ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းကို ဧပြီလ ၃၀ ရက် နောက်ဆုံးထား လက်ခံမည်ဟု
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ခြင်းကြောင့် အထွေထွေ
ရွေးကောက်ပွဲ ကျင်းပရန် အချိန် ခုနစ်လကျော်သာ ကျန်ရှိတော့သည့်အတွက် နိုင်ငံရေး ပါတီများ တည်ထောင်ခြင်း၊ ပါတီ
မှတ်ပုံတင်ခြင်းများ ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်နှင့် ပါတီရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဧပြီလ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရန် ကြေညာထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလအထိ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုထား ပြီးဖြစ်သည့် ပါတီပေါင်း ၇၁ ပါတီရှိပြီ ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment