အမျိုးသား ပညာရေး ဥပဒေကို ကြားနာဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့သော်လည်း
မတက်ရောက်နိုင်ခဲ့သည့် ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER ကို ထပ်မံဖိတ်ကြားကာ ကြားနာမှု
ဆက်လုပ်သွားမည်ဟု အမျိုးသားလွှတ်၏ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက
မတ်လ ၈ ရက်တွင် ပြောဆိုလိုက်သည်။

အမျိုးသား
ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ ကျောင်းသား
ကိုယ်စားလှယ်များနှင့် ကြားနာရန် အမျိုးသားလွှတ်တော် အဆောက်အဦးရှိ
အစည်းအဝေး ခန်းမငယ်တွင် ရောက်ရှိနေသည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ
ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ
ကော်မရှင် ဥက္ကဋ္ဌနှင့် ပညာရှင်များကို မတ်လ ၅ ရက် တွေ့ရစဉ်။ (ဓာတ်ပုံ -
မောင်သင်တုန်း၊ မဇ္ဈိမ)
မတ်လ ၈ ရက် တွင် နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်များသည် အမျိုးသား ပညာရေး ဥပဒေကို ကြားနာဆွေးနွေးနေပြီဖြစ်သည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ မတ်လ ၇ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ကြားနာ ဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရှုပ်ထွေးနေသည့် အခြေအနေများကြောင့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း မတ်လ ၆ ရက်တွင် NNER က ထုတ်ပြန်ထားသည်။
အလားတူပင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂသည်ကိုလည်း အဆိုပါ ကြားနာပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း လက်ပန်တန်းတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြ တောင်းဆိုနေသည့် ကျောင်းသားများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ တားဆီးထားသည်ဟူသည့် အကြောင်းပြချက်ဖြင့် ကြားနာဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ကြောင်း ဗကသ ထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment