
အမေရိကန်သမ္မတ
အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံကို ရိုက်နှိပ်ပြီး
အိုဘားမားခရီးစဉ်မတိုင်မီ အမှတ်တရအင်္ကျီအဖြစ် ရန်ကုန်မြို့တွင် ရောင်းချနေသော
အထည်ဆိုင်မှ အင်္ကျီကို ကြည့်ရှုနေသူနှစ်ဦး (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားမိန့်ခွန်းပြောကြားမည့်
ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ပြင်ဆင်ခြင်းလုပ်ငန်း တင်ဒါခေါ် ယူရာတွင်
Excellent Unity ဆောက်လုပ်ရေးကုမ္ပဏီက လေလံအောင်သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေးခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unity ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှုစွမ်းရည် အစီအစဉ်မှ လူငယ်များအား အမေရိကန် သမ္မတအိုဘားမား နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ အခန်းကို ပြင်ဆင်နေခြင်းဖြစ်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားသည်
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက် တွင် ရောက်ရှိမည်ဖြစ်ပြီး နေပြည် တော်၌
ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် နိုဝင်ဘာ ၁၄ ရက်တွင်
ရန်ကုန်မြို့သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင်
တွေ့ဆုံကြမည် ဖြစ်သည်။
Credit - 7DAY DAILY
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေးခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unity ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှုစွမ်းရည် အစီအစဉ်မှ လူငယ်များအား အမေရိကန် သမ္မတအိုဘားမား နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ အခန်းကို ပြင်ဆင်နေခြင်းဖြစ်သည်။
![]() |
ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမ အ၀င်တံခါးတွင် လုံခြုံရေးထမ်းဆောင်နေသော
ရဲတပ်ဖွဲ့ဝင်သုံးဦးကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)
Credit - 7DAY DAILY
No comments:
Post a Comment