Sunday, November 16, 2014

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ကိုဖြုတ်ဖို့ မုံရွာမှာ ဆန္ဒထုတ်ဖော်မယ်

  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့အဖွဲ့ကို ဖြုတ်ချပေးဖို့နဲ့ အများ    လက်ခံနိုင်တဲ့ ကော်မရှင်အသစ် ဖွဲ့စည်းပေးဖို့ ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့မှာ လာမယ့် နိုဝင်ဘာ ၂၂  ရက်နေ့မှာ လုပ်သွားမယ်လို့ ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေသူတွေက ဆိုပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတမှု ရှိစေဖို့ ခုလို ဆန္ဒပြကြမှာ ဖြစ်တယ်လို့ ဆန္ဒပြဖို့ ခွင့်ပြုမိန့် တင်ခဲ့တဲ့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။


“သက်ဆိုင်ရာ ရဲစခန်းကိုလည်း စာတင်ထားပါတယ်။ ဘယ်အဖွဲ့အစည်းမှ မဟုတ်ဘဲ ပြည်သူတွေအနေနဲ့ တောင်းဆိုမှာပါ” လို့ သူကဆိုပါတယ်။

မုံရွာဘောလုံးကွင်းမှာ လူစုပြီး မြို့ထဲလှည့်ကာ ဘောလုံးကွင်းထဲ ပြန်လာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး အကြောင်းအရာတွေကို ဟောပြောမယ်လို့ သူက ဆက်ပြောပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment