NCCT ခေါင်းဆောင်တွေ အစည်းအဝေးစတင်ချိန်မှာ ရန်ကုန်မြို့အခြေစိုက် CSFOP အရပ်ဖက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေ တစ်နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ဖို့ တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီအဖွဲ့ဝင် ဆလိုင်း အိုက်ဇက်ခင် က အခုလိုပြောပါတယ်။
"UPWC နဲ့ NCCT ကြား တွေ့ဆုံဆွေးနွေးမှု ထပ်မံမဖြစ်မှာကို ကျနော်တို့ တော်တော်လေး စိုးရိမ်ပါတယ်၊ ကျနော်တို့ အနေနဲ့ကတော့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုကို ရပ်တန့်မသွားစေချင်ဘူး၊ အခြေအနေတော့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်၊ စိတ်မကောင်းစရာတွေ အများကြီးရှိလိမ့်မယ်၊ သို့သော် အဲ့ဒီ အနေအထားမှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးလိုက်ခြင်းက မလိုလားအပ်တဲ့ အမုန်းတရားပေါ့နော် တင်းမာမှုတွေ လျှော့ချနိုင်မယ်လို့ ကျနော်တို့ အောက်မေ့တယ်၊ နောင်လည်း ဆွေးနွေးရမှာပဲ အခုလည်း ဆွေးနွေးရမှာပဲ ဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စကတော့ ကျနော်တို့ ဖယ်ထားလို့ မရဘူး"
CSFOP ငြိမ်းချမ်းရေး ဖိုရမ်အဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် သောကြာနေ့ကလည်း နေပြည်တော်ကို သွားရောက်ပြီး လွတ်တော်ပိုင်းက UPWC ဒုဥက္ကဌ ဦးသိန်းဇော်၊ အစိုးရပိုင်းက ဝန်ကြီး ဦးအောင်မင်းနဲ့ တပ်မတော်ပိုင်းက UPWC ဒုဥက္ကဌ ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်းတို့ထံကို ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ တိုက်တွန်းတဲ့စာတွေ ပေးအပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ
Credit - RFA Burmese
No comments:
Post a Comment