Thursday, March 12, 2015

ကျောင်းသားများ၊ မီဒီယာများကို အကြမ်းဖက် ဖမ်းဆီးမှုကို နယ်ပယ်စုံက ရှုံ့ချပွဲလုပ်

ရန်ကုန်၊ မတ် ၁၂။      ။အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက်တောင်းဆို ဆန္ဒပြသည့် လက်ပံတန်းကျောင်း သားသပိတ်ကို အကြမ်းဖက်ဖြို ခွင်းကာ မတ်လ ၁၀ ရက် ကကျောင်းသားများကို ဖမ်းဆီးသွား သည့်အပေါ် နယ်ပယ် အသီးသီး မှနိုင်ငံရေး သမားများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် အချို့တို့က ကန့်ကွက် ရှုံ့ချကာ နာရေး ကူညီမှု အသင်း (ရန်ကုန်)တွင် မတ်လ ၁၂ ရက် ကတောင်းဆို မှုပြုခဲ့သည်။

IMG 9498
ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးမှုအပေါ် ရှုံ့ချပွဲ နာရေးကူညီမှုအသင်းတွင် မတ်လ ၁၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)



ထိုအခမ်း အနားတွင် ဖမ်းဆီးထိန်း သိမ်းထား သည့်ကျောင်း သားများ၊ သတင်း မီဒီယာ သမား များကို အမြန်ဆုံး လွှတ်ပေး ရန်တောင်းဆို ခဲ့သည်။ ယင်းအပြင် လက်ပံတန်း သပိတ်မှ ကျောင်းသားများကို ဝန်းရံသူများ အကြမ်းဖက်မှု အားလည်း ရှုံ့ချခဲ့ ကြသည်။

လက်ပံတန်းကျောင်းသားသပိတ်ကို မတ်လ၁၀ရက်က ရဲအင်အား အလုံးအရင်းဖြင့်ဖြိုခွင်းကာ ဆန္ဒပြကျောင်းသားများ၊ မီဒီယာများကိုအကြမ်းဖက် ရိုက်နှက်ပြီး ဖမ်းဆီး ခဲ့သည်။ ယင်းအပြင် ဆန္ဒပြကျောင်း  သားများ၏ ကျန်းမာရေး  အတွက်  ထားရှိသည့် နာရေး  ကူညီမှု အသင်း၏ ကားအပါ အဝင်ကျောင်း သားများက ရန်ကုန် သို့ချီတက်ရန် ငှားရမ်း ထားသည့် ကားများ ကိုလည်း ဖျက်ဆီးခဲ့သည်။

ယင်းလုပ်ရပ်များနှင့် ပတ်သက်၍ မတ်လ ၁၂ရက်က နာရေးကူညီမှု အသင်း (ရန်ကုန်)တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း အဖွဲ့အစည်း အပါအဝင်နိုင် ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ စာရေး ဆရာများ၊ ကဗျာ ဆရာများ စုစုပေါင်း ၅၀၀ခန့် ကပြုလုပ် ခဲ့သည့် ရှုံ့ချပွဲတွင် တက်ရောက် လာသူများ ၏ပြောကြား ချက်များ ကိုကောက်နုတ်ဖော်ပြ လိုက်သည်။

ဦးဇော်ထွန်း (လက်ပံတန်းသပိတ်တွင် မျက်မြင်ကြုံတွေ့ခဲ့သူ)

"ပြည်သူ့ရဲဆိုတာ ကပြည်သူတွေကို  ကာကွယ်စောင့်ရှောက် ရမယ်။  ရဲကျင့်ဝတ်နဲ့ အညီပြည် သူကို ကာကွယ် ရမယ်။ အကြမ်းဖက် ဖြိုးခွင်း တာကို လုံးဝလက် မခံပါဘူး။ မတရား ဖမ်းဆီးတဲ့ အကြမ်းဖက်တဲ့ ရဲတွေကိုလည်း စုံစမ်း စစ်ဆေးပေးဖို့ ဒီနေရာ ကနေတောင်း ဆိုတယ်။  ဒီလိုမျိုးတွေဖြစ်ရင်  မီဒီယာတွေ ကဖော် ထုတ်ဖို့ လည်းပြော ထားတယ်။ မီဒီယာတွေအနေနဲ့လည်း တာဝန်ကျေပါတယ်။ တရားဥပဒေစိုးမိုးရေး လို့ပြောနေတယ်။ အမျိုးသား လုံခြုံရေး လို့ပြောနေတယ် အစိုးရက ပြည်သူတွေ လုံခြုံရေးကို လျစ်လျူရှုထားတယ်။ အစိုးရကိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ တယ်။ကျောင်း သားတွေကိုပြန်လွှတ်ပေး ဖို့တောင်းဆိုပါတယ် ။"

ဒေါ်ညိုညိုသင်း (ဗဟန်းမြို့နယ် မဲဆန္ဒနယ်) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်

"ကျောင်းသားတွေက ဆန္ဒပြဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်ကို ဝင်တာ မဟုတ်ပါဘူး။ သူတို့နေ တဲ့နေရပ်တွေ ကိုပြန်ဖို့ပါ နားလည်မှုလွဲနေ တယ်။ကျောင်းသားတွေ ကရန်ကုန် မှာရှိတဲ့ သူက ရန်ကုန်ကို ပြန်မယ်။ မန္တလေး မှာရှိတဲ့သူက မန္တလေး ကိုပြန်မယ်။ ငြိမ်းငြိမ်း ချမ်းချမ်း မိဘအိမ် ကိုပြန်မ လို့ပြောနေ တာပါ။  ဒီကိစ္စကို အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေး လိုက်တဲ့သူ သည်အောက်ခြေ ကအခြေနေ ကိုသေချာ မလေ့လာဘူး။ သူ့ကိုနားလည်းအောင် ရှင်းပြမယ့် သူလည်းမရှိဘူး။ သူ့ ကိုရှင်းပြမယ့် သူကလည်း နယ်လုံဝန်ကြီး ပဲရှိတယ်။ နယ်လုံ ဝန်ကြီးကလည်း ဖြိုခွင်းတော့ ဆိုတာနဲ့ သူ့ကိုခိုင်းတဲ့အတိုင်း တိတိကျကျ လုပ်တာပါပဲ။

သူ့နေရာမှာ ကျွန်မသာဆိုရင်ကျွန်မ ဝန်ကြီးနေရာပြုတ် ရင်ပြုတ်ပါစေ။ကျောင်းသားတွေက သူတို့အလံနဲ့ သူတို့နဖူးစီးနဲ့ ချီတက်ချင်တဲ့ အကွာအဝေးပြန် ဖို့ရပ် ထားတဲ့ ကားနေရာက ငါးမိနစ်လောက် အကွာ အဝေးကို နဖူးစီးခွင့် အလံကိုင်ခွင့် မပေးဘဲ မင်းတို့လက်နက်ချတဲ့ ပုံစံနဲ့ပဲပြန် ဆိုခွင့်ပြု ခဲ့တယ်။ ဒါကို လက်မခံခဲ့ တာပါ။ကျောင်း သားတွေက ဒါကိုလုံးဝ လက်မ ခံခဲ့တာပါ။ကျောင်း သားတွေက တပြည်လုံးကို ဒီလိုချီ တက်လာ ပြီးပြီး ဒီနေရာလေးကို သွားခွင့်ကို ခွင့်မပြုဘူး။ အကြမ်းဖက် တဲ့လုပ်ရပ်ကို လုပ်ခဲ့တယ်။ ကျောင်းသား ထုတွေရွေးကောက်  တင်မြှောက်သော အစိုးရ   လို့ပြောတဲ့ကျောင်းသား   ထုသာမ ကပြည်သူ လူထုကို အကြမ်းဖက်မှုတွေ ဆက်တိုက် ကျူးလွန်းလာတဲ့ အစိုးရအား  မိမိအကြမ်း ဖက်မှု ကိုပြည်သူလူထု  ကိုတောင်ပန်း ဝန်ချ၊   မိမိပေါ်မှာတင်နေတဲ့  အကြွေးကိုပြန် ဆပ်ပေးပါလို့ ဒီနေရာ ကနေပြော ချင်ပါတယ်။"

ဦးမင်းကိုနိုင် (၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)


"ကျောင်းသား သပိတ်တွေ ဖြိုခွင်းတဲ့ နေရာမှာ ပုဒ်မ ၁၂၈  အရဆိုတဲ့  မည်သို့ပင်  ဥပဒေ  ထဲထည့်စေ  ဒါဟာ  အင်္ဂလိပ်  လက်ထဲမှာ  ထည့်ထားတဲ့  ဥပဒေပါ။ ဒီဥပဒေက တကယ်ပဲ လိုလားမလိုလားဆိုတာကို အခုဆန္ဒပြနေတဲ့သူတွေက သူခိုး၊ ခါးပိုက်နှိုက်၊ မသမာသူ၊  ရာဇဝတ်ကောင်တွေ မဟုတ်ဘူး ဆိုတာကိုသိဖို့လို တယ်။ သူတို့က အရပ်သားကို အကူညီတောင်းတယ်ဆိုတာ ရဲအင်းအားနဲ့ မလုံလောက်လို့တောင်း တာလား။ လူ့အဖွဲ့ အစည်းကို အန္တရာယ် တစ်စုံတစ် ရာပေးဖို ဒုစရိုက်သမားကို ကာကွယ်ဖို့ သုံးတာလား ဥပဒေကို လက်တစ်လုံးကြားလုပ်နေတယ်၊ ဥပဒေကို ကြိုက်တဲ့နေရာမှာ ကြိုက်သလို သုံးဖြစ်နေတယ်။ လက်ပံတန်း မှာဖြစ်တဲ့ဖြစ်ရပ် ဥပဒေနဲ့ ညီလားမညီလားသိဖို့လိုတယ်။ တကယ် တိုင်းပြည်မှာ တရားစီရင်ရေးကရော ကျွန်တော်တို့ ယုံကြည်ရတဲ့ တရားစီရင်ရေးလား။ အုပ် ချုပ်ရေးက စီရင်ရသမျှကို ဖတ်ပြနေရတဲ့ တရားစီရင်းရေးလား။ ကျွန်တော် တို့တွေရဲ့ မှုလအခွင့် အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိခိုက်တဲ့အ စိုး ရလုပ်ရပ်က ဘဝလုံခြုံမှုကင်းမဲ့တယ်။ ရှုံ့ချပါတယ်။"

 ဒေါက်တာသိန်းလွင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ယက်)

 လက်ပံတန်း သပိတ်ဖြိုခွင်းခံရတဲ့ မနက်ပိုင်းမှာ NNER ရယ် ဒေါက်တာဒေါ်ညိုညိုသင်း ၊ကျောင်းသား သပိတ်က မဖြိုးဖြိုးအောင်၊ မင်းသွေးသစ် နယ်လုံ ၀န်ကြီး ရယ်ဆွေးနွေးတယ်။ ရန်ကုန်ရောက်ပြီး ရင်ပြန်ကြမယ် ၊ကျောင်းသားတွေ ရန်ကုန်ပြန် မယ်ဆိုရင် ၅ယောက် တစ်ဖွဲ့ ကိုယ့် အိတ်လေး ကိုယ်ဆွဲပြီး ကြုံရာကားကို စီးပြီး ပြန်ကြတဲ့။ သူပြောပုံ ကထောင် ကလွှတ် လိုက်သလိုပြန် ခိုင်းတယ်။ သပိတ်မှောက် ကျောင်းသားတွေက ပညာရေးပြုပြင်းပြောင်းလဲ ဖို့အတွက် သမဂ္ဂအ လံကို ချပြီးမ သွားနိုင်ဘူး လို့ပြောတယ်။နောက် နယ်လုံ ဝန်ကြီးက လက်ပံတန်းမှာ ဆန္ဒပြတာကို မလိုလားတဲ့ သူတွေရှိတယ်။ အဲ့လူတွေရဲ့ အန္တရာယ် ရှိတယ် လို့ပြောတယ်။

ဗေလုဝ (အနုပညာရှင်)

 စားပွဲပေါ်မှာ အပွင့်စုံတာ မစုံတာတွေ အပွင့်တွေက များလာ လိုက် နည်းလာလိုက် နဲ့နောက် ဆုံးတော့ မခင်ဝင်းနောက်စိပွင့် သွားတယ်၊ ကျွန်တော် အခုချိန်က စပြီး ဘယ်သူ့ကိုမှ မယုံတော့ ပါဘူး။ ပထမတော့ကျောင်း သားတွေကို မလုပ်တန်ကောင်းဘူး၊ အဲ့လိုထင် ခဲ့ပါတယ် ။ ဘုန်းကြီးတွေတောင် အစိုးရက လုပ်သေး တာပဲ လူဆိုတော့ လုပ်တာ ဘာဆန်းလဲ၊ အရပ်သား အစိုးရ ဆိုတော့ ဒီမိုကရေစီ လမ်းကြောင်းလေးများ သွားမလား လို့ကျောင်းသားတွေ အကြမ်း ဖက်ခံရတာ ကိုပြင်းထန်း စွာရှုံ့ချ ပါတယ်၊ ဖမ်းဆီး ခံရတဲ့ကျောင်း သားတွေကို အမြန်ဆုံးပြန် လွှတ်ပေး ဖို့တောင်း ဆိုပါတယ်။

 ဦးရောဘတ်စန်းအောင် (ဥပဒေပညာရှင်)

 အခုအစိုးရက လက်ပံတန်းသပိတ်ကို ဥပဒေနဲ့ အညီလုပ်တယ်လို့ပြောနေတယ်။ အဲဒါလုံးဝမဟုတ်ဘူး။ တိုင်းပြည်ကိုလိမ်နေတယ်၊ ကမ္ဘာကို လိမ်နေတယ်။ လုပ် ချင်ရာလုပ်ပြီးမှ ဥပဒေကိုထုတ်သုံးပြီးတော့ ဘာနဲ့တူသလဲဆိုတော့ ပုလင်းအလွတ် မှာတောအရက်ထည့်ပြီးတော့ ဝီစကီတံဆိပ်ကပ်ပြီး ဆိုင်ပေါ်မှာ တင်ရောင်း တာနဲ့ တူနေတယ်။ နောက်တရားရေးနဲ့ ပတ်သတ်ပြီး တရားရေးက အုပ်ချုပ်ရေးရဲ့အောက်ကို လုံးလုံးလျားလျား ရောက်နေပြီ။ တရားရေးကို အားကိုးလို့ရမယ့် အနေထားမှာ လုံးဝမရှိပါဘူး။

ခုကျွန်တော်နိုင်ငံရေး နဲ့ပတ်သတ်ပြီး တရားရုံး အဆင့်ဆင့်ကို တင်ခဲ့ပါတယ်လုံးဝကို မအောင်မြင် ပါဘူး။ အဲတော့ ဥပဒေနဲ့ အညီ လုပ်ပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်များ ဒီဗွီဒီ ဒီဗိတ်ပွဲကိုတက်လာခဲ့ပါ။ ကျွန်တော်တို့စောင့် ဆိုင်းနေပါတယ်။ ရဲဆိုတဲ့ သူတွေက လူ့အခွင့်ရေးကို နားမလည်းဘူး လို့ပြောတော့ လက်မခံဘူး။ ကျွန်တော် တရားရုံး ထွက်ချက်မှာ လူအခွင့်ရေးကြောငြာချက် အပိုဒ် ၁၉ဆိုတာ ဘယ်နားရှိမှန်းကို မသိပါဘူး ထွက်ထားတဲ့ ထွက်ချက်တွေ အမြောက် အများရှိတယ်။ အီး ယူက ရဲသင်တန်း ကကျောင်းသား၊ပြည်သူ၊ သံဃာတော်တွေကို ရိုက်ဖို့ မဟုတ်ဘူး။ အလွဲသုံးစား အကြမ်းဖက် တာကို ပြင်းထန်စွာ ရှုံ့ချပါတယ်။

ဇင်ဝိုင်း (ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာ)

 လက်ပံတန်း သပိတ် မှာကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်  ဖြိုခွင်းတာကို   လုံးဝ လက်မခံ ပါဘူး။ဖြစ်ခဲ့ တဲ့ပြဿနာတွေမှာ  တာဝန်ခံမှု တာဝန် ယူမှု ဆိုတာ လုံးဝ မရှိပါဘူး။ ဒါဟာ အစိုးရလား။ အစိုးမရ တဲ့ဟာကို  အစိုးရလို့ ကိုယ့်ကိုယ်ကို နာမည်  တပ်နေတာ  ကိုဖြေ ရှင်းပေး ကြပါ။ ကိုပါကြီးကို သတ်တာ ဘယ်သူလဲ ၊ဒေါ်ခင်ဝင်းကို သတ်တာ ဘယ်သူလဲ ၊ကျောင်းသားတွေကို  အခုလိုမျိုး မတရား လုပ်တာ ဘယ်သူ  တာဝန်ခံ  မှာလဲ။ပြဿ နာဖြစ် တာနဲ့ ဥပဒေနဲ့ အညီဖြေရှင်း တယ်လို့ပြောတယ်။

တာဝန်ရှိတဲ့ သူတွေ ကိုမေးပါရစေ။ ပြည် သူပြည်သာများ သာလျှင် ဥပဒေ ကိုလိုက်နာ ရမှာလား၊ တိုင်ပြည်အုပ် ချုပ်နေတဲ့ သူတွေကရော ဥပဒေကို ကျင့်သုံးဖို့ သိကြ သလား၊ မီဒီယာတွေ ကိုကျေးဇူး တင်တယ်။ အမှား ကိုအမှန် လို့ရေးနေကြ တဲ့နိုင်ငံပိုင် သတင်းစာ  အစိုးရပိုင် မီဒီယာ  ကိုမေးချင် တယ်။ပြန်ကြားရေးကို ကိုင်ထားတဲ့ ဦးရဲထွဋ် ကိုမေးချင်တယ်။ တာဝန် သိတဲ့ မီဒီယာ သမားတွေ ဖမ်းဆီးခံ အရိုက်ခံနေ ရတယ်။ ကျွန်တော် တို့ပြည် သူတွေမြင်နိုင် တဲ့ မျက်စိတွေ ရှိပါ တယ်။ ကြားနိုင် တဲ့နားတွေ ရှိပါတယ်။ စဉ်စားချင့် ချိန်နိုင်တဲ့ မျှဝေခံ စားနိုင်တဲ့ နှလုံးသားတွေ ရှိပါတယ်။ ဒါ့အပြင် လူလူ အချင်း သားသမီးချင်း ကိုယ်ချင်းစာ စိတ်တွေ ရှိပါတယ်။ ဦးရဲထွဋ်ခင်ဗျား.. တောင်ဝန်ရိုးစွန်းမှာဖြစ်တဲ့အဖြစ်အပျက်ကို မြောက်ဝန်ရိုးစွန်းက သိနိုင်တဲ့ခေတ်ပါ။ ဒါကို ဦးရဲထွဋ် သိစေချင်တယ်။

Credit - Mizzima News

No comments:

Post a Comment