ရန်ကုန် (မဇ္ဈိမ)။ ။ အကြမ်းဖက်နှိမ်နှင်းခံရသော ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများက မတ် ၁၂ ရက်တွင် ဖဲကြိုးအနက်ရောင် လက်မောင်းစည်း ဝတ်ဆင်ခြင်းလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ယုဝေက မဇ္ဈိမသို့ ပြောသည်။
“ကျွန်တော်တို့ ကျောင်းတစ်ကျောင်းတည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ စာသင်မယ်၊ လုပ်မြဲအတိုင်း လုပ်သွားမယ်၊ ဒါပေမဲ့ တစ်ခုထူးခြားတာက လက်မောင်းမှာ ဖဲကြိုးအမည်းကို ၀တ်ဆင်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ဖဲကြိုးအနက်ရောင် လက်မောင်းစည်း ဝတ်ဆင်ထားခြင်းသည် မတ် ၁၀ ရက်တွင်ဖြစ်ပွားခဲ့သည့် လက်ပံတန်းရှိ အကြမ်းဖက်နှိမ်နင်းခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခြင်ြး ဖစ်သည်။
ထိုသို့ လုပ်ဆောင်မှုကို မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသာ မတ် ၁၂ ရက်နေ့ တစ်ရက်သာ ဝတ်ဆင်သွားမည် ဖြစ်သည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း လူစည်ကားရာ နေရာများတွင် အဖြူရောင် လက်ပတ်များကို ပြည်သူများထံ ဝေငှကာ လက်ပတ်လက်ခံသူ ပြည်သူများက အစိုးရ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် အဖြူရောင်လက်ပတ်ကို ဝတ်ဆင်မည့်လှုပ်ရှားမှုကို ပြုလုပ်မည် ဖြစ်သည်။ ထိုလှုပ်ရှားမှုကို ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်ကျဆုံးသည့်နေ့ မတ်လ ၁၃ ရက်တွင် စတင်မည်ြ ဖစ်သည်။
Credit - Mizzima News
No comments:
Post a Comment