ရန်ကုန် (မဇ္ဈိမ)။ ။ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်း (မိုးပွင့် အထူးစီမံချက်) အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းအင်အားမလုံလောက်သည့် အခက်အခဲရှိသည်ဟု ခရိုင်နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ ခရိုင်ဦးစီး ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောသည်။
ပုံမှန်အချိန်များတွင် ဝန်ထမ်းအင်အား လုံလောက်သော်လည်း မိုးပွင့်စီမံချက်အရ ကွင်းဆင်းလုပ်ငန်းများဆောင် ရွက်ရာတွင် ၀န်ထမ်းအင်အား
မမျှတသည့်အပြင် ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံသားမှတ်ပုံတင်ကတ်ပြား နှင့်ပတ်သက်သည့် အသိပညာများအားနည်းနေသေးသည်ဟု ၄င်းကဆိုသည်။
ဦးရဲတင့်ထွန်းက “ကတ်ပြားလုပ်ပေးရမယ့် အရေအတွက်များရင် အထောက်အထားမပြည့်စုံရင်ရပ်ကွက်တစ်ခု ကို သုံးရက်သတ်မှတ်ပေမယ့် တစ်ခေါက်နဲ့မရပါဘူး။ ကျွန်တော်တို့မှာ ၀န်ထမ်းအင်အားနည်းပါပါတယ်။ အဲ့တာကြောင့် ရပ်ကွက်က ပညာတတ်တဲ့ပုဂ္ဂိုလ် အကူအညီများလိုအပ်ပါတယ်”ဟုပြောသည်။
ပြည်သူများ အသိပညာသိရှိစေရန် မိုးပွင့်စီမံချက်နှင့်ပတ်သက်သည့် မီဒီယာများတွင် အသိပညာပေးများ ပြုလုပ်သော်လည်း ရပ်ကွက်ကျေးရွာရှိပြည်သူများက သိရှိမှု အားနည်းနေသေးသည် ဟုလည်း ၎င်းက ဆိုသည်။
မိုးပွင့်စီမံချက်ကို ၂၀၁၅ ဇန်န၀ါရီလ ၁ ရက်က စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၂၀၁၅ ဇွန်လ ၃၀ ရက်တွင်ပြီးစီးမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment