အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက် ပြီး လွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ ပါ တီ အသီးသီးက ပြည်သူ့ကိုယ်စားလှယ် တွေ က အခြေခံဥပဒေပြင်ဖို့ ဆန္ဒ ရှိကြပေမယ့် မပြင်ဘူးလို့ ခါးခါးသီးသီး မာမာတင်းတင်း ကန့်ကွက်နေတဲ့ အဖွဲ့ကတော့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်မျာ
ကျင့်သုံးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၄၃၆ ကို မကြိုက် လို့ ပြင်ဖို့အရေးမှာ ၄၃၆ က ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာ ဆောင် ရွက် ရမယ်ဆိုတဲ့ ကိစ္စဟာ မုန့်လုံးစက္ကူကပ် ပြဿ နာ ဖြစ်လာတော့တာပေါ့။ ကဲ ...ကောင်းပြီ အဲဒီ ၄၃၆ ဆိုတဲ့ ပုဒ်မကြီးက ဘာပြောထား သလဲ။ ခဏလောက်ပြန်ကြည့်ရအောင်။
၄၃၆ ( က ) ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ( ၁ ) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း ( ၂ ) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း ( ၃ ) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း ( ၄ ) ပုဒ်မ ၇၄၊ ၁၀၉ ၊၁၄၁ ၊၁၆၁ ၊အခန်း ( ၅ ) ပုဒ်မ ၂၀၀ ၊ ၂၀၁ ၊ ၂၄၈၊၂၇၆ ၊ အခန်း ( ၆ ) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀ ၊အခန်း ( ၁၁ ) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း ( ၁၂ ) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင် လို လျှင် ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော် က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအား
( ခ ) ပုဒ်မခွဲ ( က ) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်း ချက်များ ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ .... လို့ ဖော် ပြ ထားပါတယ်။
အလွယ်ပြောရရင်တော့ ၂၀၀၈ အခြေခံ ဥပဒေက ဘယ်ပုဒ်မကို မဆို ပြင်ချင် တယ် ဆိုရင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ကထောက်ခံ သဘော တူရမယ်။ ဒါပေမဲ့ ၄၃၆ ပုဒ်မခွဲ ( က ) မှာ ဖော်ပြထားတဲ့ တချို့သော အရေးကြီး ပုဒ်မ တွေကို ပြင်ချင်တယ်ဆိုရင်တော့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သ ဘောတူပြီးသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲလုပ်ပြီး မဲပေးပိုင်ခွင့်ရှိတဲ့သူရဲ့
ဒီနေရာမှာ ပြည်သူကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့
ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ ကာကွယ် ရေး ဦးစီးချုပ်နဲ့ ဗွီအိုအေ သတင်း ဌာနရဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အ ဖြေတွေအရဆိုရင် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်တဲ့ ဆန္ဒ မရှိဘူးဆိုတာ ကိုတွေ့ရ ပါတယ်။ အဲဒီတော့ ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးက ပြင်ချင်တယ် ထား ကာကွယ်ရေးဦးစီးချုပ်က မပြင်ချင်တဲ့အတွက် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ မဲ ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒ ဘယ်လိုပင်ရှိ ပါစေ။ ကာကွယ်ရေးဦးစီးချုပ်က သဘော မတူရင် ပြင်လို့ မရနိုင်ဘူး ဆိုတဲ့ သဘောပါပဲ။ တနည်းအားဖြင့် ပြည်သူလူထုရဲ့ သဘော ဆန္ဒကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းကျောင်း နိုင်တဲ့ လုပ်ပိုင်ခွင့် ရှိနေတာပါပဲ။ ဒါဟာ ဒီမိုကရေစီ ကျင့်သုံးပါမယ် ဆိုတဲ့ နိုင်ငံတစ်ခုအ တွက်ဖြစ်သင့်တဲ့ အခြေအနေ ဟုတ်ပါရဲ့လား ။
နောက်ပြီး ဗွီအိုအေနဲ့ အင်တာဗျူးမှာ ကာကွယ်ရေး ဦးစီးချုပ် က ပြောသွားတာ တစ်ခုရှိပါတယ်။ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးဆန္ဒ ပြုထားတဲ့ လူဦးရေ ငါးသန်း ဟာ မြန်မာနိုင်ငံ လူဦးရေရဲ. ၁၀ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ကျန် တဲ့ လူဦးရေ ၄၆ သန်းကိုလဲ ကြည့်ရဦးမယ်တဲ့။ ဒီပြောစကားအရတော့ ကာကွယ်ရေး ဦးစီး ချုပ် အနေနဲ့ အတွက်အချက် လွဲသွားပြီလို့ ပြောရမှာပါပဲ။ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒပြု ထားတဲ့ လက်မှတ်ငါးသန်းကို မြန်မာပြည်လူဦးရေနဲ့ အချိုးချ ရာခိုင်နှုန်း တွက်လို့ မရပါဘူး မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူဦးရေနဲ့ အချိုးချပြီး ပြောရမှာပါ။
ဆန္ဒပြု လက်မှတ် ကောက်ခံကတည်းက ပွင့်ပွင့်လင်းလင်း ကြေညာပြီး မှ ကောက်ခံခဲ့ တာပါ။ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ အသက်ပြည့် ပြီးသူမှ ဆန္ဒပြု လက်မှတ်ရေးထိုးခွင့် ရှိတာပါ ခင်ဗျ။ ကလေးစစ်သား စုဆောင်းသလိုမျိုး အသက် မပြည့်တဲ့ သူတွေ မပါပါဘူး။ နောက် တစ်ခု ပြောချင်တာက ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ပြည်သူငါးသန်းကို ၁၀ ရာခိုင်နှုန်းပဲ ရှိတာလို့ ပြော မယ်ဆိုရင် မြန်မာပြည်ရဲ့ ကြည်း၊ ရေ၊ လေ တပ်သား စုစုပေါင်း ဟာ ငါးသိန်းလောက်ပဲ ရှိတာမို့လို့ ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ ကလဲ မြန်မာပြည် လူဦးရေ စုစု ပေါင်းရဲ့ ၁ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုထား တယ်ဆိုတာကိုလဲ သတိပြုစေချင်ပါတယ်။
နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအ တွက်က လွှတ်တော်ရဲ. ၂၅ ရာခိုင်နှုန်း ဖြစ် နေတယ်ဆိုတာကတော့ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ ဘယ်လိုမှမဖြစ်သင့်တဲ့ အချိုးအစား ပဲ ဆိုတာ ကိုတော့ တကယ်တရားမျှတမှုကို လိုလားတဲ့ ဘယ်သူမဆို နားလည်လက်ခံရ မယ့် အချက်ပဲ ဖြစ်ပါတယ်။
လွှတ်တော်မှာဆွေးနွေးကြတုန်း
ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမို ကရေစီစနစ်မှာ သမ္မတတစ်ယောက် ဟာ သား သမီး သို့မဟုတ် သားသမီးရဲ့ဇနီး^ခင်ပွန်းတွေ
ဒါကြောင့်ပဲ တချို့ သော ဒီမိုကရေစီနိုင်ငံတွေမှာ သမ္မတရဲ့ဇနီး။ခင်ပွန်းတွေ ကိုယ်တိုင်တောင် နိုင်ငံခြားသား ဖြစ်နေတာကို ခွင့်ပြုထားပါတယ်။ တပ်မတော် သားကိုယ်စားလှယ်တွေ အနေနဲ့ကတော့ အ မိန့်အာဏာနဲ့ နေသားကျနေတော့ ဒီမိုကရေစီ ပုံစံနဲ့ မတွေးတတ်တော့ဘူး ဖြစ်သွားတယ် ထင်ပါတယ်။ ဒါကြောင့် လဲ သမ္မတ ဖြစ်သူရဲ့ မိသားစုထဲမှာ နိုင်ငံခြားသား ပါနေရင် တိုင်း တစ်ပါးဩဇာ ခံ ဖြစ်သွားလိမ့်မယ်လို့ တွေးထင် ယူဆနေကြတာဖြစ်မယ်လို့ ထင်ပါတယ်။ တ ကယ်တော့ ဒီမိုကရေစီသာ စစ်မှန်မယ်ဆိုရင် ၅၉( စ ) ကိုပြင်ဖို့ စိတ်ပူစရာ မလိုပါဘူး။ ဒီမိုကရေစီသာ စစ်မှန်ဖို့ လိုပါတယ်။ ဒါကို တပ်မ တော်သား ကိုယ်စားလှယ်တွေ သဘောမပေါက် ပေမယ့် ပြည်သူတွေကတော့ သဘောပေါက် ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြည်သူ လူထုတစ်ရပ်လုံးရဲ့ ဆန္ဒကို တကယ် သိ ချင် တယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထား သလို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ လုပ်နိုင်ဖို့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ကို ဆန္ဒပြုခိုင်းလိုက်ပါ။ ပြည်သူ့အဆုံးအဖြတ်ကို ခံယူမယ့် လမ်းကို လိုက်ခိုင်းလိုက်ပါ။ အဲဒီလိုဆိုရင် တပ်မတော် ဟာ ပြည်သူလူထုဆန္ဒကို ဦးထိပ်ထားတဲ့ ပြည်သူ့တပ်မတော်ဖြစ်တယ်ဆိုတ
အဲဒီလိုမဟုတ်ပဲ နိုင်ငံလူဦးရေရဲ. ၁ ရာ ခိုင်နှုန်းကိုပဲ ကိုယ်စားပြုတဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေအနေနဲ့ ကျန်တဲ့ ပြည်သူ လူထု တွေရဲ့ဆန္ဒကို လျှစ်လျူရှု ခဲ့မယ်ဆိုရင် တော့ ဒီမိုကရေစီလို့ နာမည်တပ်ထားတဲ့ အာ ဏာရှင်စနစ်ကို အကာအကွယ်ပေးနေတဲ့ တပ်မတော်အဖြစ် သမိုင်းတစ်ကွေ့ကွေ့မှာ အပြစ် တင် ခံရမှာဖြစ်တဲ့အကြောင်း သတိပေးနှိုးဆော် ပြီးခေါင်းလောင်းထိုး လိုက်ရ ပါတယ်။
စိတ်လက်ကြည်သာရှိကြပါစေ။
ညလယ်မိုး
Credit - The Ladies News Journal

No comments:
Post a Comment