Thursday, March 12, 2015

လက်ပံတန်းအကြမ်းဖက်ဖြိုးခွဲမှုကို လက်မခံနိုင်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးကို လွှတ်တော်က ငြိမ်ချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် ကြားနားပွဲများ ပြုလုပ်နေချိန်တွင် လက်ပံတန်း ဒီမိုကရေစီပညာရေး လှုပ်ရှားသည့် ကျောင်းသားများအား အကြမ်းဖက်ဖြိုခွဲမှုအပေါ်မကြိုတ်ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က မဇ္ဈိမကိုပြောသည်။

လွှတ်တော်မှာ ကြားနာပွဲများ ပြုလုပ်နေသည့်အချိန်တွင် ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ဥက္ကဌကြီးအနေဖြင့် မှတ်ချက်ပေးပါဟု မေးမြန်းမှုကို “မကြိုတ်ဘူးပေါ့။ ဒါကလည်း အုပ်ချူပ်မှုအပိုင်းပဲလေ” ဟု အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က မဇ္ဈိမကိုပြောသည်။

“တို့ဘက်ကတော့ စောစောကပြောတဲ့အတိုင်းပဲ။ အဘရဲ့ သဘောကတော့ ဆရာကျော်ဝင်း ရေးထားတဲ့အတိုင်ပဲ၊ လွှတ်တော် လမ်းကြောင်းကပဲ ရှင်းချင်တယ်၊ ကလေးတွေကို နားလည်အောင် ပြောပြချင်တယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ပညာရေး ဥပဒေကြမ်း စတင်ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး လတ်တစ်လောတွင် ကြားနာပွဲများ အထူးတစ်ရပ်အနေဖြင့် မတ် ၅ ရက်မှ မတ် ၁၅ ရက်အထိ ဆောင်ရွက်လျက်ရှိသည်။

ဒီမိုကရေစီ ပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ ကျောင်းသားနှင့် ပညာရေးစနစ် ပြုပြင်ပြောင်လဲရေး နိုင်ငံလုံဆိုင်ရာကွန်ရက်ကို အမျိုးသားလွှတ်တော် ကြားနားပွဲတွင် တွေ့ဆုံရန် မတ် ၁၆ ရက်နှင့် မတ် ၁၇ ရက်များကို လျာထားသည်ဟု သိရသည်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က လွှတ်တော်နှင့် ကျောင်းသားအဖွဲ့ တွေ့ဆုံလိုသည့် အချက်နှင့်ပတ်သက်ပြီး “သူတို့ဘာကို ဆိုလိုချင်တာ ဘာလဲဆိုတာ အတိအကျသိဖို့၊ ပြီးတော့ ဒါဟာဖြစ်နိုင်လား မဖြစ်နိုင်လားသူတို့နဲ့ ဆွေးနွေးလိုက်ရင် ပြီးပါတယ်။ ကျောင်းသားတွေလည်း အသိဉဏ်ရှိတာပဲလေ တစ်ကယ်တမ်းရှင်းပြလိုက်ရင် ဖြစ်သင့်တဲ့ဟာ မဖြစ်သင့်တဲ့ဟာ နားလည်းနိုင်မှာပါ၊ အဆင်ပြေသွားမှာပါ” ဟု ပြောသည်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ယနေ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား ကြားနာပွဲတွင် ရိုက်ကူးထားသည့် ဗီဒီယိုင်ဖိုင်အား ပြသမှုအပြီးတွင် မီဒီယာ အချို့၏ မေးမြန်းမှုကို အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment