Sunday, March 8, 2015

We Are One, Myanmar လူငယ်ပရဟိတအဖွဲ့ လောက်ကိုင် စစ်ဘေးဒုက္ခသည်များကို ငွေကျပ် သိန်း ၂၀၀ ကျော် လှူဒါန်းမည်

ရန်ကုန် (မဇ္ဈိမ)။ ။ We Are One,Myanmar လူငယ် ပရဟိတအဖွဲ့သည် လောက်ကိုင်စစ်ဘေးဒုက္ခသည်များအတွက် မတ်လ လလယ်တွင် ငွေကျပ်သိန်းပေါင်း ၂၀၀ ကျော်နှင့်အတူ အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များကို သွားရောက် လှူဒါန်းမည်ဖြစ်သည်။

Kokang-Battle-03
လောက်ကိုင်ဒေသရှိ စစ်ပြေးဒုက္ခသည် အချို့ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)



ယင်းလူငယ် ပရဟိတအဖွဲ့သည် မတ် ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့သို့ အနုပညာရှင်များနှင့်အတူ အလှူငွေ ကောက်ခံခဲ့ပြီး ယင်းအလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို We Are One,Myanmarအဖွဲ့သည် အနုပညာရှင်အချို့နှင့်အတူ လာရှိုးမြို့သို့ ကိုယ်တိုင်သွားရောက် လှူဒါန်းမည်ဟု We Are One,Myanmar အဖွဲ့၏ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က မဇ္ဈိမသို့ပြောသည်။

“ကျွန်တော်တို့ အနုပညာရှင်တွေ အများကြီးနဲ့ မန္တလေးမှာ အလှူငွေ ကောက်ခံခဲ့တယ်။ ကျွန်တော်တို့ မတ်လရှေ့အပတ်ထဲမှာ သွားရောက် လှူဒါန်းမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်သွားရောက် လှူဒါန်းဖို့များတယ်။ သွားလှူရင်လည်း အနုပညာရှင်အချို့ကိုလည်း ခေါ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

We Are One, Myanmar လူငယ်ပရဟိကအဖွဲ့ အလှူငွေကောက်ခံခဲ့ရာတွင် ၀ါဆိုမိုးဦး၊ နန်းခင်ဇေယျာ၊ ၀ိုင်းလေး၊ ခင်ဝင့်ဝါ၊ ယွန်းမီမီကျော်၊ သားညီ၊ ယွန်းလေးတို့အပြင်အခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်ကောက်ခံခဲ့ကြသည်။

Credit - Mizzima News

No comments:

Post a Comment