လက်ရှိအစိုးရ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအပေါ် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ ထုတ်ပြန်လိုက်သော သဘောထားကြေညာချက်
၇က်စွဲ-၂၀၁၄ နိုဝင်ဘာလ ၁၃ ရက်
၁။ လက်ရှိအစိုးရမှ အတည်ပြု ပြဋ္ဌာန်းထားသော အမျိုးသား ပညာရေးဥပဒေသည် ဆိုးဝါး လျက်ရှိသော ပညာရေးစနစ် ဟောင်းကို ပြောင်းလဲအစားထိုး ပြင်ဆင်နိုင်ခြင်းရှိမည်မဟုတ်ဘဲ ယခင်အနေအထားအတိုင်းသာ ဆက်လက်ဆိုးဝါးမှုများ ဖြစ်ပေါ် လာနိုင်သည်ဟု ကျွန်ုပ်တို့ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကြီးမှ မှတ်ယူသုံးသပ်သည်။

၃။ အမျိုးသားပညာရေးဥပဒေ၏ မူဝါဒများသည် စ၊ လယ်၊ ဆုံး ဒီမိုကရေစီ မဆန်ခြင်းဖြစ်၍ လူ့ အခွင့်အရေးတန်းတူညီမျှစွာ မရရှိဘဲ ငြိမ်းချမ်းစွာ ပညာသင် ကြားခွင့်ကိုလည်း အပြည့်အ၀ အာမခံချက်ပေးနိုင်ခြင်း မရှိဟု ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
၎။ အမျိုးသားပညာရေးဥပဒေ သည် ပညာရေးစနစ်ကို စီမံခန့် ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းအား ပါဝင်ထိန်းချုပ်ခွင့် ပေးထား ခြင်း၊ ပညာရှင်များအား ပါဝင် ဆောင်ရွက်နိုင်မှု ပြည့်ပြည့်၀၀ ပေးမထားခြင်းနှင့် ကျောင်းတွင်း အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်ပေးမထားခြင်းတို့ ကြောင့် အာဏာပိုင်များကသာ တစ်ဖက်သတ် အကောင်အထည် ဖော်မည့် အဖိနှိပ်ခံပညာရေးစနစ် ကို ဆက်လက်အသက်သွင်းရာ ရောက်သည်။
၅။ အမျိုးသားပညာရေးဥပဒေ တွင် ကျောင်းသားလွှတ်တော် တစ်ရပ်ဖြစ်သော ကျောင်းသား သမဂ္ဂများ တည်ထောင်ဖွဲ့စည်း ခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားမှု မရှိခြင်းသည် ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်ရာ ရောက်သည်ဟု ကျွန်ုပ်တို့သတ် မှတ်သည်။
၆။ ကျောင်းသားပြည်သူကို အခြေခံသည့် ဒီမိုကရေစီ ပညာရေးအနှစ်သာရနှင့် ကိုက်ညီသော အမျိုးသားပညာရေးဥပဒေတစ် ရပ် ပေါ်ထွက်လာရေးအတွက် ကျွန်ုပ်တို့ တစ်နိုင်ငံလုံးရှိ ကျောင်းသားများအားလုံးက တစ်ခဲနက် ညီညွတ်စွာ တောင်းဆိုတိုက်ပွဲ ၀င်သွားမည် ဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
Credit - 7DAY DAILY
No comments:
Post a Comment