တောင်သာနယ်မှ ပြည်သူလူထု ၂၀၀၀ ကျော်က ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်အပြီး နေ့လည်စာ ဒံပေါက်ထုတ်များ ဝေရာ၊ အလုအယက် ရယူကြ သဖြင့် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။
တောင်သာမြို့မှ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက အဆိုပါ အခမ်းအနားအပြီး တက်ရောက်လာသူများကို သုံးယောက်တတွဲ ဒံပါက်ဘူးများ လာယူပါရန် အသံချဲ့ စက်ဖြင့် ပြောခဲ့အပြီး အစပိုင်းတွင် ၃ ယောက် တစ်တွဲ လာယူကြသော်လည်း ထရပ်ကားအတွင်းမှ ဒံပေါက်ထုတ်များ ကုန်တော့မည်ဟု အော်ပြောရာ လူအုပ် ကြီးမှ စုံပြုံလာပြီး ဒံပေါက်တင်ကားပေါ်သို့ ကိုယ်တိုင် တက်ယူကြခြင်း ဖြစ်သည်။
ဒံပေါက်လုပွဲ အပြီးတွင် လမ်းမပေါ်တွင် ဆန္ဒထုတ်ဖော်ပွဲမှ ဗီနိုင်း အများ အပြားနှင့် ကြေမွပေါက်ထွက်လူနင်းထားသည့် ဒံပေါက်များက လမ်း တလျောက် ပြန့်ကျဲလျက်ရှိရာ ဆိုင်ကယ်စီးလာသူတစ်ဦး ဆီချော်ပြီး ဆိုင်ကယ် လဲသွားခဲ့ရာ အနည်းငယ် ပွန်းပဲ့သွားကြောင်း သတင်းရရှိပါသည်။
"ဆန္ဒထုတ်ဖော်ပွဲက လူ ၂၀၀၀ ကျော်ပါတယ်။ ယူလာတဲ့ ဒံပေါက်အထုပ်က နည်းနေလို့လား အချို့ က နှစ်ပြန်ယူကြလို့လားတော့ မသိဘူး လူမကုန်ခင် ဒံပေါက်ကုန်တော့မယ်လို့ အချင်းချင်း ပြောရာကနေ မယူသေးပဲ စောင့်နေတဲ့ လူတွေက ကားနားကို အပြေးရောက်လာပြီး ကိုယ့်ရှယ်ယာ ကိုယ်ယူရာက ဒီလို ဖြစ်ရတာပါ" ဟု တောင်သာမြို့ ခံတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ ပြန်လည်ဖြေကြားခဲ့သည်။
"ရွာတွေက လူတွေ များပါတယ်။ ကိုယ်က ခုခံကာကွယ်ဖို့ ရည်ရွယ်ပြီး ရေး သားထားတဲ့ ဗီနိုင်းတွေကို အခုလို လမ်းမှာ ပစ်သွားတာကတော့ အဘကို မလေးစားရာကြပါတယ်။ ဆန္ဒထုတ်ဖော်ပြီးရင် ကိုယ့်အမှိုက် ကိုယ်ကောက် တယ် ဆိုတာ ဖက်ရှင်တောင် ဖြစ်နေပါပြီဗျာ။ အဲသည်လို ဖြစ်တယ်ကြားတော့ ကျနော်တို့ နီးစပ်ရာ ပါတီဝင်လူငယ်တွေ ကိုယ်တိုင် သွားရောက် ရှင်းလင်း လိုက်တယ်" ဟု တောင်သာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်တစ်ဦးက The Ladies သို့ ပြောကြားခဲ့ပါသည်။
ဓါတ်ပုံ - Htwe Zaw & Zaw Aung Htet
The Ladies News Journal
No comments:
Post a Comment