Thursday, March 12, 2015

ကော့ကရိတ်တွင် ဒီကေဘီအေ နှင့် အစိုးရတပ်မတော်တို့ စစ်ရေး တင်းမာဟု ဆို

ချင်းမိုင်၊ မတ် ၁၂။     ။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အတွင်း အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်( DKBA) တို့အ ကြား မတ်လ ၁၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးတင်း မာနေသည်ဟု DKBA မှ ဗိုလ်မှူးကြီးစော ဆန်းအောင်က မဇ္ဈိမ ကိုပြောသည်။

“ဒီနေ့ တိုက်ပွဲတော့ မဖြစ်ဘူး။ လက်ရှိတော့ သူတို့ရဲ့ ထိုးစစ်ကို ကျွန်တော်တို့က ကျင်းတူး ပြီးစောင့်နေတဲ့ အနေအထား ရှိတယ်။ စစ်ရေးက တင်းမာနေတယ်။ အပြန်အလှန်ချောင်းနေတဲ့ အနေအထားမှာ
ရှိနေတယ်။ သူတို့က တချို့နေရာမှာ အင်အားက ၃၀ကျော်၊ ၂၀ ကျော်တပ်တွေဖြန့် ထားတယ်။ သူတို့ ကကော့က ရိတ်မြို့ရဲ တမိုင်ကျော်ကျော် လာရင်တော့ဖြစ် မယ့်အလား အလာရှိတယ်” ဟု သူက မဇ္ဈိမ ကိုပြောသည်။

အစိုးရ စစ်တပ်ဘက်ကလည်း ကော့ကရိတ်မြို့သို့ အဝင်အထွက် လှုပ်ရှားမှုများ ရှိနေသဖြင့် DKBA ဘက်မှလည်း အသင့်အနေ အထားစောင့် ဆိုင်းနေ ရသည် ဟု သူကပြောသည်။

“လက်ရှိ အခြေအနေက မကောင်းဘူး။ တကယ်တန်း ငြိမ်းချမ်းရေးဆောင်ရွက်မယ်ဆိုရင် တပ်အင်အားတွေ ကျွန်တော်တို့ လက်ရှိရှိတဲ့ကျေး ရွာတွေမှာ ထိုးစစ် ပုံစံမျိုး လုပ်စရာ မလိုဘူး။ အခုက တပ်တွေကို ခွဲပြီးတောင်ဘက် ၊မြောက်ဘက် စစ်ကြောင်း ထိုးတဲ့ အနေအထား ရှိတယ်။ ဒီမနက်လည်း ဝင်လိုက် ထွက်လိုက် တဲ့လုပ်နေတာ။”ဟု သူကပြောသည်။

မတ်လ ၁၁ရက်က ကရင်ပြည်နယ်ကော့က ရိတ်အနီးဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် အစိုးရ၏ ခလရတပ်ရင် ၅၄၉ တပ်တို့နှစ် နာရီကြာ တိုက်ပွဲဖြစ် ပွားခဲ့သည်။

DKBA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင် ၍ဆွေးနွေးနေ သည်။


Credit - Mizzima News

No comments:

Post a Comment