Tuesday, March 10, 2015

ကျောင်းသားသပိတ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ပါဝင်သည်ဟု အွန်လိုင်းတွင် သတင်းဖျန့်

ရန်ကုန် (မဇ္ဈိမ)။ ။ ကျောင်းသား သပိတ်တွင် လာရောက်ပူးပေါင်းသော ရှမ်း ၊ ကယားကျောင်းသားများတွင် KNPP မှ ဖောက်ခွဲရေး သင်တန်းဆင်း တစ်ဦးပါဝင်သည်ဟု လူမှုကွန်ရက် စာမျက်နှာများမှတဆင့်  သတင်းများ ထွက်ပေါ်နေပြီး KNPP  က ငြင်းဆိုလိုက်သည်။

Student-Strike-lapatan-5
(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)



လက်ပံတန်းသပိတ်စစ်ကြောင်းကို မတ် ၁၀ ရက်နေ့လည် ပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖြိုခွင်းလျှက်ရှိပြီး ထိုသတင်းများလည်း အွန်လိုင်းတွင်
ပျံ့နှံလာခြင်းဖြစ်သည်။

ဗကသ သပိတ်စစ်ကြောင်းသို့ ရှမ်း၊ကယား ကျောင်းသားသမဂ္ဂမှ လာရောင်ပူးပေါင်းခဲ့သော ကျောင်းသား ငါးဦးတွင် KNPP မှ ဖောက်ခွဲရေးသင်တန်းဆင်း တစ်ဦးပါဝင်သည် ဟု အွန်လိုင်းသတင်းနှင့် ဓာတ်ပုံများ ပျံ့နှံနေခြင်းဖြစ်သည်။

"ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးထားတာလဲ ကြာပြီ ကျွန်တော်တို့ အဖွဲ့ဝင်ကို ရည်ရွယ်ချက်နဲ့ လွှတ်စရာအကြောင်းမရှိဘူး၊
သတင်းဖျန့်တဲ့သူတာ ရည်ရွယ်ချက်ရှိတာ ဖြစ်ရင်ဖြစ်မယ်" ဟု  KNPP မှ ဗိုလ်မှူးကြီးဘုန်းနိုင်က မဇ္ဈိမကို ပြောသည်။

အင်တာနက်စာမျက်နှာများတွင် "သပိတ်စစ်ကြောင်းများကို ဖြိုခွဲလျှင် ကျောင်းသားတော်လှန်ရေး စတင်နိုင်ရန် ရည်ရွယ်ထားသည် " ဟု ရေးသားထားသည်။

မတ်လ ၁၀ ရက်တွင် လက်ပတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းပြီး သတင်းထောက်များကိုလည်း ရိုက်နက် လျှက်ရှိကာ ကျောင်းသားများဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဟု  မဇ္ဈိမသတင်းထောက်က သတင်းပို့သည်။

Credit - Mizzima News

No comments:

Post a Comment