ကြီးမြတ်သူကို စော်ကားမှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး
ဥပဒေများဖြင့် အကာ အကွယ်ပေး ထားသော ဘုရင်စနစ်ကို ဂုဏ်သရေ ညှိုးနွမ်းစေ
မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို အသနားခံ ခဲ့ပြီးနောက်တွင်
ဗုဒ္ဒဟူးနေ့က ထိုင်းမင်းသမီးဟောင်း တစ်ပါး၏ မိဘနှစ် ဦးစလုံး ကိုထောင်ဒဏ်
၂နှစ်နှင့် ၆ လပြစ်ဒဏ် ချမှတ်လိုက် သည်ဟု သိရှိရသည်။

ထိုင်းမင်းသမီးဟောင်း စရီရပ်စမီ။
အပူရပ်ဆူဝါဒီ (၇၂နှစ်)နှင့် ၄င်း၏ ၆၆နှစ်အရွယ်ဇနီး ၀ါသာနီးတို့နှစ်ဦးမှာ ယမန်နှစ်က ၎င်း၏မိသားစု ပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှု အရှုပ်တော် ပုံတစ်ခု လူသိရှင် ကြားဖြစ် ပြီးနောက် ဥပဒေကြောင်းအရ ကြားနာ စစ်ဆေး မှုများကို ရင်ဆိုင်နေ ရသည့် အရာကျ သွားသော မင်းသမီးဟောင်း စရီရပ် စမီ၏ အရင်းနှီး ဆုံးဆွေမျိုး များထဲ မှနောက် ဆုံးနှစ်ယောက်ဖြစ်သည်။
တရားခံနှစ် ဦးစလုံးက မလိုမုန်းထား စိတ်နှင့်ပြော ဆိုချက်ဖြစ်ကြောင်းနှင့် ၂၀၀၃ခုနှစ် ကအမျိုးသမီး တစ်ဦးကိုမှား ယွင်းသော စွဲချက် များတင်ရန် အာဏာပိုင် များကိုတောင်းဆို ခဲ့ကြောင်းပြောကြား ရင်းတော်ဝင် မိသားစုကို စော်ကား သည့်ပြစ်ဒဏ်ကို အယူခံဝင် ခဲ့ကြသည်။
ဗုဒ္ဒဟူးနေ့က ရုံးတော်ကထုတ်ပြန်သည့် စီရင်ချက်တွင်မူ ဘုရင်စနစ်ကိုစော်ကားမှုဖြင့် တရားခံနှစ်ဦးစလုံးအား ပြစ်မှုထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ် ခဲ့ပြီးထောင်ဒဏ် ၅နှစ်ပြစ်ဒဏ် ချမှတ်ခဲ့သည် ဟုဖော်ပြ ထားသည်။
နှစ်ဦးစလုံးက ၀န်ခံဖြောင့်ချက်ပေးသဖြင့် တရားသူကြီးက ပြစ်ဒဏ်ကို ခံဝန်ကာလမပါနှစ်နှစ်နှင့်ခြောက်လသို့ တစ်ဝက်လျှော့ချပေးခဲ့သည်ဟုလည်း စီရင်ချက် တွင်ဖော်ပြ ထားသည်။
သူမ၏ အစ်မ၊ ခယ်အို၊ မောင်နှစ်ယောက်၊ တူတစ်ယောက်နှင့် မိဘနှစ်ပါး အပါအ၀င် စရီရပ်စမီ၏ မိသားစုဝင် အနည်းဆုံး ရှစ်ယောက်မှာ ကြီးမြတ် သူကိုစော် ကားမှုဆိုင်ရာ ဥပဒေ များအရပြစ်ဒဏ် စီရင်ခံရ ပြီးထောင်ဒဏ် များအသီးသီး ကျခံနေ ကြရသည်။
စရီရပ်စမီ၏နောက်ထပ်ဆွေမျိုးတစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံ၏ အထက်လွှာ ဗဟိုစုံစမ်းထောက်လှမ်းရေး ဗျူရို၏ အကြီးအကဲဟောင်း ပုံပတ်ချာယာပွန် မှာလည်း တရားမ၀င်လောင်းကစား၊ ခြိမ်းခြောက်ငွေ ညှစ်မှုနှင့်ပြန်ပေးဆွဲမှုများအထိ လွှမ်းခြုံနေသည့် ရာဇ၀တ်မှုအင်ပါယာကြီးနှင့် အဆက်အသွယ်ရှိသည် ဟူသောပြစ် မှုအမြောက်အမြားဖြင့်ထောင်ဒဏ်၃၂နှစ် ချမှတ်ခြင်း ခံနေရသည်။ ချာယာပွန်မှာကနဦးကလည်း ကြီးမြတ်သူ ကိုစော်ကားမှု ဥပဒေဖြင့်ထောင် ဒဏ်ခြောက်နှစ် ချမှတ်ခံရပြီး သားဖြစ်သည်။
စရီရပ်စမီ၏သွေးချင်း များမှာလည်း အကြီးတန်း ရဲအရာရှိတစ်ဦး အသတ်ခံ ရမှုနှင့်အတူ အကျင့် ပျက်ခြစားမှု အရှုပ်တော်ပုံ အစပိုင်း ကတည်းက အဖမ်းခံထား ရသည်။
သို့ရာတွင် စရီရပ်စမီ၏ မိဘနှစ်ပါးအား စွဲဆိုသည့် အမှုမှာမူ အိမ်နီး ချင်းဟောင်း တစ်ဦးက ၎င်းအား ဆူဝါဒီ လင်မယားက ဆယ်နှစ်အလွန်က လိမ်လည် အမှုစွဲ ဆိုခဲ့သောကြောင့်ထောင်ဒဏ် ၁၈လ ကျခံခဲ့ ရကြောင်းပြော ဆိုချက်ကို ဗဟိုပြု ၍နောက်ပိုင်း တွင်မှ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။
ရုံးတော်၏ စီရင်ချက် အရမူ ဆူဝါဒီလင်မယားက ၎င်းတို့၏ အိမ်နီးချင်းကို ခြိမ်းခြောက် လိုသည့် အတွက် ထိုအချိန်က သူတို့၏ သမီးနှင့် လက်ထပ် ထားခဲ့သည့် အိမ်ရှေ့မင်းသား မဟာ ၀ဇီရလောင်ကွန်နှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံပြော ဆိုခဲ့သည်ဟု ဆိုသည်။
နောင်တွင် အိမ်ရှေ့မင်းသား ၀ဇီရလောင်ကွန်က စရီရပ်စမီကို ကွာရှင်းခဲ့ပြီး စရီရပ်စမီမှာလည်း လူထုကို အံ့သြမှင် သက်စေ ခဲ့သော အကျင့်ပျက်ခြ စားမှုအ ရှုပ်တော်ပုံ၏ နောက်ဆက်တွဲ အဖြစ်တော်ဝင် မင်းသမီး ဘွဲ့ကို စွန့်လွှတ်ခဲ့ရသည်။
Credit - Mizzima News
No comments:
Post a Comment