Monday, March 9, 2015

လောက်ကိုင်-ချင်းရွှေဟော်လမ်း တိုက်ပွဲ အစိုးရဘက်မှ ၇ဦးကျဆုံးကာ ၅၁ဦးဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ) ။ ။ လောက်ကိုင်-ချင်းရွှေဟော်လမ်းတွင် အစိုးရတပ် နှင့် ကိုးကန့်တပ်တို့ မတ် ၇ရက်မှ စတင်ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်အရာရှိ၊ စစ်သည် ၇ဦး ကျဆုံးခဲ့ပြီး ၅၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၉ရက်က ထုတ်ပြန်သည်။

ယင်းဒေသတွင် မတ်လ ၇ရက်မှ စတင်ကာ အစိုးရတပ်နှင့် ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၈ရက်တွင် လေကြောင်းပစ်ကူ ၇ကြိမ် နှင့် အမြောက်ပစ်ကူများ သုံးကာ
တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၈ရက်က ထုတ်ပြန်လိုက်သည်။

ကိုးကန့်တပ်ဘက်မှ ကျဆုံးမှု ရှိမရှိကိုမူ မသိရှိရပေ။


Credit - Mizzima News

 
 

No comments:

Post a Comment