Saturday, November 15, 2014

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံကြောင်း အိုဘားမားပြော

(ဓာတ်ပုံ − အေအက်ဖ်ပီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဘားရက်အိုဘားမားတို့ တွေ့ဆုံဆွေးနွေးမှုတွင် ကမ္ဘာသိခေါင်းဆောင်နှစ်ဦးစလုံးက မြန်မာနိုင်ငံ အနေဖြင့် စစ်တပ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာ၌ လက်ရှိထက် ပိုမိုအား ထုတ်ရန်လိုအပ်ကြောင်း သဘောတူခဲ့ကြသည်။

အိုဘားမားက မြန်မာ့နိုင်ငံရေး အသွင်ကူး ပြောင်းမှုသည် ပြီးမြောက်အောင်မြင်မှုမရှိသေးဘဲ ကောင်းမွန်လာရန် မျှော်လင့်ချက်မရှိသည့် အခြေ အနေမျိုးလည်း မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ထို့ကြောင့် ဆက်လက်  ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေဆဲဟု၎င်းကပြောသည်။ အိုဘားမားက ၎င်းကဲ့သို့ပင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံအားပေး နေမည်ဟုလည်း  ပြောကြားခဲ့ သည်။

  မြန်မာနိုင်ငံသို့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက် ရောက်ရန်ရောက်ရှိနေသည့် အိုဘားမားသည် နိုဝင်ဘာ၁၄ရက်တွင်ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့သွားရောက်တွေ့ ဆုံခဲ့သည်။  ဒေါ်အောင် ဆန်းစုကြည်၏သားနှစ်ဦးသည် ဗြိတိန်နိုင်ငံသားများဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိအခြေခံဥပဒေအရ ၎င်းကို သမ္မတအဖြစ်ရွေးကောက် ခံခွင့်မှ တားမြစ်ကန့်သတ်ထားသည်။ ယင်းအခြေအနေကို အို ဘားမားက ဝေဖန်ပြောကြားခဲ့သည်။

‘‘ကျွန်တော်ကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ကလေးတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကြောင့်  သမ္မတအဖြစ် ရွေး ကောက်ခံခွင့်မရှိအောင် ကန့် သတ်တားမြစ်ထားတယ်ဆိုတဲ့  သတ်မှတ်ပြဋ္ဌာန်းချက်မျိုးကို လုံးဝနားမလည်နိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်အတွက်တော့ အဓိ ပ္ပာယ်မရှိသလိုပဲ’’ဟု အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူယှဉ်တွဲရပ်ရင်း သတင်း ထောက်များအားပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန် မာနိုင်ငံသားအားလုံးသာ တူညီမျှ အခွင့်အရေးရှိသင့်တယ်လို့ ပြ ဋ္ဌာန်းထားပေမယ့် ဒါဟာ ကျွန်မရဲ့ ကလေးတွေကိုအခြေပြုပြီး ခွဲခြားဆက်ဆံမှု တစ်ခုပါပဲ’’ဟု အခြေခံဥပဒေပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − အေအက်ဖ်ပီ)
အိုဘားမားက ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းကာ ‘‘ခင်ဗျားဟာ မြန်မာပြည်သူလူထု ကိုယ်စား အနာဂတ်ဒီမိုကရေစီအတွက် ဆက်ပြီးထောက်ခံအား ပေးနေမယ်ဆိုတာကိုကျွန်တော် သိပါတယ်။ ခင်ဗျားဟာ အမေရိ ကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ လက်တွဲဖော်တစ်ယောက်အဖြစ် ရှိနေမယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်’’ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အရှိန်အဟုန် နှေးကွေးနေမှုနှင့်ပတ်သက်၍အကောင်းမြင်မှုနှင့် အဆိုးမြင်မှုကြား မျှတပြီး အားကောင်းခိုင် မာစွာ ရပ်တည်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

‘‘ကျွန်မတို့ရဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုတွေဟာ ခက်ထန်တဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတယ်။ ဒါပေမဲ့ ဒီလို ခက်ထန်တဲ့ ကာလမျိုးတွေမှာ တစ်ကမ္ဘာလုံးက  ကျွန်မတို့ မိတ်ဆွေတွေရဲ့ အကူအညီပေးမှု၊ နားလည်မှုတွေနဲ့အတူ ကျွန်မတို့ အနေနဲ့ အခိုင်အမာ ညှိနှိုင်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြော ကြားခဲ့သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌အိုဘားမားနှင့် ဒီချုပ်ဥက္ကဋ္ဌတို့တစ်နာရီကြာတွေ့ဆုံဆွေးနွေးမှု တွင် အမျိုးသားပြန်လည်ရင်ကြား စေ့ရေး၊ အခြေခံဥပဒေပြင်ဆင် ရေး၊ ၂၀၁၅ ရွေးကောက်ပွဲစသည့် အရေးများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ကြသည်။

အမေရိကန်သတင်းထောက်တစ်ဦးက ရိုဟင်ဂျာ(ဘင်္ဂါလီ) များ၏အရေးနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို မေးမြန်းသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာဆိုသောဝေါဟာရကို သတိထားရှောင်လွှဲသွားပြီး ယေ ဘုယျအသုံးအနှုန်းများဖြင့်သာ ဖြေကြားသွားခဲ့သည်။

‘‘ရှင့်အနေနဲ့ ကွဲပြားတဲ့လူ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား မျိုးနွယ်တွေကြားမှာ ဒီလိုမျိုး အကြမ်းဖက်မှုဆန်ဆန်ပြဿနာ တွေရှိနေတာကို ဘယ်လိုဖြေရှင်း မလဲလို့မေးတဲ့အခါ ကျွန်မတို့ အနေနဲ့  ဥပဒေစည်းမျဉ်းတွေ ကနေ အစပြုရမယ်လို့ဖြေရပါ မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

‘‘ခြိမ်းခြောက်ခံနေရတယ် လို့ခံစားနေရတဲ့လူတွေက နေရာ မှာထိုင်နေပြီး သူတို့ရဲ့ပြဿနာ တွေကိုဖြေရှင်းမှာမဟုတ်ဘူးလေ’’ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။

  မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှေးကွေးနေခြင်းနှင့်ပတ် သက်၍ အိုဘားမားက ‘‘ကျွန် တော်တို့အနေနဲ့ အပြောင်းအလဲ တွေကခက်ခဲတယ်ဆိုတာကို သဘောပေါက်ပါတယ်။ ပြီးတော့ အမြဲတမ်းလမ်းကြောင်းအဖြောင့် အတိုင်းမသွားနိုင်ဘူးလေ’’ဟုဆို သည်။

Credit - 7DAY DAILY

No comments:

Post a Comment