Sunday, October 26, 2014

မိုးနည်းခဲ့၍ မိုးသီးနှံများ လျာထားချက်ပြည့်မီအောင် မစိုက်နိုင်

 
မိုးရာသီက အမရပူရမြို့နယ်အတွင်း စိုက်ပျိုးနေသော ဒေသခံများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ယခုနှစ် မိုးရာသီကာလ အတွင်း   မိုးရွာသွန်းမှု   နည်းပါး ခဲ့သောကြောင့်     မန္တလေးတိုင်း ဒေသကြီးတွင် မျှော်မှန်းထားသည့် မိုးသီးနှံပမာဏပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၄-၁၅ စိုက်ပျိုးရေးရာ သီအတွင်း မန္တလေးတိုင်းတစ် တိုင်းလုံး၌ မိုးသီးနှံစုစုပေါင်း ဧက ၃၅ သိန်းစိုက်ပျိုးရန် လျာ ထားခဲ့သော်လည်း မိုးရေချိန်အ လုံအလောက် မရရှိသောကြောင့် ဧကသုံးသိန်းခန့်အား စိုက်ပျိုး နိုင်ခြင်း မရှိခဲ့ဘဲ သီးနှံ ၃၂ သိန်းခန့် သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးလှမြင့်အောင်က ပြော သည်။
‘‘ဒီနှစ်မိုးမှာ ထင်သလောက် မိုးရေချိန် မရဘူး။ တစ်တိုင်းလုံး ပေါင်းကြည့်မှ မိုးရေချိန် ၂၅ လက်မပဲ ရတာကြောင့် မိုးသီးနှံ တွေကို ၉၀ ရာခိုင်နှုန်းလောက်ပဲ စိုက်နိုင်တယ်။ မိုးစပါးဆိုလည်း ပြည့်မီအောင် မစိုက်နိုင်ခဲ့ဘူး’’ ဟု ဦးလှမြင့်အောင်က ပြောသည်။
မိုးရာသီကာလတွင် မိုးစပါး စိုက်ဧကပေါင်း ခြောက်သိန်းတစ် သောင်းကျော် စိုက်ပျိုးရန် ရည် မှန်းထားရာတွင်လည်း     ဧက ပေါင်းငါးသိန်းကျော်သာ စိုက်ပျိုး နိုင်ခဲ့ကြောင်း ယင်းဌာနမှ သတင်း ရရှိသည်။
မိုးအများဆုံး ရွာသွန်းလေ့ရှိ သည့် စက်တင်ဘာတွင်ပင် မိုး ရွာသွန်းမှု နည်းပါးခဲ့သည့်အတွက်  စိုက်ပျိုးနေဆဲ သီးနှံများအောင် မြင်ရန် ဆည်ရေ၊ ကန်ရေများ ဆက်လက်အသုံးပြုနိုင်ရေးအတွက်  စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများက တောင်သူများအား လိုက်လံပညာပေးမှုများ    ပြုလုပ်ပေး နေရကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဦးလှမြင့်အောင်ကပြောသည်။
မိုးဦးကာလများဖြစ်သည့် ဇွန်၊ ဇူလိုင်လများအတွင်း  မိုး ခေါင်မှုကြောင့် မိတ္ထီလာ၊ မြင်းခြံ နှင့်    ညောင်ဦးမြို့နယ်များတွင် မိုးသီးနှံဧကပေါင်း ၁၆၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း ယင်းဌာနမှပင် သတင်းရရှိသည်။

Credit - 7DAY DAILY

No comments:

Post a Comment