Sunday, March 8, 2015

မန်းပဋိပက္ခ သတင်းရင်းမြစ်တရားခံဟု ယူဆရသူ နှစ်ဦးနှင့် ဆက်စပ်သူ သုံးဦးအား ပျဉ်းမနားတရားရုံး စတင်စစ်ဆေး

နေပြည်တော် (မဇ္ဈိမ) ။ ။ ပျဉ်းမနားရဲစခန်း၌ မုဒိမ်းမှုအား လီဆယ်တိုင်ကြားရာမှ မန္တလေးမြို့တွင် ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းကြောင့် ပဋိပက္ခတရားခံများဟု ယူဆသူ ငါးဦးအား ပျဉ်းမနားတရားရုံးက စစ်ဆေးနေစဉ် ထပ်မံ၍ ဆက်စပ်တရားခံ သုံးဦးနှင့်
အတူ ဦးရဲထွဋ်၊ ဒေါ်နုနုမြတ် တို့အား ပြစ်မှုဆိုင်ရာပုဒ်မ များထပ်တိုးကာ နေပြည်တော် ပျဉ်းမနားမြို့နယ် တရားရုံး၌ စတင်စစ်ဆေးနေကြောင်း ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။


man-conflict
၂၀၁၄ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် မန္တလေး ပဋိပက္ခမြင်ကွင်း (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ရှေ့နေက “မတ်လ ၆ ရက်နေ့ရုံးချိန်းမှာ ကျွန်တော်တွေ့လိုက်တယ်၊ အဲ့ဒီသုံးယောက်ရယ် ဦးရဲထွဋ် ၊ ဒေါ်နုနုမြတ် တို့ကို နောက်ထပ် ပုဒ်မ
သုံးခုနဲ့ တရားစွဲဆိုထားတယ်” ဟု ဖုန်းဖြင့် အတည်ပြု ဖြေကြားသည်။

ထပ်တိုးပုဒ်မများသည်  ၄၆၈၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၈ များဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၆၈ စာရွက်စာတမ်းများ တစ်စုံတစ်ရာ မမှန်မကန်
ပြုလုပ်မှု ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ လိမ်လည်မှု ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်၊ သွင်းကုန်ထုတ်ကုန် ယာယီအက်ဥပဒေ ပုဒ်မ ၈ တရားမဝင်ကုန်ပစ္စည်း တင်သွင်းမှုများဖြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ကနဦး တရားခံများအဖြစ် ဦးရဲထွဋ်(ခ) သူရရဲထွဋ်၊ ဒေါ်နုနုမြတ်၊ ဒေါ်ဖြူဖြူမင်း(ခ) ကတုံးမ၊ ဦးထွန်းထွန်း နှင့်  ဒေါ်အမာ တို့ ငါးဦးအား
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅(က)၊ ၅(ည)၊ ၂၁၂ တို့ဖြင့် စွဲဆိုထားအမှုများဖြင့် ဆက်စက်ခြင်း မရှိဘဲ သီးသန့်တရားရင်ဆိုင်ခြင်း
ဖြစ်ကြောင်း ဦးထွန်းထွန်း၏ ရှေ့နေဖြစ်သူ ဦးအောင်သူရိန်ထွန်း က မဇ္ဈိမကိုပြောသည်။

မူလတရားခံ ငါးဦးအား တရားခွင် စစ်ဆေးကာလ ခြောက်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တရားခံများ၏ ပြန်ခေါ်သက်သေ ၅၀ ဦးခန့်အား ဒုတိယအကြိမ် ထပ်မံထွက်ဆိုနေခြင်းကြောင့် အပြီးသတ်အမိန့်ချရန် ကြန့်ကြာနေခြင်း ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment