ဒေါ်အောင်ဆန်းစုကြည်က အဆိုတွေ့ဆုံပွဲနှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ရန်မရှိကြောင်း ပြောကြားသော်လည်း လတ်တလော ဖြစ်ပွားနေသည့်
လက်ပံတန်းကျောင်းသားသပိတ်နှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှုမြင့်မားနေစဉ် တွေ့ခဲ့သဖြင့် ယင်းကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုရှိ၊ မရှိကို သတင်းထောက်များက မေးမြန်းရာ "တပ်ချုပ်နဲ့ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်က ကောလဟလတွေ ကြားလဲ။ လိုက်စမ်းပါဦး ဒီဇစ်မြစ်ကို။ တွေ့ဖို့လည်း မရှိပါဘူး’’ ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်ကလည်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့တွေ့ဆုံခဲ့သေးသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
Credit - Mizzima News

No comments:
Post a Comment