မန္တလေးမြို့သို့ အ ကောက်ခွန်မဲ့ တရားမ၀င်ကုန် ပစ္စည်းများ ၀င်မလာစေရေး
အတွက် ဧရာဝတီမြစ်လမ်း ကြောင်းနှင့် တံတားဦးအပြည် ပြည်ဆိုင်ရာ
လေဆိပ်များတွင် ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mo−bile Team) ဖြင့် ဖမ်းဆီးစစ်ဆေး
ခြင်းကို နိုဝင်ဘာတွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီမြစ်ကြောင်း ရေ ဆိပ်များနှင့် လေဆိပ်များတွင်
တရားမ၀င်ကုန်သွယ်မှုများ စစ် ဆေးရာ နိုဝင်ဘာတွင် ပညာ ပေးကာလအဖြစ်
သတ်မှတ်ထား ပြီး ဒီဇင်ဘာမှစတင်ကာ
အ ကောက်ခွန်ဥပဒေ၊ ပို့ကုန်သွင်း
ကုန်ဥပဒေများဖြင့် အရေးယူသွား မည်ဖြစ်သည်ဟု Mobile Team
အဖွဲ့ခေါင်းဆောင်စီးပွားကူးသန်း ၀န်ကြီးဌာန ကူးသန်းရောင်းဝယ် ရေးနှင့်
စားသုံးသူရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောသည်။
‘‘ပညာပေးကာလမှာ လိုင်စင်မပါ၊ အကောက်ခွန်မဲ့တင်သွင်း လာတဲ့ ကုန်ပစ္စည်းတွေ
ဖမ်းဆီးမိ ခဲ့ရင် ဒဏ်ကြေးပေးဆောင်ရမှာ ပါ။ ဒဏ်ကြေးမဆောင်ရင် ကုန်
ပစ္စည်းကို သိမ်းယူမှာပါ’’ဟု ဦး သိန်းဝင်းကပြောသည်။
မန္တလေးမြို့သို့ ဗန်းမော်၊ မြစ်ကြီးနားမြို့များမှတစ်ဆင့်
ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ် နိုင်ငံထုတ်အစားအသောက်နှင့်
ကုန်ပစ္စည်းများ တရားမ၀င် ၀င်ရောက်နေပြီး တမူး၊ ကလေးမြို့များသို့
ချင်းတွင်းမြစ်ကြောင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးနှင့်
ကွမ်းစားပစ္စည်းများတရား မ၀င် ၀င်ရောက်နေသည်ဟု MobileTeamအဖွဲ့ကပြောသည်။
မန္တလေးတံတားဦး လေဆိပ်မှာ နိုင်ငံတကာနှင့် ကုန်ပစ္စည်းသယ်ယူမှုနည်း ပါးပြီး
တရုတ်နိုင်ငံမှ ပန်းများသာ တင်သွင်းမှုရှိသည်ဟုဆိုသည်။
ဧရာဝတီမြစ်ကြောင်းအ တွင်း တရားမ၀င်ကုန်သွယ်မှု စစ်ဆေးရာတွင် ရေကြောင်းတပ်
ဖွဲ့၏ သင်္ဘောငါးစီးဖြင့် လုပ် ဆောင်မည်ဖြစ်ကာသင်္ဘောသုံး စီးကို
ဂေါဝိန်ဆိပ်ကမ်းတွင် အခြေတည်ကာ မင်းကွန်းအနီးတွင် သင်္ဘောတစ်စီး၊ ရွှေကြက်ယက်
ဆိပ်ကမ်းတွင် သင်္ဘောတစ်စီး ဖြင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း Mobile
Team အဖွဲ့ တာဝန်ရှိသူများကပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment