– မင်းသီဟ (လက်ပံတန်းသား)
လကုန်ပြီဆိုလျှင်
ရဲအချင်းချင်းတောင် ခရိုင်ဒန၊ တိုင်းဒန၊ စသုံးလုံး၊ SB တို့၊ CID တို့၊ စအဖ
တို့ ကအစ ကျွန်တော်တို့ဆီက ခွဲတမ်းပေးရတယ်ဗျာ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုတလော မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပျက်နေမှုမျိုးစုံကို မြန်မာ့သတင်း
MRTV, Sky Net, 5Move နှင့် Fb ဟုခေါ်သော ဖေ့စ်ဘုတ်၊
အင်တာနက်စာမျက်နှာများအပြင် နိုင်ငံတော်ထုတ် ကြေးမုံ၊ မြန်မာ့အလင်းနှင့်
အခြား သော နေ့စဉ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်သတင်းများနှင့်
မှုခင်းသတင်းများတွင် လောင်းကစား မှုနှင့်ပတ်သက်ပြီး သတင်းများကို
ဟိုနားတစ်ခု၊ ဒီနားတစ်ခု မကြာမကြာဖတ်ရပါတယ်။
ပထမတော့
ထိုသတင်းများကို စိတ်မ၀င်စားမိပါ။ အလေးလည်း မထားမိပါ။ ဂရုပြုရုံ၊
သိရှိရုံသက်သက်သာ ဖတ် မိပါတယ်။ ဒါနဲ့ ကျွန်တော်နှင့် ရင်းနှီးသော ကျွန်တော်
တို့မြို့နယ်ကလေးမှ သတင်းထောက် တစ်ဦးနှင့် ကျွန် တော် လက်ဖက်ရည်ဆိုင်
ထိုင်တိုင်း အခါအားလျော်စွာ စကားစမိ ပြောမိပြီး တစ်မြို့တည်းနေတော့ လက်ဖက်
ရည်ဆိုင်ထိုင်တိုင်း အဖွဲ့ကျမိပါတယ်။
သတင်းထောက် သတင်းသမားဆိုတော့
အာဝဇ္ဇန်းရွှင်ရွှင်ဖြင့်ပြောသော ၎င်း၏ စကားလုံးများကို နံနက်တိုင်း လက်ဖက်ရည်၊
မုန့်၊ ဆေးလိပ်ဖြင့်ဧည့်ခံပြီး ဂျာနယ် င်္ဘ သတင်းများကို
ဦးဦးဖျားဖျားမြို့သတင်း များကိုသိရပါ တယ်။ စုံလည်း စုံပါပေတယ်။…
ဘယ်လူကြီးကတော့ ဘယ်နေ့က ဘယ်ခွင်ကိုဘယ်လိုရိုက်သွားတယ်။ ဘယ်
မြို့မိမြို့ဖကတော့ ဘယ်နေ့က KTV မှာ ဘယ်ကောင်မလေးနဲ့ ဘယ်လိုမှ မလိုက် တာ၊
ဟိုဂေါပက မြို့မိ၊ မြို့ဖက ဘယ်ကောင်မလေးနဲ့ ကျိတ် ပုန်းခုတ်နေတာ
သူ့ယောက်ျားထိန်းကြီးကသိလို့ ဘယ်လိုဖြစ်တာ စသည်ဖြင့် သတင်းထူးကလေးများ၊
သတင်း ဦးအံ့သြဖွယ်ရာများကိုလည်း သိရသလို သူဒီသတင်းကို ဘယ်လိုဘယ်ပုံယူ
သည်ကိုတော့ မေး၍မရ၊ ပြော လည်းမပြောပါ။ သူ့ကိုမေးလျှင်တော့ ဒါကတော့တော့
စီးကရက်ပေါ့ ကိုယ့်လူရယ်လို့ အမြဲပြောပြီး ၎င်း သတင်း လိုက်ယူနည်းကိုတော့
မပြောပြဘဲ ကျွန်တော်နေ့စဉ်နှင့်အမျှ တိုက်သော လက်ဖက်ရည်နှင့် မုန့်ကိုတော့
နေ့စဉ် နှင့် အမျှနီးပါး အားပေးသွားပါတော့တယ်။
ဒါပေမဲ့ ဒီနေ့ကတော့ ကျွန်တော် သူနဲ့ တွဲလာတဲ့တောက်လျှောက်မှာ အံ့သြမိတဲ့နေ့ တစ်နေ့ရယ်လို့ ပြောရမ လို ဖြစ်နေပါတယ်။
အဲဒီနေ့က ကျွန်တော်အိမ်မှာညဘက် အလုပ်ကလေးရှိပြီး ညဥ့်နက်သွားတော့
မနက်စောစောမထဖြစ် ဘဲ နေ လေးအတော်မြင့်မှ ထဖြစ်တော့ မိန်းမက အိမ်မှာထမင်း
ကြော်ထားတယ် စားဆိုတာနဲ့ စားပြီး သောက်နေကျ လက်ဖက်ရည်ဆိုင်ကိုတော့
မသွားဘဲမနေနိုင်တာကြောင့် မိန်းမအလစ် လက်ဖက်ရည်ဆိုင်ဘက် ထွက်လာဖြစ် သေးတယ်။
ကျွန်တော် လက်ဖက်ရည်ဆိုင်လာရာ လမ်းမှာတော့ ဒီနေ့တော့ ငါ့သတင်း ထောက်ကြီး
မတွေ့ရ တော့ဘူးဆိုတဲ့ အသိစိတ်နဲ့လျှောက်လာမိစဉ် လက်ဖက်ရည် ဆိုင်ရောက်တော့
ကျွန်တော်ထိုင်နေကျ ရှေ့စား ပွဲက နေပူတော့ အထဲ၌ ပြောင်းပြီး ထိုင်ရာတွင်
ထောင့်မှ ကိုရွှေသတင်းထောက် ကြီးက လှမ်းခေါ်တယ်။ အားရ ၀မ်းသာနဲ့
ကျွန်တော်လည်း အတော်ဝမ်းသာသွားတယ်။ ““ဟာ ကျွန်တော် ဒီနေ့နောက်ကျ သွားတယ်။
ညက အလုပ်လေးရှုပ်သွားတာနဲ့ ညဥ့်နက်သွားတာနဲ့ မနက်စောစော မနိုးတာ၊
အဲဒါနိုးတော့ မိန်းမက ထမင်းကြော် ကျွေးနေတာနဲ့ ထပ်နောက်ကျသွား တယ်ဗျာ။
ခင်ဗျားမရှိတော့လောက်ဘူး ထင်ပြီးတော့ ကျွန်တော်လျှောက် လာတာ။ ခုခင်ဗျားကို
တွေ့ရတော့ ၀မ်းသာလိုက် တာဗျာ””ဟူ၍ ကျွန်တော်က ပြန်ပြီးတော့ နှုတ်ဆက်ပြော
လိုက်မိတယ်။
““အဲဒါပေါ့ဗျာ၊ ဒီနေ့ ကျွန်တော်ခင်ဗျား ကို စောင့်နေတာ။
အခုအချိန်မှာ (၅)မိနစ် ပြည့်လို့မှ မလာရင် ခင်ဗျား နောက်လိုက်
လာမလို့လုပ်နေတုန်း နာရီကြည့်နေတုန်း ခင်ဗျားရောက်လာတာ အတော်ပဲ။ ဒီနေ့
ခင်ဗျား ဒီဆိုင် ထဲမှာရှိတာ အကုန်မှာပြီးတော့ ကြိုက်သလောက်စား
ကျွန်တော်ရှင်းမယ်။ ပြီးရင် ညနေအတွက်ပါ ကျွန်တော် တာဝန်ယူတယ်”” ဆိုပြီးတော့
ပြောသောအခါ ကျွန်တော်အတော်ပင် အံ့သြမှင်တက်မိပါတယ်။ ကျွန်တော်
၎င်းသတင်းထောက်ကို အတွေးတွေ အများကြီးနှင့် ၎င်းသတင်း ထောက်လုပ်အားခလေးဖြင့်
လိမ်ဖည် လိမ်ဖည် ဖြစ်နေသည်ကို သိသဖြင့် အခုလို နံနက်ကြုံတိုင်း
လက်ဖက်ရည်နှင့် မုန့်တွေ အခါအားလျော်စွာ ငွေကိုလည်း လိုအပ်လျှင်
အခါအားလျော်စွာ ချေးငှားပေးထား သောသူက ဒီနေ့ ၎င်းပြောလိုက်သော စကားသံ၊
အပြုအမူ၊ မျက်နှာကိုမြင်လိုက်ရတော့ ကျွန်တော် တော်တော် အံ့သြစိတ်ဝင်
စားသွားပြီး ၎င်းရှိရာအဖွဲ့ ၀ိုင်းထောင့်ကို ခပ်သွက်သွက် လှမ်းသွားမိတယ်။
ကျွန်တော် ၎င်းထိုင်ခုံမှာ ထိုင်မည်အလုပ် မထိုင်ခင် မှာပင် ၎င်းသတင်း ထောက်က
““ဟေ့ စားပွဲထိုးကလေး ဒီဆိုင်မှာရှိတဲ့မုန့်တွေ အကုန်
လုံးစားပွဲပေါ်အကုန်ချပြီးတော့ ငါ့ဘော်ဒါ ကြီးအတွက် ကျဆိမ့်
ဇွန်းနဲ့နော်””ဟုမှာပြီး ““ဆေးလိပ်(၁)ဘူးပါချကွာ ပါကင်နော်””ဟု
တရစပ်မှာပြီး ကျွန်တော့် လက်ကို အတင်း ဆွဲပြီး ထိုင်ခုံမှာ
အတင်းထိုင်ခိုင်းပါတယ်။
ဒါနဲ့ ကျွန်တော် ၎င်းနှင့်ဘေးချင်းကပ်
ထိုင်လိုက်ပြီး ကိုယ့်လူ ဘယ်လိုလဲဟူ သော ကျွန်တော်သိချင်နေမိသော စိတ်က
ကျွန်တော့်မျက်နှာပေါ် ပေါ်လွင်နေသော အမူအရာဖြင့် ၎င်းကို ကြည့်လိုက်တော့
““သြော် ကိုယ့်အာစရိ ကလည်း ထိုင်ပါဦး၊ခုကျွန်တော်မှာထားတာတွေကို သုံးဆောင်
ပါဦး။ ရော့ ရောက်ပြီ သောက်စား””ဟူ၍ ဧည့် ၀တ်ပျူငှာစွာဖြင့် ကျွန်တော်ကို
ဧည့် ခံနေပါသည်။ ““ကိုသတင်းထောက်ရယ် ကျွန်တော်ထမင်းကြော်စားလာလို့ ခင်ဗျား
မုန့်တွေ မစားတော့ပါဘူး လက်ဖက်ရည် ပဲ သောက်ပါတော့မယ်ဗျာ။ ပြီးတော့ ၁
ဘူးတော့မလုပ်ပါနဲ့။ ထုံးစံအတိုင်း ဆေးလိပ် ၂ လိပ်လောက်သောက်ပြီးရင် ရပါ
တယ်။ ခင်ဗျားသာ ကျွန်တော့်ကို ပြောပြ ပါတော့ဗျာ ဒါမှမဟုတ်ရင် ခင်ဗျား
မပြောခင် ကျွန်တော်အရင်ပြောမယ်။ မနေ့က ခင်ဗျား (၂)လုံးပေါက်လို့လား
ဒါမှမဟုတ် ဘောလုံးပွဲနိုင်လို့လား””ဟု ကျွန်တော်မေးလိုက်သောအခါ ““အိုး နိုး
နိုး မဟုတ်ဘူး။ အဲဒီကိစ္စကို မကြာခင် ခင်ဗျားသိရလိမ့်မယ်။ သြော်
ပြောရင်းဆိုရင်းဟိုးမှာ စခန်းက နယ်ထိန်းအဖွဲ့လာနေပြီ””ဟု ဆိုင်အပြင်၌ နောက်
ဆုံးပေါ် Suzukye ဂျပန်ဆိုင်ကယ် ယိုးဒယားအလိမ်ဘီး ဟုခေါ်သော
ဆိုင်ကယ်များဖြင့် ရှိုးကျကျ စမတ်ကျကျ၊ ရွှေ ဆွဲကြိုး၊ စိန်၊
ကျောက်စိမ်းလက်စွပ်များ ၀တ်ဆင်ထားပြီး ခါး၌လည်း ရဲစကားပြော စက်နှင့်
တစ်ဖက်၌ Sony/ Samsung ဟန်းဆက်များ (၃)သိန်း၊ (၄)သိန်းတန်များနှင့်
လက်မှာပတ်ထားသော လက်ပတ်နာရီ များ ကလည်း G5 ၅ သိန်းကျော်တန်နာရီများ ၀တ်ပြီး
၎င်းတို့စီးသောဖိနပ်များမှာလည်း သောင်းကျော်တန် လည် သာဖိနပ်များဖြင့်
အင်္ကျီမှာလည်း ယခုနောက်ဆုံးပေါ် ဒီဇိုင်းဈေးကြီး အ၀တ်အစားများဖြင့်
ဆိုင်အတွင်း သို့ဝင် ရောက်လာပြီး ““ဟေ့ သတင်းထောက်ကြီး ကြာပြီလား၊
ရောက်နေတာကြာပြီလား အားနာတယ်ဗျာ။ ကျွန်တော် ညက နွားမှောင်ခိုနဲ့ သစ်ကား
သွားစောင့်ပေးနေရတော့ ကျွန်တော်တို့ ညက ၃နာရီလောက်မှ အိပ်ရလို့ပါ””
ဟူ၍ပြောပြီး ကျွန်တော်တို့ဝိုင်းကို လာထိုင်ပါတယ်။
သူတို့ကတော့
ကျွန်တော့်ကို ရှိလေသည်ကိုပင် မထင်ပါဘဲ ““ကိုရွှေသတင်း ထောက်ကြီးရေ ဒီတစ်ပတ်
ခင်ဗျား သတင်း ဂျာနယ်မှာရော၊ ခင်ဗျားဒေးလီး သတင်းစာမှာရော မနေ့က
ကျွန်တော်တို့သုတ်လိုက် တဲ့သတင်း ကလေးထည့်ပေးပါဦးဗျာ။ ခက်ပါတယ်ဗျာ။
မဖမ်းလို့လည်း မဖြစ်ဘူးဗျာ”” ဟူ၍ ညည်းတွားသံနဲ့ ထပ်ပြောပါ တယ်။
ကျွန်တော်ကတော့ ဘေးမှနေပြီး ဘာမှမသိပါ။ အသာလေး လက်ဖက်ရည်ကြမ်းကိုပဲ
သောက်နေမိပါ တယ်။ အဲဒီမှာ သူတို့အဖွဲ့ မှခေါင်းဆောင်ဟုသိရသော သူက
၎င်းဘောင်းဘီအိတ်အတွင်းမှ ပိုက်ဆံအိတ် ခေါက်အိတ် မိချောင်းလည်သာဖြင့်
ပြုလုပ်ထားသော ခေါက်အိတ်ထဲမှ ငွေတစ် သောင်းတန်နှင့် ငါးထောင်တန်
အထပ်လိုက်ထဲမှ ကျွန်တော်၏ သတင်းထောက်ကြီးအား ငွေအချို့ထုတ်ပေးပြီး ““ကဲ
ကိုရွှေ သတင်းထောက် ကြီးရေ။ ခင်ဗျား ဒီတစ်ပတ်ပါအောင်သာ လှလှလေးရေးပြီးတော့
ထည့်ပေတော့၊ ရော့ ဒီမှာ ကျွန်တော် ခရိုင်ကို တက်တဲ့ ကြေးနန်း
ပုံစံ””ဟုပေးပြီးတော့ ““ဟေ့ စားပွဲထိုးကလေး ဒီဝိုင်း ဘယ်လောက်ကျလဲ””
ဟုခေါ်ပြီး ငွေရှင်း ပေးပြီး ““ကဲ စိတ်ချမယ်နော်””ဟု ထပ် ပြောပြီးပြန်
သွားပါတယ်။ ဒါနဲ့ သူတို့ဘာ တွေ ဘယ်လိုဖမ်းမိပြီး ၎င်းတို့ ဖမ်းမိသော သတင်းအား
ခုလိုငွေပေးပြီး ဘာကြောင့်ပါ အောင် ထည့်ခိုင်းသလဲဟု ကျွန်တော်သိချင်
စိတ်ပြင်းပြ လာသောကြောင့် မေးမိပါတယ်။
ဒါပေမဲ့ ကိုရွှေသတင်းထောက်က
““ကျွန်တော် အာစရိမေးတဲ့ မေးခွန်းကို ညနေကျရင် ပြောပြမယ်။ ကျွန်တော် တို့
ဆုံနေကျ ဒေါ်စွာဌေးဆိုင်ကို ညနေ ၅ နာရီလောက် ရောက်အောင်လာခဲ့။ ကျွန်တော်
ပြောပြမယ်။ ခုတော့ ကျွန်တော် သူတို့ခိုင်းထားတာလေးကို မီးလေးလာတုန်း
ကွန်ပျူတာလေးစီပြီးတော့ ဂျာနယ်တိုက် ကို အင်တာ နက်ကနေ
ပို့လိုက်ဦးမယ်ဗျာ””ဟု ပြောပြီး သူနဲ့ကျွန်တော် လက်ဖက်ရည် ဆိုင်မှ
အတူထွက်လာပြီးတော့ လမ်း ခွဲလိုက်ပါတယ်။
ကျွန်တော်ဟာ
စတိုးဆိုင်ကြီးတစ်ဆိုင်၏ ပိုင်ရှင်ပါ။ ကျွန်တော့်မှာ မိန်းမနဲ့
(၁၀)တန်းကျောင်း သားကလေး တစ်ဦးရှိပါတယ်။ ကျွန်တော့် ဆိုင်၏
ရောင်းရငွေဟာလည်း နေ့စဉ် သိန်းဂဏန်းရှိပါတယ်။ ယခုလက် ရှိအနေ
အထားဖြည့်ကြည့်လျှင် ကျွန်တော်ဟာ ပုံမှန်တစ်နေ့ (၁)သောင်းအောက်
ထစ်မှာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ခုနက ၀န်ထမ်းတွေလို ယိုးဒယား၊
ဂျပန်ဘီးလည်း မစီးနိုင်သလို ၎င်းတို့သုံးဆောင်နေသော အ၀တ်တန်ဆာ ကိုလည်း
မ၀တ်စားနိုင်တာဟာ ဘာတွေကွာနေလဲ ဆိုတဲ့အတွေးဟာ ကျွန်တော်
စီးပွားရေးသမားခေါင်း ထဲမှာ တစ်နေကုန် အတွေးနယ်ချဲ့ နေမိပါတော့တယ်။
ဒါနဲ့ညနေဆိုင်ပိတ်ပြီး ရေစောစောချိုးပြီး ဟိုလိုလို ဒီလိုလိုနဲ့
မိန်းမအလစ်တွင် ကျွန်တော် ကိုရွှေသတင်းထောက် နဲ့ ချိန်းထားတဲ့ ဒေါ်စွာဌေး
အရက်ဆိုင်သို့ ရောက်သွားပါတယ်။ ကျွန်တော်ဆိုင်ထဲရောက်တော့ ထိုင်နေကျ ထောင့်
စားပွဲမှာ ၀င်ထိုင် လိုက်တဲ့အချိန်အထိ ကိုရွှေသတင်းထောက် မရောက်လာသေးပါဘူး။
ဒါနဲ့ကျွန်တော် စားပွဲထိုးကလေးအား ထုံးစံအတိုင်းမှာပြီးတော့ ကျွန်တော်
အစပျိုးလိုက်ပါတယ်။ ယမကာရဲ့အရှိန်က သစ္စာ ရှိစွာဖြင့် ကျွန်တော်တစ်နေကုန်
တွေးနေသော အတွေးတွေကို ပိုပြီးတော့ တက်ကြွလန်းဆန်းစေပါပြီ။ ထိုအ ချိန်၌
ကိုရွှေသတင်းထောက် မနက်က နယ်ထိန်းအဖွဲ့နဲ့ အကောင်းစား ဆိုင်ကယ်ကြီးနောက်မှာ
မားမားကြီးပါ လာတာကို လှမ်းတွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာ
ဆိုင်ပိုင်ရှင်ဒေါ်စွာဌေးက ပြုံးရွှင်သောမျက်နှာနှင့် ၎င်း ကိုယ်တိုင်ထွက်
လာပြီး ခရီးဝေးရက်ကြာကြီးသွားနေသော သူ၏လင်တော်မောင်အား ကြိုသောပုံစံဖြင့် ၎င်း
ကိုယ်တိုင်ထွက်ပြီးတော့ ကြိုပါတယ်။ ပြီးတော့ ခုံနေရာကအစ စားပွဲခင်းကအစ
အသစ်ခင်းပြီး နေရာထိုင် ခင်း ပေးပါတော့တယ်။
အဲဒီအချိန်မှာပဲ
ကျွန်တော့်ဇာတ်လိုက် ကိုရွှေသတင်းထောက်ကြီးကတော့ ၎င်းတို့ ၏အထူးဧည့်သည်
တော်ကြီး အဖြစ်အောင်ပွဲခံ သမားတစ်ယောက်ပုံစံနှင့် ၎င်းတို့ ကိုရွှေ နယ်ထိန်း၏
စားပွဲထိပ်မှာ ကျွန်တော့်ကို ကျောခိုင်းပြီး ထိုင်နေပြီး ဂျော်နီဝါးကား
ပုလင်းကြီးနဲ့ အောင်ပွဲခံလွေးနေပါတော့တယ်။ အမြည်းကလည်း ကြက်သားလုံး၊
ပုစွန်၊ ၀က်နားရွက်သုပ်၊ ကိုက်လန်၊ ကြက်ဥ ဟပ်ဖရိုက်ကြော်၊ ဆော်ဒါဘူးနှင့်
အောင် မြင်သူကြီးစတိုင်နဲ့ ငြိမ့် နေပါတော့တယ်။
အဲဒီမှာ
ခြွင်းချက်ကလေးပြောရရင်တော့ ပထမရက်တွေမှာ တစ်ခါတလေ ကိုရွှေသတင်းထောက်နဲ့
ကျွန်တော် တို့ဟာ “ဇေ”ဟုခေါ်သော အဆီစပ်အဖြူတစ်လုံးကို
ပဲကြီးလှော်(၅၀)တန်နဲ့ဆိုင်မှပေးေ သာ ရေသန့်ကလေး နဲ့
နှစ်ယောက်သားသိုင်းကွက် နင်းပြီး ပြန်ရတဲ့ရက်ပေါင်း မနည်းပေါ့။
ခုတော့ ကိုရွှေသတင်းထောက် ကောင်းစားနေပုံကတော့ ကျွန်တော်အပေါ်မှာ ရေးထားတဲ့
ဇယား အတိုင်း အောင်ပွဲခံ နေ တာကို မြင်နေရတော့ ကျွန်တော့်ကို
တောင်မေ့ပြီးနေတာကို အပြစ်မမြင်ရက်ဘဲ ကျွန်တော် ကိုယ်တိုင်နောက်ကနေပြီးတော့
အဖြူကလေးရေရောပြီး နှစ်ယောက်စာ မှာထားတဲ့ ပုလင်းကလေး ကိုကိုင် ပြီးတော့
သူတို့ပြောတာကို နောက်ကနေနားထောင် နေမိတယ်။
အဲဒီမှာ
ကိုရွှေသတင်းထောက်က ၎င်းသတင်း/ဂျာနယ်တိုက်ကို ထည့်လိုက်တဲ့ သတင်းမိတ္တူကို
ကိုရွှေနယ် ထိန်းအဖွဲ့ကို ချပြပြီးတော့ ပြုံးပြုံးကြီးအောင်ပွဲခံနေ
ပါတော့တယ်။
အဲဒီမှာ နယ်ထိန်းခေါင်းဆောင်ကို ကိုရွှေသတင်းထောက်က
အရှိန်ကလေး လည်းရလာတော့ ““ခင်ဗျား အခုဖမ်းလိုက်တဲ့ ၁၅/၁၆(က)ကောင်က
ခင်ဗျားတို့ကို လိုင်းကြေးမပေးဘူးလား””ဆိုတဲ့ မေးခွန်း ကျွန်တော်
ကြားလိုက်ရတယ်။
နယ်ထိန်းခေါင်းဆောင်က ““ဒီမှာ
ကိုရွှေသတင်းထောက်ကြီးရဲ့ ခုကျွန်တော်တို့လည်း ဘယ်ဖမ်းချင်ပါ့မလဲဗျာ။
ကျွန်တော့်ကိုလည်း တစ်လနှင့် တစ်လ အပေါ်အောက် ရှင်းရတာ နည်းတာမှ မဟုတ်ပဲဗျာ။
လကုန် ပြီဆိုလျှင် ရဲအချင်းချင်းတောင် ပြောရလောက်တယ်ဗျာ။ ဥပမာ-ခရိုင်ဒန၊
တိုင်း ဒန၊ စသုံးလုံး၊ SB တို့ CID တို့ စအဖ တို့ကအစ ကျွန်တော်တို့ဆီက
ခွဲတမ်းပေးရ တယ်ဗျာ”” ဟုပြောပြီး အာချောင်သွား သဖြင့် ဂျော်နီ တစ်ငုံ
သောက်နေ ချိန်မှာ ကိုရွှေသတင်းထောက်က ““ခင်ဗျားတို့ဝေစုထဲက ပေးရ
သလား””လို့မေးတော့ ““အဲဒါ ကတော့ ရောင်းတဲ့သူ ဒိုင်ကပေးရတာပေါ့ဗျာ။
ကျွန်တော်တို့က မြို့နယ်မှူး၊ စခန်း မှူးနဲ့ ခရိုင်မှူး၊ တိုင်းမှူး
လောက်ကိုတော့ ကျွန်တော်တို့ နေရာလေး တည်မြဲဖို့နဲ့ …ဖို့ကတော့ ဂါရဝ
တရားပေါ့ဗျာ””
ကိုရွှေသတင်းထောက်က ““ဒါနဲ့ ခင်ဗျား တို့ရဲချုပ်ကြီးက
ပြီးခဲ့တဲ့နှစ် က အောက်ခြေမှရဲဝန်ထမ်းများ အဂတိလိုက် စားမှု ပပျောက်ရေး၊
လောင်းကစားမှု ပပျောက်ရေးတို့ဘာတို့နဲ့ ဘယ်သူ့ကိုမှပေး စရာမလိုကြောင်း စာတို
စာရှည် တွေထုတ်တာကို ကျွန်တော် ကြားမိသေးတယ် ဟုတ်လား””
““မှန်ပါတယ်။ ဒါပေမဲ့ ကိုရွှေသတင်း ထောက်ကြီးလည်း သိပြီးသားပါဗျာ။ ကျွန်
တော်တို့ဝန်ထမ်းတွေမှာ ရှိတယ်လေ။ ရှေ့ကမယူဘူး။ နောက်က ယူတယ်ပေါ့ဗျာ။
ရှေ့ကတော့ မပေးနဲ့၊ နောက်ကတော့ပေး ပေါ့ဗျာ။ ကျားကို မပေးနဲ့ မကိုပေးပေါ့
ဗျာ ဟဲ ဟဲ””
သြော်…တယ်ဟုတ်ပါလား ကိုရွှေဝန်ထမ်း နယ်ထိန်းရဲကြီးများရယ် …
အဲဒီမှာ ၎င်း၏နယ်ထိန်း တပည့်တစ်ဦးမှ ဆက်ပြီးတော့ ““ဆရာ ခုသူ့မိန်းမကို
ကျွန်တော့်အကြော လျှော့ထား တယ်။ ဘာမှမဖြစ်ဘူး။ တရားရုံးရောက်လျှင်
တရားသူကြီး၊ ဥပဒေအရာရှိတို့ကို ငွေပုံပေး လိုက်၊ အမှုကိုင်ကို လည်း
ငွေပေးပြီးတော့ နေပြည်တော်၊ CID လိုက်ရင် လက်ရေးမူတို့ဘာတို့ကို ငွေပေးပြီး
လုပ်ခိုင်းပေး မယ်။ ကျွန်တော် လုပ်ပေးမယ်ဆိုပြီးတော့ ကျွန်တော်အကြော
လျှော့ထားတယ်။ ခုလည်း ဘာမှမဖြစ်ဘူး။ တရား ရုံးရောက် ရင်ပြောပေးမယ်။
တကယ်လို့ လွတ်သွားလို့ ရှိရင်လည်း အမှုကိုင်၊ ဖမ်းတဲ့သူတွေကို အပြစ်မမြင်
အောင်လည်း အထက်မှာလုပ်လို့ရတယ်။ အမှုကိုင်ကိုလည်း ပြောထားတယ်။ အခုလည်း
သူ့မိန်းမနဲ့ သူ့သမီးကို နောက်နေ့ ဆက်ရောင်းဖို့နဲ့ နောက်ထပ်
မဖမ်းဘူးဆိုပြီးတော့လည်း အာမခံထား တယ်ဆရာ””ဟူ၍ တရစပ် အာဝဇ္ဇန်းရွှင်ရွှင်ဖြင့်
အစီရင်ခံတင်ပြနေတာကို ကျွန်တော်ဘေးကနေ အံ့သြမှင်သက် စွာဖြင့် နှစ် ယောက်
စာမှာ ထားသော အဖြူတစ်လုံးကို တစ်ခွက်သာသောက်ဖြစ်ပြီး ကျွန်တော် ဆက်ပြီးတော့
မသောက်ဖြစ်တော့ဘဲ ရင် ထဲ၌ခံပြင်းစိတ်၊ မခံချင်စိတ် ““ပြည်သူတစ်ယောက်အတွက်
ဥပဒေဆိုတာဟာ ဒါလား နိုင်ငံတော်မှ နိုင်ငံသား အတွက် ဥပဒေဆိုတာဟာ ဘာလဲ””
ဆိုတဲ့အတွေး များဖြင့် ……….။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment