Sunday, November 30, 2014

ကာချုပ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လက်မခံဟုဆို

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ် တော်တွင် ကန့်ကွက်သူမရှိ အတည် ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က လက်မခံ ကြောင်း သတင်းရရှိသည်။

‘‘သူ့အနေနဲ့ လေးပွင့်ဆိုင် လည်း လက်မခံဘူး။ ခြောက်ပွင့် ဆိုင်လည်း လက်မခံဘူးလို့ ပြော တယ်။ လူခြောက်ဦးတည်းနဲ့ တစ် တိုင်းပြည်လုံးကိစ္စကို ဆွေးနွေးဖို့ ဆိုတာ မပြည့်စုံဘူးလို့ ပြောတယ်’’ ဟု တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တွေ့ဆုံရာတွင် ပါဝင် ခဲ့သော ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က ပြောသည်။

ကရင်အမျိုးသားအစည်းအ ရုံး ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော် မတီများနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အပါအ၀င် တပ်မ တော်ထိပ်ပိုင်းခေါင်းဆောင်များ သည် နိုဝင်ဘာ ၂၉ ရက်တွင် နေ ပြည်တော်၌ နှစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုကဲ့သို့ ငြင်းလိုက်ခြင်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအ စည်းအရုံး၏ သဘောထားကိုမေးမြန်းရာ ‘‘ခြောက်ပွင့်ဆိုင်ဆို KNU ဥက္ကဋ္ဌလည်း ပါသင့်တာပေါ့’’ ဟု ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

လွှတ်တော်တွင် အတည်ပြု သော ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးမှာ လူပုဂ္ဂိုလ်ကို အ ခြေခံပြီး စဉ်းစားခြင်းဖြစ်နေ၍နိုင်ငံတော်သမ္မတအနေဖြင့် အဖွဲ့ အစည်းကို အခြေခံစဉ်းစားသဖြင့် ယင်းခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးမှာ လောလောဆယ် မ ဖြစ်နိုင်သေးကြောင်း သမ္မတပြော ရေးဆိုခွင့်ရှိသူက ပြောကြားထား သည်။

အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲမည်ဆိုပါက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး မှုသည်လည်း မလုံလောက်ဘဲ ပြည်သူအားလုံးကို ကိုယ်စားပြု နိုင်ရန် လိုအပ်သည်ဟု လွှတ် တော်ပြင်ပ နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့်  ပတ် သက်၍ ‘‘တိုင်းပြည်တစ်ပြည်လုံး ရဲ့ ကိစ္စကို ကျွန်တော်တို့ လေး ယောက်နဲ့ ဆွေးနွေးပြီးတော့ အ ဆုံးအဖြတ်ပေးတာ၊ ဆုံးဖြတ်တာ ဟာ ဒါမှန်ကန်တဲ့ လမ်းကြောင်း တစ်ခု။ သို့သော်လည်း ဒီလေး ယောက်တည်းနဲ့ ဆွေးနွေးကြမယ်၊ အဆုံးအဖြတ်ပေးကြမယ်ဆိုရင် တော့ ဒါကတော့ ကျွန်တော်က တော့ မပြည့်စုံဘူးလို့ ထင်တယ်’’ ဟု ဗီအိုအေသတင်းဌာနနှင့် တွေ့ ဆုံမေးမြန်းခန်းတွင် သမ္မတဦး သိန်းစိန်က ပြောကြားခဲ့သည်။

‘‘လေးပွင့်ဆိုင်ဆိုတာ နည်း နည်းလေး ကျဉ်းမလားလို့ ကျွန် တော့်အမြင်ကတော့လေ။ နည်း နည်းကျဉ်းပါတယ်။ တိုင်းပြည်ကို ဒီလေးယောက် တွေ့ဆုံပြီး ဆွေး နွေးမှဖြစ်မယ်ဆိုတာ တိုင်းရင်း သားတွေလည်း အများကြီးရှိပါ တယ်။ ကျွန်တော်ကတော့ အ ကုန်လုံးခြုံငုံပြီးတော့ ကျယ်ကျယ် ပြန့်ပြန့်လေးပေါ့လေ။ ဖြစ်နိုင်သ လောက်ပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ဆိုတော့လည်း လူတွေအများကြီး ဖိတ်ပြန်တော့လည်း အဲဒါကျ ထိန်းရ၊ ပြောရဆိုရတာလည်း တစ်ယောက်တစ်ပေါက်နဲ့ဆိုရင် လည်း မဖြစ်ပြန်ဘူး’’ ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီအိုအေသီးသန့်အင်တာဗျူးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် ပြင်သင့်ပြင် ထိုက်သည့် အချက်များ ပြင်ဆင် ရေးကိုမူ သဘောတူသည်ဟု KNU အဖွဲ့အား ပြောဆိုလိုက် ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကျပ်အတည်း ဖြစ် ပေါ်နိုင်သည့် အခြေအနေမဖြစ် ပေါ်စေရန် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစု ကြည်၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် ကာ ကွယ်ရေးဦးစီးချုပ်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် ပြည်ထောင် စုလွှတ်တော်က တိုက်တွန်းသော အရေးကြီးအဆိုကို နိုဝင်ဘာ ၂၆ ရက်က လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။


Credit - 7DAY DAILY

No comments:

Post a Comment