ရန်ကုန်၊ အောက်တိုဘာ ၂၄
ပျောက် ဆုံးနေသော ခါကာဘိုရာဇီတောင်
တက်သမားနှစ်ဦးကို ပါဝင်ရှာဖွေခဲ့ သော ထိုင်း B4 ရဟတ်ယာဉ်မတော်
တဆမှုဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေး
ပြီး ယင်းပဏာမအစီရင်ခံစာကို လာ မည့်ဒီဇင်ဘာလအတွင်း ထုတ်ပြန်
ပေးသွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ
သိရသည်။
ယင်းသို့စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာလေကြောင်း
အဖွဲ့ချုပ်၏ ညွှန်ကြားချက် နောက်ဆက်တွဲ-၁၃ အရ မြန်မာပိုင်နက်တွင်
ဖြစ်ပွားခဲ့ သည့်အတွက် မြန်မာနိုင်ငံက ဦးဆောင် ကာ အဆိုပါလေယာဉ်ကို
ထုတ်လုပ်ခဲ့ သည့် ပြင်သစ်နိုင်ငံနှင့် ရဟတ်ယာဉ်
ပိုင်ဆိုင်မှုမှတ်ပုံတင်ထားသည့် ထိုင်း နိုင်ငံတို့
ပူးပေါင်းပြီး
နိုင်ငံတကာခုံရုံး ဖွဲ့ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ပဏာမအစီရင်ခံစာကို လာ မယ့်လထဲမှာထုတ်မယ်။ အပြီးသတ် အစီရင်ခံစာကိုလည်း
ဆက်လက် ထုတ်ပြန်သွားမှာပါ။ ဒီရဟတ်ယာဉ် က ဒီနိုင်ငံမှာပျက်တာ၊
ပြီးတော့ထိုင်း ရဟတ်ယာဉ်မှူး၊ ထိုင်းကပိုင်တဲ့ ရဟတ် ယာဉ်၊
ထုတ်လုပ်တာကပြင်သစ်ဆို တော့ သုံးနိုင်ငံက ပါဝင်တာပါ''ဟု
လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိဆောင်ရွက်နေသော စုံ စမ်းစစ်ဆေးရေး လုပ်ငန်းများတွင်
ပထမအဆင့်အနေဖြင့် သက်သေများ ၏ထွက်ဆိုချက်၊ မှတ်တမ်းဓာတ်ပုံ
များနှင့်ရာသီဥတုဆိုင်ရာ အချက် အလက်များကို ရရှိထားပြီးဖြစ် ကြောင်း၊
ရဟတ်ယာဉ်နှင့်ပတ်သက် ပြီး အသေးစိတ်အချက်အလက်များ ကို
ထိုင်းလေကြောင်းဦးစီးဌာနနှင့် ဆက်သွယ် ဖော်ထုတ်သွားမည်ဖြစ် ကြောင်းသိရသည်။
''ရဟတ်ယာဉ်ကတော့ ပျက် စီးသွားတယ်။ လေပေါ်မှာ ပျက်ကျ တာမဟုတ်ဘူး။
မြေပြင်နဲ့ထိခိုက်ပြီး မတော်တဆဖြစ်တာလို့ ခန့်မှန်းတယ်။ စုံစမ်း စစ်ဆေးရေး
ခုံရုံးကိုတော့ စစ် ဆေးချိန် တစ်နှစ်ပေးထားတယ်။ ပါ ဝင်တဲ့နိုင်ငံတွေနဲ
့ဆက်သွယ်စုံစမ်းမှာ ပါ'' ဟု ယင်းက ထပ်မံပြောသည်။
MMK
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment