Thursday, March 12, 2015

စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကိုသာ ရွေးချယ်တော့မည်ဟု ကျောင်းသားသပိတ်ခေါင်းဆောင်များဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်တို့နှင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကိုသာ ရွေးချယ်တော့မည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီ အဖွဲ့ဝင်ကျောင်းသားများက မတ်လ ၁၁ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ကျောင်းသား သပိတ်စစ်ကြောင်းများကြောင့် ဆယ်တန်းပညာရေးနှင့် အခြားသော ဆူပူမှုများဖြစ်မလာစေရန်  ထိုသို့ရွေးချယ်ရခြင်းဖြစ်သည် ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင် ကိုဇေယျလွင်က ပြောသည်။

"အစိုးရကို ယုံကြည်လို့၊ လွှတ်တော်ကို ယုံကြည်လို့ ဆိုတာထက်၊ ဒီနည်းလမ်းနဲ့ သွားမှရမယ်ဆိုတာကို ယုံကြည်လို့ပဲဖြစ်ပါတယ်"ဟု ဆိုသည်။

လက်ပံတန်းတွင် အကြမ်းဖက်ခံရသော ကျောင်းသားများပြန်လည် လွှတ်မြောက်ရေးအတွက် နှင့် အမျိုးသားပညာရေး မူကြမ်းပြင်ဆင်ရေး ကျောင်းသားလှုပ်ရှားမှု ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် မတ်လ ၁၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment