ရေးထိုးမှု များ ကြန့်ကြာနေခြင်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကိုလည်း
ထိခိုက်နိုင်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။ ခြိမ်းခြောက်သံ စွက်သော
သမ္မတမိန့်ခွန်းက ဝေဖန်မှုတွေ ကို ဖြစ်ပေါ်စေ ခဲ့သည်။ မည်သို့ဖြစ်စေ ရှေ့ဆက်
ရမည့် နိုင်ငံရေးခရီးမှာ မရေရာမှုတွေ၊ ကြမ်း တမ်းခက်ထရော်မှုတွေ၊
လှည့်ဖျားလိမ်လည် မှုတွေ ပြည့်နေမည့် လမ်းဖြစ်ဖို့ များသည်။
၎င်းအနေအထားအောက်တွင် ယခုအခါ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆိုသည့်
အချက်ကို နိုင်ငံရေးအင်အား စုတွေကြားမှာ ပြန်၍ ဦးလည့် လာခြင်းဖြစ်သည်။
စက်တင် ဘာလကထုတ်ပြန်သည့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်၏
ပါတီတည်ထောင်ခြင်း နှစ် ပတ်လည်အခမ်းအနား ထုတ်ပြန်ကြေငြာ ချက်မှာလည်း
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ရေးကို ဆက်လက်တောင်းဆို ထား သည်ကို တွေ့ရသည်။ အမှန်တကယ်လည်း
မြန်မာ့နိုင်ငံရေး အကြပ် အတည်း ကို ဖြေရှင်းရန် လေး ပွင့်ဆိုင်တွေ့ဆုံရေး
သို့မဟုတ် ထို့ထက်ပို သော အင်အားစုများ မျက်နှာချင်ဆိုင်ရေးက မှန်ကန်သည့်
လမ်းတစ်ခုဖြစ်မည်။
အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်
ဒေါ်စု၊ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် နှင့် လွှတ်တော်ဥက္ကဌများ၏ အဆုံးအဖြတ် က
အခရာကျနေသည်။ သူတို့လေးဦး တွေ့ ဆုံခြင်းသည်မှာ ရှေ့မှာရှိနေသည့် နိုင်ငံရေး
အတား အဆီးများ၊ ကလိန်ကျမှုများမှ ပြေ လည်ရာပြေလည်ကြောင်း နည်းလမ်းကောင်း
တစ်ခုကို ရှာတွေ့ဖွယ်ရှိသည်။ သူတို့လေးဦး တွေ့ဆုံးခြင်းရလဒ်က လက်ရှိ
လိပ်ခဲတည်း လဲ နိုင်ငံရေးအကြပ်အတည်းကြောင့်
မမျှော် မှန်းနိုင်သည့် ထိခိုက် နာကျင်မှုများကို ဟန့် တားနိုင်လိမ့်မည်။
ထို့ကြောင့် တွေ့ကြပါ။ လေးပွင့်ဆိုင် အတွက် အချိန်က နောက်မကျသေးပါ။
သို့သော် တိုင်းပြည် အတွက် စေတနာကောင်းတွေ ကိုတော့ စားပွဲဝိုင်းဆီ အားလုံးက
သယ်လာခဲ့ဖို့ လိုမည်။
Credit - The Ladies News Journal
No comments:
Post a Comment