ရန်ကုန်တိုင်းဒေသကြီး မှ ထိပ်တန်းအခွန်ထမ်းစာရင်း ၁,၀၀၀ ကို ယခုလအတွင်း
ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တာဝန်ရှိသူက
ပြောသည်။
ယခု ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိပ်တန်းအခွန်ဆောင်သည့်စာရင်း ၁,၀၀၀ စီ ထုတ် ပြန်ပြီးနောက် တစ်နိုင်ငံလုံးတွင် အခွန်ထမ်းသူအများဆုံးစာရင်း ၁,၀၀၀ ကိုလည်း ထုတ်ပြန်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သိရသည်။
‘‘ဒီလအတွင်းမှာ ထုတ်ပြန် ဖို့ နေပြည်တော်ရုံးချုပ်မှာ ရွေး ချယ်နေတယ်။
တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ကို တစ်ထောင် စီထုတ်ပြန်မှာ။ နေပြည်တော်အပါ အဝင် စုစုပေါင်းတစ်သောင်းခွဲရှိမယ်။ နောက်ပြီး တစ်နိုင်ငံလုံး စာရင်းလည်း ထုတ်ပြန်မယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ဒုတိယ အခွန်ဦးစီးမှူးက ပြောသည်။ ယခုထုတ်ပြန်မည့် အများဆုံး အခွန်ဆောင်ထားသူများမှာ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန်များတွင် အများဆုံး ဆောင်ထားသူများဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အဖြစ် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်အများဆုံး ထိပ်တန်းအခွန်ထမ်းခဲ့သည့် ၁၀၀ ဦးစီ၊ ၂၀၁၂-၁၃ တွင် ၅၀၀ ဦးစီ၊ ၂၀၁၃-၁၄ တွင် ထိပ်တန်းအခွန်ထမ်း ၁,၀၀၀ အထိ ထုတ်ပြန်ပေးခဲ့သည်။
ပြည်တွင်းအခွန်များ ဦးစီး ဌာနသည် ၁၉၈၉ အထိ အခွန် ၁၀ မျိုးကိုကောက်ခံခဲ့ပြီး ၂၀၁၁ ဧပြီ ၁ ရက်မှစ၍ ဝင်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်း ခွန်နှင့် အောင်ဘာလေသိန်းဆုခွန် တို့ကိုသာ ကောက်ခံခဲ့သည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အများဆုံးဆောင်ခဲ့သည့် လုပ်ငန်းများ၌Myanmar Brewery Ltd, Myanmar CP Livestock Co., Ltd, International Bever-ages Trading Co.,Ltd အစရှိသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၄၀,၀၀၀ ခန့်ရှိ သည့်အနက် ၁၅,၀၀၀ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိသည်။ အခွန်တိမ်းရှောင်မှုများပြားသည့် လုပ်ငန်းအုပ်စု ၆၀ ခန့်ကိုခေါ်ယူသတိပေးမှုပြုလုပ်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် အဓိက အခွန်ငွေရရှိသည့် လုပ်ငန်းများမှာ ကုမ္ပဏီများဆိုင်ရာအခွန်ဖြစ်ပြီး အခွန်ရငွေအားလုံး၏ ၄၆ ရာခိုင် နှုန်းအထိရှိသည်။ ဒုတိယအများဆုံးမှာ နေပြည်တော်ဌာနဆိုင်ရာ များက ပေးဆောင်သော အခွန် ၂၅ ရာခိုင်နှုန်းရှိကာ ရန်ကုန်တိုင်း ဒေသကြီးမှ အခွန် ၂၀ ရာခိုင်နှုန်း နှင့် ကျန်တိုင်းနှင့် ပြည်နယ်များမှ အခွန် ၁၀ ရာခိုင်နှုန်းနီးပါးရရှိ သည်ဟု ဆိုသည်။

Credit - 7DAY DAILY
No comments:
Post a Comment