UNFC တွင်ဆက်လက် ပါဝင်သင့်၊ မသင့်ဆုံးဖြတ်မည့် ကရင်အမျိုးသားအဖွဲ့အစည်း
(KNU) ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို နှစ်ရက်ထပ်မံတိုး၍
ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူဗဟိုကော်မတီ အစည်းအဝေးကိုအောက်တိုဘာ ၂၃ ရက်မှစတင်၍ လေးဝါးစခန်းတွင် ပြုလုပ်နေခြင်းဖြစ်သည်။ ဆွေးနွေးဆုံးဖြတ် စရာကိစ္စရပ်များကျန်ရှိနေသေးသည့်အတွက် နှစ်ရက်ထပ်မံတိုး မြှင့်လိုက်ခြင်းဖြစ်ကြောင်း KNUအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအစည်းအဝေးတွင် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ(UNFC) တွင် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်သင့်၊ မသင့်၊ ကော်သူးလေတပ်ပေါင်းစုဖွဲ့စည်းသည့်ထုတ် ပြန်ချက်များနှင့် ပတ်သက်၍ အဓိ က ထားဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment