မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှမြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့များ သို့လေယာဉ် ပျံသန်းမှုများ ထပ်တိုးပြေး ဆွဲပေး ရန်မေတ္တာ ရပ်ခံတောင်း ဆိုချက်ကို မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က စဉ်းစားပေးရန် သဘော တူခဲ့သည်။
ဦးသိန်းစိန် ၏တောင်း ဆိုချက်ကို ဝန်ကြီးချုပ် နာဂျစ်က အလေးအနက် ထားစဉ်း စားရန် သဘောတူပြီး မလေး ရှားလေကြောင်း လိုင်း၊ သို့မဟုတ် အဲအေး ရှလေကြောင်း လိုင်းတို့ကို ယင်းသို့လေယာဉ် ခရီးစဉ် ထပ်လောင်းပြေး ဆွဲရေးအတွက် တိုက်တွန်းသွားရန် သဘောတူ ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံခြားရေး ဝန်ကြီး ဒါတက်ဆာရီ အနီဖတ်ရှ်အမန် ကပြောသည်။
သို့သော်လည်း ယင်းကိစ္စသည် လေကြောင်းလိုင်းများက ဆုံးဖြတ်ဆောင်ရွက်ရမည့် စီးပွားရေးကိစ္စသာဖြစ်ကြောင်း ၎င်းကပြောသည်။
"လက်ရှိမှာတော့ အဲအေးရှကပဲရန်ကုန်ကိုပျံသန်းပေးနေတာပါ။ သူတို့ခေါင်းဆောင်နှစ်ဦးက ကွာလာလမ်ပူကနေ ရန်ကုန်ပြီးလျှင်မန္တလေး ကိုလေကြောင်းပြေး ဆွဲပေးဖို့ပြော ဆိုဆွေးနွေးကြ တာပါ" ဟုနှစ်နိုင်ငံခေါင်းဆောင်များနှင့် ဝန်ကြီးများ တွေ့ဆုံပြီးနောက်တွင် ၎င်းက သတင်းထောက်များ ကိုပြောသည်။
နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုတွင်နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်သွားရေးကို လည်းဆွေးနွေး ခဲ့ကြောင်း အနီဖတ်ရှ်အမန် ကပြောသည်။
Credit - Mizzima News
No comments:
Post a Comment