မြန်မာတပ်မတော် နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲအတွင်း ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် မြန်မာစစ်လေယာဉ်မှ ဗုံးထိမှန်၍ တရုတ်နိုင်ငံသားလေးဦး သေဆုံးခဲ့သဖြင့် တရုတ်မြန်မာနယ်စပ်သို့ တိုက်ခိုက်ရေးလေယာဉ်များ ပို့ပြီးဖြစ်ကြောင်း တရုတ်လေတပ်ကပြောသည်။
နယ်စပ်တွင် မြန်မာစစ်လေယာဉ်များအား ခြေရာခံလိုက်လံပြီး မောင်းထုတ်နိုင်ရန်အတွက် ဂျက်လေယာဉ်တစ်အုပ်ကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က ဖြန့်ကြက်ချထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှင်ကျင်ကီကို ကိုးကားလျက် ဆင်ဟွာသတင်းဌာနကဖော်ပြသည်။
တရုတ်-မြန်မာနယ်စပ်တွင် ထောက်လှမ်းစောင့်ကြည့်ရေးတိုးမြင့်ပြီး ဝေဟင်အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ အထူးသတိအနေအထားဖြင့် ရှိနေကြောင်း ၎င်းကပြောသည်။
"တရုတ်နိုင်ငံ ဝေဟင်ပိုင်နက် အချုပ်အခြာလုံခြုံရေါ်အတွက် တရုတ်-မြန်မာနယ်စပ်မှာ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် တိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"ဟု ၎င်းကပြောကြားခဲ့သည်။
ဗုံးကျခြင်းကြောင့် တရုတ်နိုင်ငံသား လေးဦးသေဆုံးကာ၊ ကိုးဦး ဒဏ်ရာရရှိသည်ဟုလည်း CCTV သတင်းဌာန၏ တွစ်တာတွင် ရေးသားမှုကို ကိုးကားကာ ဗီအိုအေ သတင်းဌာနတွင် ဖော်ပြထားသည်။
လောက်ကိုင်ဒေသတွင် မြန်မာတပ်မတော် နှင့် ကိုးကန့်တပ်တို့ ၂၀၁၄ ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
Ref: THE STRAITS TIMES
Credit - Mizzima News
No comments:
Post a Comment