လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများတွင် အလုပ်အကိုင် အခွင့်အလမ်းအများအပြား ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဓိက ခွင့်ပြုပေးနေပြီး အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းတပ်ဆင်ရေးစသည့် လုပ်ငန်းများကို ခွင့်ပြုပေးနေသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအထိ အလုပ်အကိုင်အခွင့်အလမ်း အများအပြား ဖန်တီးပေးနိုင်မည့် လုပ်ငန်းပေါင်း ၁၁၂ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီးဖြစ်ပြီး တစ်လလျှင် လုပ်ငန်း ၁၁ ခုခန့် ခွင့်ပြုပေးသည့်အနက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,၀၀၀ ကျော်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ လစဉ် ဖန်တီပေးနိုင်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တွက်ချက်ထားသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အ ကိုင် အခွင့်အလမ်းပေါင်း ၂၄၆,၀၂၃ ခု ဖန်တီးပေးနိုင်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်အ ခွင့်အလမ်း ၅၅,၆၆၈ ခု ဖန်တီးပေးနိုင်ခဲ့ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၁,၆၉၁ ခု ဖန်တီးပေးနိုင်ခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၂၄ နှစ်တာအတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့သည့် ပမာဏနှင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း လေးနှစ်တာ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု ပမာဏသည် တူညီမှုနီးပါးရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တွက်ချက်ထားသည်။
Credit - Mizzima News

No comments:
Post a Comment