Sunday, November 30, 2014

တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများဘဝ လုံခြုံမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို

ချစ်မင်းထွန်း

တိုင်းရင်းသားဒေသ များရှိ အမျိုးသမီးများသည် ဘဝလုံခြုံမှုမရှိ ဘဲ ယနေ့အချိန်အထိ လူ့အခွင့်အရေးများ ကို ချိုးဖောက်ခံနေရဆဲဟု အမျိုးသမီးအ ရေး ဆောင်ရွက်သူများက ပြောသည်။
''ကျွန်မတို့ ရှမ်းပြည်နယ်မြောက် ပိုင်းမှာဆိုရင် တပ်မတော်သားတစ်ဦးက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ် ယောက်ကို လိင်အကြမ်းဖက်မှု ကျူးလွန် တယ်။ အခုဆိုရင် ဒီအမျိုးသမီးလေးဟာ စိတ်ဝေဒနာတောင် ခံစားနေရပြီ။ ဒီလိုကိစ္စ တွေကို အစိုးရတပ်မတော်ဘက်က ဘယ် လိုဖြေရှင်းပေးမှာလဲ။ ယနေ့အချိန်ထိပဲ တိုင်း ရင်းသားဒေသတွေမှာရှိနေတဲ့ အမျိုးသမီး လေးတွေဟာ လူ့အခွင့်အရေး
ချိုးဖောက်ခံ နေရတုန်းပဲ၊ ကာကွယ်ပေးမယ့်သူ မရှိဘူး ဖြစ်နေတယ်''ဟု တအာင်း အမျိုးသမီးများ အဖွဲ့အစည်းမှ တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁) ဒေါ်လွေးပိုးဖိန်းက ပြောသည်။
ယခုအချိန်အထိ လိင်အကြမ်း ဖက်မှုများကို အများဆုံး ကျူးလွန်ခံနေရ သော တိုင်းရင်းသားဒေသများမှ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ထားဝယ်၊ မွန် စသည့် ဒေသများရှိ အမျိုးသမီးများသည် အစိုးရ တပ်မတော်သားများ၏ လိင်အကြမ်းဖက်မှု များကို ကျူးလွန်ခံနေရသော ဒေသများဖြစ် သည်ဟု ကျား၊ မ တန်းတူညီမျှ ကွန်ရက်၏ ဒါရိုက်တာဒေါ်မေစံပယ်ဖြူက ပြောသည်။
''အစိုးရနဲ့ တိုင်းရင်းသား လက် နက်ကိုင်တွေ စစ်ပွဲဖြစ်ကြတော့ ဒေသခံ တွေဟာ ဟိုပြေးဒီပြေး ဒုက္ခရောက်ကြတယ်။ ဒီလိုအချိန်မျိုးကို အခွင့်အရေးယူပြီးတော့ အမျိုးသမီးတွေအပေါ်ကို လိင်အကြမ်းဖက် မှုတွေ ပြုလုပ်နေကြတယ်။ လိင်အကြမ်းဖက် မှုက ယနေ့အချိန်ထိ လျော့မသွားဘူး။ ပိုမို တိုးပွားလာတာပဲရှိတယ်။ ဒါကြောင့် အမျိုး သမီးတွေဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အ ခွင့်အရေးတွေကို ချိုးဖောက်ခံနေရတယ်။ ဒါကို အစိုးရဘက်က ကာကွယ်ပေးဖို့ တောင်း ဆိုပါတယ်''ဟု ရှမ်းအမျိုးသမီးများ ဆက် သွယ်လှုပ်ရှားမှုကွန်ရက်မှ ဒေါ်ယိင်းဟန်ဖ က ပြောသည်။

Credit - Yangon Media Group

No comments:

Post a Comment