Thursday, March 12, 2015

ဖမ်းဆီးခံကျောင်းသားများပါဝင်မှသာ လွှတ်တော်တွင်းဆွေးနွေးမည်ဟု ဗကသ ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတန်း သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲပြီး ဖမ်းဆီးခံထားရသော ကျောင်းသားများ ပါဝင်မှသာ လွှတ်တော်တွင်းကြားနာမှုများ ပြည့်စုံမည်ဟု ယူဆသောကြောင့် ဖမ်းဆီးထားသော ကျောင်းသားများကို ပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသ) က သတင်းထုတ်ပြန်လိုက်သည်။

Student-Strike-at-tharwarwadi
သာယာဝတီထောင်မှ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည့် မရည်မိုမိုအောင်၊ ကိုစိုးလွင်ကျော် ကိုစစ်နိုင်အောင် တို့ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ကိုဖြိုးကြီး)



ဗကသ အနေဖြင့် ကျောင်းသားများ ပြန်လည်လွတ်ပေးရန် အပါအဝင် အချက်လေးချက်ကို ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ခြင်း
ဖြစ်သည်။

ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်ဖြိုခွင်းမှုတွင် ထိရောက်စွာအရေး ယူပေးရန်၊ ကျွန်ုပ်တို့နှင့် သဘောတူညီပြီးဖြစ်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှ ကတိကဝတ်များအား ထပ်မံချိုးဖောက်ခြင်း မပြုရန်၊ ကျွန်ုပ်တို့၏ မူလတောင်းဆိုချက် ၁၁ ချက်နှင့် ညီညွှတ်သော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အမြန်ဆုံးပြုပြင်ရန်တို့ ဖြစ်သည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အဖွဲ့ဝင်များကိုလွှတ်တော် ကြားနာရန် ဒုတိယ အကြိမ်ဖိတ်ကြားထားပြီး တကသ အဖွဲ့က သွားရောက်ကြားနာရန် ဆုံးဖြတ်ပြီးဖြစ်သည်။ လက်ရှိတွင် သာယာဝတီထောင်မှ ဖမ်းဆီးခံကျောင်းသား လေးဦးကို ပြန်လည် လွှတ်ပေးပြီး ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment