ပဲခူးတိုင်းနယ်လုံဝန်ကြီးနှင့် ကျောင်းသားတို့ ပထမပိုင်းသဘောတူညီချက်တွင် သပိတ်စခန်းမှ ၁၀ မိနစ်ခန့် လမ်းလျောက်သွားရသည့် တာဆုံရွာသို့ လမ်းလျောက်ချီတက်ရန် သဘောတူထားသော်လည်း ယခုမူ ထိုသို့
ခွင့်မပြုနိုင်ကြောင်း၊ ကားများကို သပိတ်စခန်းအရောက် ခေါ်ဆောင်လျက် တိုက်ရိုက် ကားပေါ်တက်စေကာ ကားများကိုလည်း တစ်စုတစ်စည်းတည်း ထွက်ခွင့်မပေးဟု ပြောဆိုခြင်းကြောင့် ငြိနှိုင်းမှု အဆင်မပြေဘဲဖြစ်နေသည်။
ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်က နယ်လုံဝန်ကြီး၏ တားမြစ်ချက်ကို သဘောတူပါက မတ်တပ်ရပ်ဆန္ဒပြုရန် ဆန္ဒခံယူရာ ကျောင်းသားတစ်ဦးတစ်ယောက်မျှ မတ်တပ်ရပ်ဆန္ဒမပြုဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment