Saturday, March 14, 2015

ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းခြင်းအပေါ် ပြင်သစ်နှင့် အမေရိကန်တို့ အစိုးရ အပေါ်ပြစ် တင်ဝေဖန်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေ ကြသောကျောင်း သားများကို အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုကို ရှုတ်ချကြောင်းပြင်သစ် အစိုးရက မတ်လ ၁၃ ရက်တွင်မြန် မာနိုင်ငံ ဆိုင်ရာပြင်သစ်သံရုံးမှ  တဆင့် ထုတ်ပြန် ခဲ့သည်။

ရန်ကုန်တွင် မတ်လ ၅ ရက် ကဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှု နှင့် မတ်လ၁၀ ရက်က လက်ပံ တန်းမြို့ တွင်ဖြစ် ပွားခဲ့သည့် အကြမ်းဖက်မှုများ သည်ပြန်လည် ရင်ကြားစေ့ရေး ကိုနောက်ပြန်ဆွဲစေပြီး နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်
တစ်ဘက်နှင့်တစ်ဘက်အပြန်အလှန် ယုံကြည်မှုကို ထိခိုက် ပျက်ပြားစေနိုင်ကြောင်း အမေရိကန် အစိုးရ ကမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တစ်ဆင့် မတ်လ ၁၃ ရက်က ထုတ်ပြန်ပြော ကြားလိုက်သည်။

ပြင်သစ်အစိုးရက မတ်လ  ၅ ရက်၌ဖြစ်ပွားခဲ့သော ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အမျိုးသားပညာရေး ပင်မသပိတ် စစ်ကြောင်း ကိုထောက်ခံကြောင်း ဆန္ဒပြ သူများကိုလူစုခွဲမှုအပေါ် စုံစမ်းရန်ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်းမှန်ကန်သော အချက်များကိုမီးမောင်း ထိုးပြနိုင် ရန်မျှော်လင့်သည် ဟုဆိုထားသည်။

အမေရိကန်အစိုးရကလည်း အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်း များပါဝင်ပြီး ပွင့်လင်းမြင် သာမှုရှိသည့်၊ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှုနှင့် အသေးစိတ် မှတ်တမ်း တင်ခြင်း များဖြင့်ဖြစ်ပျက်ခဲ့ သည်များကို အဖြေရှာ ပြီးနောက် တစ်ကြိမ် ထပ်မဖြစ်စေရန် ကူညီတားဆီး ရန်နှင့်ရှေ့ ဆက်မည့် ယုံကြည်စိတ် ချရမှုကို တည်ဆောက် သွားနိုင် ရန်မျှော်လင့် သည်ဟုလည်း ဆိုထားသည်။

မြန်မာပြည် ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းတွင် စိတ်ရှည်သည်းခံမှု၊နှစ်ဘက်ဆွေးနွေး ညှိနှိုင်းပြေလည် မှုနှင့်စောင့်ထိန်းချုပ် တည်းမှုများ ထားရှိရန် လည်း ရန်ကုန်ရှိ အမေရိကန် သံရုံးက တွစ်တာမှ တစ်ဆင့် တိုက်တွန်း ချက်ထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံရဲများ ကိုလေ့ကျင့်ရေး သင်တန်းများ ပို့ချသည့် ဥရောပ သမဂ္ဂက လည်းကြေညာချက် ထုတ်ပြန်ခဲ့သည်။ အင်အား သုံးခြင်းနှင့် ပတ်သက်ပြီး အလွန် စိုးရိမ် ပူပန်ကြောင်း ဆိုပြီး အမြန်ဆုံး စုံစမ်းစစ် ဆေးရေး လုပ်ဆောင်ရန် တိုက်တွန်း ထားသည်။

မတ်လ ၅ ရက်က မြို့တော်ခန်းမရှေ့ တွင်ကျောင်းသား သပိတ်ကို တားမြစ် ထားသည်ကို ကန့်ကွက် ဆန္ဒဖော်ထုတ်သူ ရှစ်ဦးအား ရဲဝန်ထမ်းများနှင့် လက်ပတ် အနီပတ် ထားသော လူတစ်စုက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မတ်လ ၆ ရက် နံနက် ၅ နာရီခွဲ တွင်ပြန်လည် လွှတ်ပေး ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မတ်လ ၁၀ရက်က  အမျိုးသားပညာရေး ဥပဒေကိုကန့်ကွက် ဆန္ဒပြနေသည့် ပင်မသပိတ်စစ်ကြောင်း မှကျောင်းသားများနှင့် ရဟန်းရှင် လူပြည်သူ များကို လက်ပံတန်း မြို့နယ်တွင် ရဲတပ်ဖွဲ့ ဝင်များက အကြမ်းဖက်ဖြို ခွင်းဖမ်းဆီးခဲ့ပြီး သာယာဝတီထောင်၌ ထိန်းသိမ်း ထားရာ မတ်လ ၁၂ ရက် တွင်ကျောင်း သား ၁၇ ဦးကို စိစစ်မှုများပြုလုပ် ပြီးပြန်လွှတ်ပေး ခဲ့သည်။

ယင်းအပြင် မတ်လ ၁၀ ရက်က ရန်ကုန်မြို့သို့ မဝင်ရောက်နိုင်ရန် တားမြစ်  ထားသည့် လက်ပံတန်း မြို့နယ်  ရှိကျောင်းသား  သပိတ်စစ်ကြောင်းကို  အကြမ်း ဖက်မှုမပြု လုပ်ရန် လှည်းတန်းဈေးရှေ့မှပြည်လမ်း မတစ်လျှောက် လမ်းလျှောက်ဆန္ဒဖော် ထုတ်သူများကို ရဲတပ်ဖွဲ့ ဝင်များက အကြမ်းဖက် ရိုက်နှက် မှုဖြစ်ပွား ခဲ့သေးသည်။

ကျောင်းသားသပိတ်ဖြိုခွင်းမှုအပေါ် ရှုတ်ချမှုများ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်ပီဆာကီ

"ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူအပေါ်မှာ အင်အားသုံးတာကို ရှုတ်ချပါတယ်။ရဲနဲ့အတူတခြားပါဝင်သူတွေရှိနေပြီး ဆန္ဒပြသူများကို ခုလိုအကြမ်း ဖက်ဖြိုခွင်းတဲ့ အပေါ်မှာ အလွန်ကို စိုးရိမ်ပူပန် မိပါတယ်။ ဖမ်းဆီးထားတာတွေနဲ့ ပတ်သက်ပြီးလည်း အလွန်စိုးရိမ်ပါတယ်" ဟုပြောသည်။

အေအက်ဖ်ပီ သတင်းဌာန သို့ပေးပို့ထား သည့်ပြောရေး ဆိုခွင့်ရှိ သူတစ်ဦး

ယခုဖြစ်စဉ်သည် အစိုးရ အတွက်ပြုပြင်ပြောင်း လဲရေးများ လုပ်ဆောင်ရန် လိုအပ်နေသေးသည်  ဟုထောက်ပြ  ထားသည်။ "အီးယူ ကယေဘုယျ အားဖြင့်မြန် မာနိုင်ငံက အပြုသဘောဆောင် တဲ့ပြုပြင်ပြောင်းလဲမှုများ ကိုထောက်ခံပေးနေပါတယ်။ အထူးသဖြင့်ရဲလုပ်ငန်းမှာ ပြုပြင်ပြောင်းရေးတွေက အရေးကြီး လိုအပ် ပါတယ်"ဟု ၎င်းက ဆိုထားသည်။

လူအခွင့် အရေးစောင့် ကြည့်ရေး အဖွဲ့

‘‘ဗမာရဲတွေအနေ နဲ့ကျောင်းသား ဆန္ဒပြသူတွေကို ဖြိုခွင်းတာတွေ အဆုံးသတ်သင့်ပြီ။ အလွန် အကျွံအင်အား သုံးတာနဲ့ ပတ်သက်ပြီး တာဝန်ရှိ သူတွေကိုဖော် ထုတ်ပေး ရမယ်" ဟုဆိုထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာရေးအဖွဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ သုတေသန ဥက္ကဋ္ဌဖြစ်သူ ရူးပတ်အဘော့         

"လက်ပံတန်းကျောင်းသား သပိတ်ကို အကြမ်းဖက် ဖြိုခွင်းတာက လုံးလုံးမဆီလျော်တဲ့  လုပ်ဆောင် ချက်ဖြစ်တယ်။ ရဲတွေက  ဆန္ဒပြသူတွေကို  အလွန်အကျွံ အင်အား သုံးတာ ရှင်းပါတယ်။မြေပေါ် လဲကျနေတဲ့ အကူအညီမဲ့သူကို ရဲတွေက ရိုက်နှက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်ချက်တွေပါ။ လူမဆန် တဲ့ရှက်စရာကောင်းတဲ့ လုပ်ဆောင်မှုပါ။ နိုင်ငံတကာဥပဒေအရ အပြစ်ရှိနေတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်"ဟု ဆိုသည်။

ဘားမားယူကေ ကမ်ပိန်းအဖွဲ့

‘‘ဗြိတိန်အစိုးရ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ အခြားသောမြန်မာနိုင်ငံ ကိုထောက်ပံ့ သူများ ကိုတောင်းဆို ပါတယ်။ ဗမာအစိုးရကို တိုက်ရိုက်ဖြစ်စေ၊ သွယ်လိုက် ပြီးဖြစ်စေထောက် ပံ့ပေးနေမှုများကို ပြန်လည် သုံးသပ်ကြပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ဖြစ် ရမည့်အစား အာဏာပိုင် အဖွဲ့အစည်းကို ပိုပြီးခေတ်မီတိုးတက်အောင် ဖြစ်စေမည့် နိုင်ငံတကာအကူအညီတွေဖြစ်နေပြီ လားဆိုတာ ကိုပြန်လည် သုံးသပ်ဖို့ လိုပါတယ်" ဟုကြေညာချက် ထုတ်ပြန်ခသည်။

Credit - Mizzima News

No comments:

Post a Comment