‘ဝတ္ထုငွေက ခန့်မှန်းခြေ လေးသောင်းဝန်းကျင်လောက်ရှိမယ်’
လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရန်ကုန်သို့ ချီတက်ရန် ပိတ်ဆို့ထားသော လုံခြုံရေးရဲများ ကိုဖောက်ထွက် ရန်ကြိုးပမ်းသည့် သပိတ်မှောက်ကျောင်း သားများကို လုံခြုံရေး ရဲများက နံပါတ်တုတ် များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ လယ်ပိုင်း ကဖြစ်စဉ်တွင် လုံခြုံရေးရဲ များက အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်းကိုပါ ဝင်ရောက်စီးနင်း ပြီးကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်၍ အသုံး အဆောင် ပစ္စည်းများ အပါအ ဝင်ကျောင်းထိုင် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ဝတ္ထုငွေ များကိုပါ ရဲတပ်ဖွဲ့က သိမ်းယူသွား ခဲ့သည်ဟု မိန့်ကြား ခဲ့သည့် ယင်းကျောင်းတိုက် ၏ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဝံသ(ဓမ္မာစရိယ)ကို မဇ္ဈိမ သတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်း ထားသည်။

မေး။ ။ ၁၀ရက်နေ့ ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းထဲကို ရဲတွေပြေးဝင်သွား တာတွေ့ခဲ့တယ်။ အဲ့ဒီအခြေ အနေကို အကျဉ်းချုပ် ပြီးပြောပြပေး ပါလား။
ဖြေ။ ။ ကလေး(ကျောင်းသား)တွေ ကပြေးလာတယ်။ များသောအားဖြင့်ကျောင်း ထဲပြန်ဝင်လာ ကြတယ်။ သူတို့ အဖမ်းခံမယ် ဆိုပြီးတော့ပေါ့။ အဲ့မှာ ရဲတွေက အုပ်လိုက်ကြီး ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့ပြောတာက ထွက်မလာရင် သတ်မယ် ၊ဖြတ်မယ်၊ အဲ့လောက် အထိပြောတယ်။ ကလေးတွေ ကလည်းပြော တယ်။ အေးအေးဆေးဆေး အဖမ်းခံမယ်။ ဘုန်းကြီး လည်းကျောင်းပေါ် ကဆင်းပြီးတော့မေတ္တာရပ်ခံတယ်။ခေါင်းဆောင် ဒကာကြီးတွေ ကိုပေါ့။အေးအေးချမ်း ချမ်းလုပ်ပါ၊ သူတို့ လည်းအေးအေးဆေးဆေး အဖမ်းခံမှာ ပါဆိုတော့ တင်ပါ၊ တင်ပါလို့တော့ပြော တယ်။ခေါင်းဆောင် ရဲမှူးလား၊ ဘာလားတော့ မသိဘူး။ အဲ့ဒါ နဲ့အကုန်အဖမ်းခံလိုက်တယ်။ ပုံစံထိုင်ခိုင်းပြီး ရိုက်ဟယ်၊နှက်ဟယ်တော့ ဖြစ်ကုန်တာပေါ့။ အချုပ်ကားပေါ်တက်ခါနီးအထိရိုက်တာ၊ ပုတ်တာတွေတော်တော်မြင် ရတယ်။ စိတ်တော့ မကောင်း စရာပဲ။ သာသနာ့နယ်မြေမှာ ဒါတော့ မဖြစ်သင့် ဘူးပေါ့ကွာ။
မေး။ ။ ဒီလို သာသနာ့ နယ်မြေထဲမှာ ရိုက်တာ၊ နှက်တာ တွေ့လိုက်ရတော့ ဆရာတော် ရဲ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။
ဖြေ။ ။ သာသနာ့နယ်မြေဆို တာအေးချမ်းတဲ့ နယ်မြေလေ။အေးအေး ချမ်းချမ်းလေးဖြေရှင်း ပြီးခေါ်သွားရင် သူ့ဟာနဲ့သူ အဆင်ပြေတယ်လေ။ ဘုရား ၊ကျောင်း၊ ကန်ထဲမှာ ရိုက်လား၊ ပုတ်လားဖြစ်တော့လည်း စိတ်ထဲတော့ အဆင်မပြေဘူး ဒကာလေးရဲ့။
မေး။ ။ ကျောင်းထဲကို ဝင်လာတဲ့ ရဲအင်အား ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ၅၀ ကျော်ကျော်လောက် ရှိမယ်။ကျောင်း သားတွေ အချုပ်ကားပေါ် မတက်ခင် ဟိုဘက်၊ဒီဘက်မှာ တစ်ဖက်ကို ၁၅ယောက်စီ ဝိုင်းထားတာ။ ၅၀နဲ့ ၁၀၀ ကြားလောက်တော့ ရှိမယ်။
မေး။ ။ ဆရာတော်က အေးအေးချမ်းချမ်းဖြစ်ဖို့ မေတ္တာရပ်ခံတဲ့အချိန်မှာ ရဲတွေဘက်က ဘယ်လို အမူအယာ ရှိနေလဲ။
ဖြေ။ ။ ခေါင်းကြီးပိုင်း (ခေါင်းဆောင်ပိုင်း)ကတော့ သူတို့ ပုံမှန် အတိုင်း ပါပဲ။ တင်ပါ၊ တင်ပါလို့ ပဲလျှောက်တယ်။
မေး။ ။ ရိုက်တာ ၊နှက်တာတွေအပြင် ကျောင်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ သိမ်းဆည်း တာမျိုးရော ရှိပါသလား။
ဖြေ။ ။ ဖုန်းတွေရော၊ ဝတ္ထုငွေတွေရော အကုန်သိမ်းသွားတယ်။ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ဘာမှမကျန်ခဲ့ဘူး၊ အကုန်သိမ်းတာ။ ဘုန်းကြီး အခန်းထဲက ဖုန်းရယ်၊ ဝတ္ထုငွေရယ်ပါ ပါသွား တယ်။တွေ့ရာ အကုန်ယူတာ။ ဖုန်းတို့၊ ဝတ္ထုငွေတို့ဆို ဘာမှမထားဘူး။ အကုန်ယူတာ။
မေး။ ။ ဆရာတော်ဖုန်းကို ဆက်တာ ဖုန်းပိတ် ထားတယ် လို့ပြောနေတယ်။ အခုအချိန် ထိပြန်မပေးသေး တာလား။
ဖြေ။ ။ မရဘူးညီလေး။ တိုင်းက ဒကာကြီးတွေ ကိုတော့ပြော ထားတယ်။ အခုထက်ထိပြန် မရသေးဘူး။
မေး။ ။ ရဲတွေယူသွားတဲ့ ဆရာတော်ရဲ့ ဝတ္ထငွေက ပါသလဲ။
ဖြေ။ ။ ဝတ္ထုငွေက ခန့်မှန်းခြေ လေးသောင်းဝန်းကျင်လောက်ရှိမယ်။ အတွင်းခန်းထဲက ဖျာအောက်မှာ ထားတာ လေ။
မေး။ ။ ကျောင်းသားတွေကို တည်းခိုခွင့်ပေးခဲ့တဲ့ ဆရာတော်အနေနဲ့ အခုကျောင်းသားတွေ ရိုက်နှက်ပြီး အဖမ်းခံရတဲ့အပေါ် ဘာများမိန့်ကြားလိုပါသလဲ။
ဖြေ။ ။ မဖြစ်သင့်တဲ့အရာ ဖြစ်သွားတယ် ညီလေးရာ။
မေး။ ။ အခုဖြစ်စဉ်မှာ အစိုးရဘက်ကတော့ ဥပဒေနဲ့အညီ လုပ်တာလို့ ပြောတယ်။ ဆရာတော်ကရော ဒီအပေါ် ဘာများ မိန့်ကြားချင်ပါသလဲ။
ဖြေ။ ။ အဲ့ဒါတော့ မဖြေချင်ဘူး ညီလေးရာ။ မသိတဲ့အခါကျတော့ ဖြေလိုက်ရင် တစ်မျိုးဖြစ်သွားမယ်လေ။ ဥပဒေကြောင်းအရ နားမလည်ဘူးလေ။
မေး။ ။ ဒီဖြစ်စဉ်အပေါ်မှာ ဆရာတော်အနေနဲ့ ဖြည့်စွက်ပြီး ဘာများမိန့်ကြားလိုပါသလဲ။
ဖြေ။ ။ ဒါမျိုးဖြစ်သွားတာတော့ ဘယ်ဘက်မှ မကောင်းဘူးပေါ့။ နိုင်ငံအတွက်လည်း ဆုတ်ယုတ်တာပေါ့နော်။ မင်းမင်းတွေ့ ဆုံမေးမြန်း သည်။
Credit - Mizzima News
No comments:
Post a Comment