ရန်ကုန် -မတ် ၁၀။ ။ ကျောင်းသားသပိတ်နှင့် ဆန္ဒထုတ်ဖော်သူများ ဖြိုခွင်း သည့်မြန်မာ ရဲများ EU ၏ မူများနှင့် ဆန့် ကျင်နေသည့် အတွက် စည်းမျဉ်းစည်း ကမ်များနှင့် အညီ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ် ရန်တောင်းဆို လိုက်ကြောင်း မတ်လ ၁၀ က ဥရောပ သမဂ္ဂက ထုတ်ပြန်တောင်း ဆိုလိုက်သည်။
မတ်လ ၁၀ရက်အပါအ၀င်ကျောင်းသား သပိတ်ထောက်ခံ ဆန္ဒပြမှုများနှင့်အလုပ် သမာသပိတ်များတွင်ရဲတပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းခြင်း အင်အားသုံးဖြို ခွင်းခြင်းများကြောင့်မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ သင်တန်းပို့ချခဲ့သည့် ဥရောပသမဂ္ဂ သို့ပြစ်တင်ဝေဖန်မှုများ များစွာထွက်ပေါ်လာခဲ့သည်။ထိုသို့ပြစ်တင်မှုများ ရှိနေ သည့်အတွက် ဥရောပ သမဂ္ဂက အထက်ပါ အတိုင်း ထုတ်ပြန် ခဲ့ခြင်းလည်းဖြစ်သည်။
ဤကဲ့သို့သောအခြေ အနေများတွင် ဥပေဒထဲတွင် ထည့်သွင်းရေးသားထား နိုင်ဖွယ်ရှိသော်လည်း တရားမ၀င်သည့် စင်ပြိုင်လုံခြုံရေး အဖွဲ့များ မဟုတ်ဘဲ ၊လေ့ ကျင့်ထာ သည့် ပရိုဖက် ရှင်နယ် ရဲ များကိုသာ အသုံးပြုရန် အရေး ကြီးကြောင်းနှင့် ကျွန်ုပ်တို့ EU အနေဖြင့် ရဲမဟုတ် သည့် အင်အားစု များကိုလေ့ ကျင့်မပေး ခဲ့ကြောင်းနှင့် ရဲအလုပ်များတွင် ၄င်းတို့အား အသုံးပြုမှုကို လက်မခံကြောင်း ထုတ်ပြန် လိုက်ခဲ့သည်။
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နှင့်၊ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာစုဝေးခွင့်များမှာ ဥရောပသမဂ္ဂ၏ အခြေခံ တန်ဖိုး များပင်ဖြစ် ပြီးမြန်မာရဲများ သို့လေ့ကျင့်သင် ကြားပေးရခြင်း၏အခြေခံ ရည်ရွယ်ချက်သည် လူ့အခွင့်အရေးများ ကိုလေးစားတတ်လာစေရန်၊ ညှိနှိုင်းဖြေရှင်းမှု၏ အရေးပါပုံကိုအလေး အနက်သဘောပေါက် လာစေရန် ၊နောက်ဆုံး မဖြစ်မနေ အင်အားသုံး ရမည်ဆိုပါက အင်အားကို အချိုး ကျဖြင့်သာအသုံးပြု ရန်ဖြစ်သည်။သို့သော်ဤမူများနှင့် ဖီလာ ဆန့်ကျင်နေပြီး မည်သည့် အရေး ယူဖြေ ရှင်းမှုကိုမဆို EU အနေဖြင့် အကြီးအကျယ် စိုးရိမ်မိသည်ဟု ထုတ်ပြန်ထားသည်။
မြန်မာရဲများသို့ သင်တန်းပေးရခြင်းနှင့် ပတ်သက်၍အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) တို့မှ တိုက်ရိုက်တောင်း ဆိုလာသည့် အတွက်မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ (MPF)ကို နိုင်ငံတကာ စံနှုန်း များနှင့် အညီပြုမူ ကျင့်ကြံ လာစေရန် EUမှ ရဲများကို စတင်လေ့ကျင့်သင် ကြားပေးနေခြင်းဖြစ် သည်ဟု ဆိုထားသည်။
လက်ပံတန်းတွင် ဆန္ဒပြ သူများကို အင်အား သုံးဖြိုခွင်း သည်ဟူသည့် သတင်းများကို ကြားရ သည့်အတွက် အလေးအနက် စိုးရိမ်ကြောင်းနှင့် စည်းမျဉ်းစည်း ကမ်းနှင့် အညီ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြု လုပ်ရန်တောင်း ဆိုထားသည်။
တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦး”ကိုယ့်တိုင်း သူပြည်သားတွေ အပေါ်မှာရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ် ပါတယ်။ အရင်က လယ်သမားတွေ လယ်မြေ အရေးစ တဲ့ဖြစ်စဉ်တွေတုန်း ကသေနတ်နဲ့ ပစ်တဲ့ ကိစ္စကိုတောင် လျစ်လျူရှု ထားပြီး ရက်ရက်စက်စက်နှိမ် နင်းသေးတာပဲခုလို နံပါတ်တုတ်နဲ့ ရိုက်တာလောက် ကတော့ သူတို့အတွက် မပြောပြလောက် ဘူးလုပ်မှာပဲ’’ ဟုပြောသည်။
ဥရောပသမဂ္ဂမှ နှစ်ဖက်စလုံးလက်ခံနိုင်သည့် အဖြေတစ်ခု ကိုရောက်ရှိရန် မှာနှစ်ဖက်စလုံးမှ ဥပဒေနှင့် အညီပြု မူပြီးနှစ်ဖက်စလုံး မှလျှော့ရ မည်ဖြစ်ကြောင်း၊ ဥပဒေစိုးမိုးမှုတွင် အစိုးရရော၊ ဆန္ဒပြ သူများပါ နှစ်ဖက်စလုံးနှင့် သက်ဆိုင်ကြောင်း၊မြန်မာ ကဲ့သို့သော တစ်မူထူးခြားသည့် သမိုင်းအစဉ်အ လာနှင့်နိုင်ငံ တစ်ခု တွင်တွေး ပုံခေါ်ပုံ များပြောင်းလဲရန် လိုအပ်သော်လည်း အချိန်ယူ ရပါမည်ဖြစ်ပြီး မကြာသေးမီ ကဖြစ်ရပ် များကဖော်ဆောင်နေဆဲ အပြောင်း အလဲကိုဆက် လက်ဖော်ဆောင်ရန် လိုအပ်ကြောင်း အတည်ပြု လိုက်ခြင်း ပင်ဖြစ်ပါ သည်ဟူ၍ လည်းထောက်ပြ ထားသည်။
Credit - Mizzima News
No comments:
Post a Comment