(တစ်)
ခက်တော့နေပါပြီ။ အိပ်တော့မယ်ဆိုပြီး အိပ်ယာထဲဝင်၊ မျက်လုံးမှိတ်လိုက် ကာ မှ၊ ကြံ ကြံဖန်ဖန် ကြက်သားဟင်းအကြောင်း ခေါင်း ထဲ ရောက် လာနေပြန် ပါပေါ့ကလား။
(နှစ်)
ဟုတ်ပါ့ဗျာ။ အခုညဦးပိုင်းကမှ ပူပူနွေး နွေး ချက်ပြုတ်ထားခဲ့တဲ့ ကြက်သားဟင်း အိုး ဟာ အိမ့်အောက်က မီးဖိုပေါ်မှာ တင်လျက် သား ကျန်ရစ်ခဲ့လေရဲ့။ ပူပူလောလောကြီး ဖြစ်နေတုန်းမို့ ရေခဲသေတ္တာထဲ သွားထိုး ထည့် ထားလို့ လည်း မဖြစ်ပြန်။ ပေါင်းအိုးထဲ ထည့် ချက်ထားတာမို့၊ တစ်ဒါဇင်နီးပါးရှိတဲ့ နက် ကျား
မျိုးဆက်၊ ကြောင်သားအုပ်မရဲ့ ရန်က တော့ ပူစရာမလိုလှပါဘူး။ အဲ ... ရဲသူဆို တဲ့တပည့်ကျော်ကတော့ သိပ်စိတ်ချရတာ မဟုတ်ဘူးဗျ။ ဒီကောင် ညပိုင်းဆိုမူးမူးနေ တတ်တော့၊ ဟင်းအိုးကို လွယ်လင့်တကူဖွင့်၊ အမြည်းလုပ် ပွဲတော်တည်လိုက်မှဖြင့် ဒုက္ခ။အရေးထဲ ကျုပ်ကို ကြက်သားဟင်းတစ်အိုးနဲ့ ဥစ္စာခြောက်ပြီး ငတ်ကြီးကျနေတဲ့ကောင်လို့ ထင်နေကြရော့မယ်။ ဒီတော့ ကျုပ် နည်းနည်း ရှင်းပြမှဖြစ်မယ်။
ကျုပ်ဟာ အိမ်ထောင်ဖက်မရှိတဲ့ လူပျိုကြီး မဟုတ်ပေမဲ့၊ လောလောဆယ်မှာ၊ အထီးကျန် ဘ၀ရောက် နေလေတော့ စားရေးသောက် ရေး၊ နေရေးထိုင်ရေး၊ တယ်ဒုက္ခရောက်သ ကိုး။ အဝတ်လျှော်တဲ့ကိစ္စက ဒိုဘီပင်မင်းပေး လို့ရပေမဲ့၊ အစားအသောက်မှာတော့ ပြဿနာရှိတယ်ဗျ။ ဟုတ်ပါ့ဗျာ။ ဆိုင်မှာဝယ်စားလည်း ဘာမှထွေထူးပြီးမကုန်ကျပေမဲ့
ရုပ်ကို အဟာရစောင့်တယ်လို့ ဆိုကြတယ် မဟုတ်လား။ ကျုပ်လည်း ပါစကတေဇောဓာတ် မီးကို၊ အချိန်မှန်ငြှိမ်းနိုင်ဖို့
ဈေးသွားတယ်ဆိုတာ ပြောတော့သာအ လွယ်လေး၊ တကယ်တမ်း သွားကြည့်တော့ အတော်စိတ်ပျက်စရာ အကောင်းသားဗျာ။ကြည့်လေ။ ကြက် သားဝယ် မယ်ဆိုရင် ထိုင်း မှာ ကြက်သားသုံးမျိုးရှိသဗျ။ ကိုင်ဆိုတဲ့ ရိုးရိုး စီပီကြက်။ ခိုင်ကိုင်ဆိုတဲ့ အရိုးသိပ်မာတဲ့ ဥစား ကြက်၊ ကိုင်ဘန်းလို့ခေါ်တဲ့ ရိုးရိုးအိမ်မွေးကြက်။ ကျုပ်ကတော့ ခေတ်မီဆေးဝါးမျိုးစုံ နင်းကန် ကျွေးပြီး မွေး ထားတဲ့ စီပီကြက်ဟာ ပွစိစိနဲ့ အဆီတွေများ လွန်းတာမို့ တယ်မသတီလှ ဘူး။ ခိုင်ကိုင်ဆိုတဲ့ ဥစားကြက်မျိုးကလည်း သီပေါမင်း ပါတော်မမူခင်က မွေးထား တဲ့ကြက် လား အောက်မေ့ရတယ်။ မာလိုက်တဲ့အရိုး၊ ကိုက်မိတဲ့ သွားတွေ သာ ကြွေကုန်မယ်။ ဒင်း ကတော့ အရာမယွင်းတဲ့အထိ။ ဒါကြောင့် ကျုပ် ဈေး ဝယ်ထွက်တဲ့အခါ ကိုင်ဘန်း အိမ် ကြက်ကိုပဲ ဝယ်တယ်ဆိုပါတော့။ အိမ်က တ ပည့်ကျော်တွေ ဝယ်ခိုင်းလို့ကတော့ဗျာ၊ အ မောက်နဲ့ ခြေထောက်ကို ကြည့်ပြီး ဒါကြက်ပဲ ဆိုတဲ့ မဟာရွှေဉာဏ်တော်နဲ့ သောက်တလွဲ တွေ မှားမှား ဝယ်လာကြ တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဒါကြောင့် ကျုပ်ကိုယ်တို င်ပဲ ဈေးဝယ်ထွက်တယ် ဆိုပါတော့။
(သုံး)
ကြက်သားဆိုလို့ ငယ်ငယ်တုန်းက အ ဖြစ်တွေ သတိရမိသေးတယ်။ ကျုပ်တို့ရွာ မှာ တော့ အိမ်တိုင်းလိုလို ကြက်သားအုပ်မတွေနဲ့ ကြက်သားကတော့ ပေါပါ့ဗျာ။ တယ်ပြီးထူးဆန်း တဲ့ အစားအစာတော့ မဟုတ်ပါဘူး။ အဲ ... ကျုပ်ငါးနှစ်သားလောက် မှာ ကျုပ်တို့ မိသားစုရန်ကုန်မြို့ကြီး ကိုလည်း ပြောင်း လာရော၊ ထ မင်းဝိုင်းမှာ ကြက်သားဟင်းကို မြင်ရတဲ့အ ကြိမ် နည်းလာတယ် ။ ဈေးသည်မိသားစုမို့ အစားအသောက်ချို့ချို့ ငဲ့ငဲ့မဟုတ်ပေမဲ့ ရန် ကုန်ကြက်သားဈေးနဲ့ ဆိုရင် တွက်ချေမကိုက် ဘူးထင်ပါရဲ့။
ဒီကြားထဲ ညီအစ်ကိုမောင်နှမတွေက တ ကျိပ်နီးပါးဖြစ်နေပြန်တော့ ကြက်သား ဟင်း ချက်တဲ့နေ့တွေမှာဆို ဝေပုံကျရတဲ့ ကြက်သား မှာ တောင်ပံနဲ့ ခြေထောက် မပါအောင်၊ အ မေ့ကို နားပူရတာအမော။ ကျောင်းပိတ်ရက် တွေ ရွာပြန်တဲ့ အခါမှာတော့ “ငါ့မြေးတွေလာ တယ်ဟေ့။ ကြက်တစ်ကောင်လောက် ပစ်ချေဦး” ဆိုတဲ့ ကျုပ်တို့အဖိုး (အမေရဲ့အဖေ)အသံတောင် မဆုံးသေးခင်၊ “ဘုန်း၊ ဘုန်း၊ ဂီး၊ ဂီး၊ဂစ်၊ ဂစ်” အသံ တွေကြားရတော့တာ ပဲဗျ။ ကျုပ်ဦးလေး ကိုမောင်ခွေးရဲ့ လက်ချက် ပေါ့။ ကျုပ်အဖိုးရဲ့ကြက်သား ဟင်းအပေါ် မြင်တဲ့ အမြင်က တစ်မျိုးတစ်ဘာသာခင်ဗျာ။ဘာတဲ
(လေး)
နေဦး။ စကားမစပ် ကျုပ်တပည့်ကျော်ရဲ သူအကြောင်း ပြောရဦးမယ်။ အမှန်တော့ လက်ရှိအိမ်မှာ ကျုပ်နဲ့ အတူနေကြတဲ့ကလေး တွေက စုစုပေါင်း သုံးယောက်ဗျ။ ကျုပ်နဲ့ဆိုရင် လေးယောက်ဆိုပါတော့။ ကျုပ်တူတော် မောင်ရဲအောင် ကတော့ အရင်ဘ၀ကကြက် သေလို့ လူဝင်စားပြန်ဖြစ်သလား မဆိုနိုင်ဘူး။ကြက်သားဟင်းကိ
တပည့်ကျော်ရဲသူက ဘိတ်ဇာတိဗျ။ စကားပြောရင်သာ လေးလုံးမကွဲ တာ ရည်စားနှစ်ယောက် တစ်ပြိုင်တည်းထား မိတယ်ဆိုလား၊ မိန်းကလေးနှစ်ယောက် စလုံး က စွန့်သွား လို့၊ အကျည်းတန်၏အထီးကျန် အတ္ထုပ္ပတ္တိဖြစ်နေတာမို့ ညညဆို လောက်ခေါင် (အရက်ဖြူ)တစ်လုံး နဲ့ ဖြေဆည်ရာရှာနေတတ် လေရဲ့။
အေးလေ။ အဲဒါကိုပဲ ကျုပ်ပူတာပေါ့၊ တ ပင်တပန်း တကူးတက ကိုယ်တိုင်ဈေးသွားပြီး ချက်ထားရတဲ့ ကြက်သားဟင်း ရဲသူလက်ချက် မိလို့ ကတော့ မလိုအပ်ဘဲ ဒုက္ခပိုဦးတော့မယ်။ ဒီလိုညဥ့်နက် သန်းခေါင်အချိန်ကျမှ ဟင်းအိုး ကိုရေခဲသေတ္တာထဲ သွားပြောင်းထည့်လို့လည်း အရပ်ရပ် နေပြည်တော်ကြား လို့မှမတော်၊ ခက်ပါဘိ။
(ငါး)
အိပ်မပျော်လေ အတွေးတွေ လျှောက် ဆက်လေပဲဗျာ။ လူ့လောဘဆိုတာ ခက်သား ကလား။ ဦးပုညရေးတဲ့ ရေသည်ပြဇာတ်မှာ ဆို ထီးနန်းစည်းစိမ် တစ်ဝက်ခွဲပေးတာတောင် ရေသည်ဘ၀တုန်းက မြို့ရိုးကြားမှာ ဝှက် ထားခဲ့တဲ့ တစ်မူးတစ်ပဲကို စွန့်လွှတ်ဖို့အာလျ မပြတ်နိုင်ဘူးတဲ့ဗျ။ ခုကြည့်လေ။ ဘာမဟုတ် တဲ့ကြက်သားဟင်းနဲ့ ကျုပ်မှာ အိပ်ရေးပျက်နေ ရပြီ။ အင်း ... အဲဒီညက ကျုပ်ဟာအတော့် ကိုညဥ့်နက်မှ မှေးကနဲ အိပ်ပျော်သွားသဗျ။
နောက်နေ့မနက်မိုးလင်းလို့ အောက်ထပ် ကဗျာကယာဆင်းပြီး ကြက်သား ဟင်း အိုးကို စစ်ကြည့်တော့ ဘာမှ ခြေရာလက်ရာမယွင်း ပါဘူးဗျာ။ ခေါင်းအေးအေး နဲ့ သေချာပြန်စဉ်း စားကြည့်တော့မှ ဖူးခက်လိုမြို့ကြီးမှာ၊ ကြက် သားဈေး က ပေါလွန်းတဲ့အပြင် လုပ်အားခ အထိုက်အလျောက်ကောင်း တဲ့ မြန်မာအလုပ် သမား တော်တော်များဟာ ကြက်သား၊ ကြက် ကြော်ကို မက်မက်စက်စက် သိပ် မရှိကြလှပါ ဘူး။ ငါးသေတ္တာနဲ့ ကြက်ဥဆို ပိုဆိုးသေး။ကန်ဇွန်းရွက် ထက် ဈေးပေါနေတဲ့ ဒီကြက် သားဟင်းကို တပည့် ကျော်ရဲသူဘယ်မှာ လာစား ပါ့မတုန်း။ ကြက်တစ်ကောင်ချက်ကို တစ် ယောက် တည်းစားချင် တဲ့လောဘ ဇောကပ် နေခဲ့တဲ့ အဖြစ်ကိုတွေးမိရင်း ကိုယ့်လိပ်ပြာ ကိုယ် ရှက်မိတာ အမှန်ပါပဲ။
(ခြောက်)
ကျုပ်တူတော်မောင် ရဲအောင် ခူးခပ်ပြင် ဆင်ပြီးကျွေးတဲ့ မနက်စာထမင်းဝိုင်းမှာ ကြက် သားဟင်းပန်း ကန်ထဲက အသားတုံးတစ်တုံး ကို ဇွန်းခက်ရင်းနဲ့ ဖဲ့နေ တုန်း၊ ပြီးခဲ့ညက၊ ကျုပ် အဖြစ်ကို တစိမ့်စိမ့်ပြန်တွေးမိတော့၊
အေးလေ။
မကြာခင် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ ကျင်းပကြတော့မယ်။ လက် ရှိနေရာတွေကနေ ဆင်းတဲ့လူဆင်း၊ ဖယ်တဲ့ သူဖယ်၊ အပြောင်းအလဲတွေ ကြုံကြရတော့ မယ်။ မောင်မင်းကြီးသားတချို့ ကြုံ နေရတဲ့ စိတ်သောက ဟာ လည်း ကျုပ်ထက်အပုံကြီးသာနိုင်ပါတ
နောက်ဆုံး ကြားရတဲ့ သတင်းတွေမှာ တော့ သူတို့ဆက်ရှိမှ ဖြစ် မယ် တဲ့။ မြန်မာ ပြည်ကြီး သာယာဝပြော အောင်ဆက်ပြီး ကြိုး စားကြရဦးမတဲ့ဗျာ။ တိုင်းပြည်အပေါ် တယ် လည်း သံယောဇဉ်ကြီးကြရှာသကိုး။ သူတို့ အလွယ် တကူနေရာ ဖယ်ပေးလို့ မရသေး တာဟာ ကိုလိုနီအမွေဆိုး တွေကြောင့်လို့ ဆို ကြသဗျ။
အေးဗျာ။ ဒီကိုလိုနီအမွေဆိုးကြောင့် ကျုပ် တို့လူကြီးတွေခမျာ၊ မပူသင့်တာ ပူရ၊ ဆင်းချိန် တန် မဆင်းနိုင်၊ ခေတ်ကြီးပြောင်းနေချိန်မှာ ကာလဒေသ ပယောဂနဲ့ အညီတွေးတော ဆင်ခြင်ချိန်မရှိ ဖြစ်ကြရရှာသကိုး။
မြန်မာပြည်ကို နှစ်ပေါင်းများစွာ ဒုက္ခ မျိုးစုံပေးနေတဲ့ အကောင်အထည် မရှိ၊ ဒြပ် မရှိ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကိုလိုနီအ မွေဆိုး ဟာ တော်တော်ကို ဆိုး ပါတယ်ဗျာ။သေချာပြန်စဉ်းစာြး
Credit - The Ladies News Journal

No comments:
Post a Comment