ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဒေသခံ သတင်းထောက်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အောက်တိုဘာ ၂၇ ရက်နေ့ကနေ စပြီး တောင်းခံနေတယ်လို့ ဒေသခံ သတင်းထောက်တွေက ဆိုပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ရဲ့ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးရဲ့ သတင်းထောက်တွေ ဆီကနေ ကိုယ်ရေး အချက်အလက် တွေကို တောင်းခံနေတာ ဖြစ်တယ်လို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကျိုင်းတုံမြို့ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ တပ်ကြပ်ဝင်းလှိုင်က ပြောပါတယ်။ ခုလို တောင်းခံရတာလည်း
သတင်းထောက်တွေ အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ နှီးနွှယ် ပါဝင်ပတ်သက်မှု ရှိမရှိ သိစေဖို့ တောင်းတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားချက်အရ ကိုယ်ရေးအချက်အလက်တွေကို တောင်းခံရတာပါ။ ခုလို တောင်းခံလို့ သတင်းထောက်တွေ အနေနဲ့ စိုးရိမ်စရာမလိုဘဲ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် ဆက်လုပ်နိုင်ပါတယ်” လို့ တပ်ကြပ်ဝင်းလှိုင်က စိုးရိမ်စရာ မရှိကြောင်းပြောပါတယ်။
“ခုလို နယ်သတင်းထောက်တွေ ဆီကနေ ကိုယ်ရေး အချက်အလက်တွေ လိုက်တောင်း နေတာဟာ မွန်ပြည်နယ်က ကိုပါကြီးရဲ့ ဂယက်ကြောင့်လို့ ထင်တယ်။ စရဖက ကိုယ်ရေးအချက်အလက် လာတောင်းလို့ ကျွန်တော်လည်း ပေးလိုက်ရတယ်” လို့ မိုင်တုံမြို့နယ် သတင်းထောက် ဦးမင်းဇော်က ပြောပြပါတယ်။
Credit - The Voice
No comments:
Post a Comment