တောင်တရုတ် ပင်လယ်၏မြေပုံတွင် အစက်လိုင်း ကိုးလိုင်း ကိုဖော်ပြကာ
ပိုင်ဆိုင်သည် ဆိုသည့်တရုတ် ၏ပြောကြားချက်ကို ပယ်ချကြောင်း အာဆီယံ အဖွဲ့၏
ဗီယက်နမ်လူမျိုး အကြီးအကဲ ကပြောကြား ခဲ့မှုအပေါ် တရုတ် ကဒေါသတကြီး
တုံ့ပြန်ခဲ့သည်။

အာဆီယံအတွင်းရေးမျူးချုပ် လီ လူယောင်မင်း။
တောင်တရုတ် ပင်လယ်တွင် များပြားလှ သည့်ကျွန်းများ၊ သန္တာကျောက် တန်းများအပေါ် ၎င်း၏အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အယုံကြည် လွန်စွာပြောဆို ရန်မြေပုံတွင် အစက် လိုင်းများ သုံးသည့် တရုတ် ၏ပေါ်လစီကို အာဆီယံက ပယ်ချကြောင်း အာဆီယံ အတွင်းရေး မှူးချုပ်နှင့် ၀ါရင့် ဗီယက်နမ် သံတမန် လီလူယောင်မင်းက လွန်ခဲ့သည့် သီတင်းပတ်က မနီလာတိုင်းမ် သတင်းစာ ကိုပြောကြား ခဲ့သည်။
အာဆီယံ၏ စီးပွားရေးပေါင်း စည်းမှု သည်ဖြစ် ပွားနိုင်သည့် ရန်လိုမှု သို့မဟုတ် ပဋိပက္ခ တို့ကြောင့် ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ထပ်မံပြော ကြားခဲ့သည်။ ပင်လယ်များတွင် ရန်လိုသည်ဟု ရှုမြင်သည့် တရုတ်၏ လှုပ်ရှားမှု များကို မကျေမနပ်ဖြစ် သည့်အကြောင်း အကြိမ်ကြိမ်ပြော ကြားခဲ့ရှိသည်။
တရုတ်က အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုကို အမြဲတစေ ကူညီထောက်ပံ့ ခဲ့သော်လည်း အာဆီယံ သည်တောင်တရုတ်ပင်လယ် အငြင်းပွား မှုဆိုင်ရာ ပါတီ တစ်ခု မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနပြော ခွင့်ရပုဂ္ဂိုလ်ဟောင်လေ ကပြောကြား ခဲ့သည်။
အာဆီယံအတွင်းရေးမှူးချုပ်သည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အချက်အလက်များနှင့် မကိုက်ညီသည့်၊ ရာထူးနှင့်မကိုက်ညီသည့် ဘက်လိုက်ပြော ကြားချက်များ စွာပြုလုပ် ခဲ့သည်ဟု ဟောင်လေ ကနေ့စဉ်သတင်း စာရှင်းလင်းပွဲ တွင်ပြောကြား ခဲ့သည်။
"ဒါဟာဘက်မလိုက်တဲ့ အာဆီယံရဲ့ရပ်တည်ချက်ကနေနက်နက်ရှိုင်းရှိုင်းသွေဖည်မှုပါ။ အတွင်းရေးမှူး ချုပ်အနေနဲ့သက်ဆိုင်ရာ ကိစ္စပေါ်မှာသာ ရှိသင့်ပါတယ်။ သူ့ကြောင့်ဒေသ ဆိုင်ရာနိုင်ငံ တကာအဖွဲ့ အစည်းတစ်ခုရဲ့ ပုံရိပ်ကို ထိခိုက်စေ ပါတယ်"ဟု ၎င်း ကပြောကြား ခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က အတွင်းရေးမှူးချုပ်၏စကားကို တရုတ်က ယခုမှတုံ့ပြန်ခြင်းမှာ မည်သည့် အတွက်ကြောင့်ဟု ရှင်းလင်းစွာမ သိရသေးပေ။ တရုတ် ၏ပြောကြားချက် အရတောင်တရုတ် ပင်လယ်၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်ပိုင်ဖြစ်နေသည်။
Credit - Mizzima News
No comments:
Post a Comment