Saturday, November 15, 2014

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၈ဘီလီယံ တရုတ်နိုင်ငံက ကူညီပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၄

  မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိ ကန်ဒေါ်လာ ရှစ်ဘီလီယံခန့်ရှိသော သဘောတူညီချက်များနှင့် နားလည် မှုစာချွန်လွှာများကို တရုတ်နိုင်ငံက လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ရက်နေ့ နံနက် က နိုင်ငံတော်သမ္မတအိမ်တော် သံ တမန်ဆောင်တွင် ပြုလုပ်သည့် မြန် မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ နှင့် သဘောတူညီချက်များလက်မှတ် ရေးထိုးပွဲ အခမ်းအနားတွင် တရုတ် နိုင်ငံမှ တာဝန်ရှိသူများက ယင်းကဲ့ သို့ လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ် သည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင် ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခေ့ချန်းတို့၏ရှေ့မှောက်တွင် တာ ဝန်ရှိသူများက နှစ်နိုင်ငံတာဝန်ရှိသူ များက နားလည်မှုစာချွန်လွှာနှင့် သ ဘောတူညီချက်များကို လက်မှတ်ရေး ထိုးခဲ့ကြကြောင်းသိရသည်။ အဆိုပါ လက်မှတ်ရေးထိုးခဲ့ကြသည့် နားလည် မှုစာချွန်လွှာများနှင့် သဘောတူညီ ချက်များမှာ BCIM စီးပွားရေး စင်္ကြံမူဘောင်အတွင်း နှစ်နိုင်ငံ စီး ပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ အထောက်အ ကူပြုပစ္စည်းများ ထောက်ပံ့ရေးနား လည်မှု စာချွန်လွှာ၊ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင် ရွက်ရေးကော်မရှင် တည်ထောင်ရေး ဆိုင်ရာ သဘောတူညီချက်၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနားလည်မှု စာချွန်လွှာများကို သဘောတူ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရဲတပ်ဖွဲ့အထောက် အကူပြုပစ္စည်းများ ပေးအပ်ခြင်းဆိုင် ရာစာချွန်လွှာ၊ စိုက်ပျိုးရေးကုန်သွယ် မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးစားပေးဝယ်သူ ချေးငွေစာချုပ်၊ ယွမ် ဘီလီယံ ၃ဝပေးအပ်ရေးစီမံကိန်း ၏ ပထမအသုတ်စီမံကိန်းများ ပူး ပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နား လည်မှုစာချွန်လွှာ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာ ချွန်လွှာ၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးအတွက် ဒုတိယအသုတ် အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃ဝဝပေးအပ်ရေး သဘောတူညီချက်၊ မြန်မာ-တရုတ် စွမ်းအင်စီမံရေးဌာန များအကြား ရေနံနှင့်သဘာဝဓာတ် ငွေ့ကဏ္ဍ တိုးချဲ့ရေးဆိုင်ရာနားလည် မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ ဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးပူးပေါင်းမှု သဘောတူညီချက်၊ ကျေးလက်ဒေသ ရန်ပုံငွေမတည်ရေးစီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့တွင် လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ သာကေတ မြို့နယ်တွင် BOT စနစ်ဖြင့် ၅ဝဝ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည် ထောင်ရေးဆိုင်ရာ နားလည်မှုစာ ချွန်လွှာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ပညာရှင် များ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ဖြစ် ကြသည်။

ယနေ့လက်မှတ်ရေးထိုး ခဲ့သည့် သဘောတူညီချက်များနှင့်နား လည်မှုစာချွန်လွှာများအရ တရုတ် နိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုံးစွဲမည့်ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီ ယံခန့်ရှိကြောင်း သိရသည်။

ယင်းနောက်တရုတ်နိုင်ငံဝန် ကြီးချုပ်သည်နေပြည်တော်ရှိအ မှတ်(၄၁)အခြေခံပညာအလယ် တန်းကျောင်းသို့သွားရောက်ခဲ့ရာ အလယ်တန်းကျောင်းသားတစ်ဦး ကတရုတ်-အာဆီယံဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်မှုအပေါ်တရုတ်နိုင်ငံ ထင်မြင်ချက်ကိုမေးမြန်းပြီးဝန်ကြီးချုပ်က တရုတ်နိုင်ငံအနေဖြင့်အာ ဆီယံနိုင်ငံများနှင့်လွန်ခဲ့သော Golden decade ကာလပူးပေါင်းမှုအ ပေါ်အခြေခံပြီးနက်ရှိုင်းစွာပူးပေါင်း ကာ Diamonde decade အဆင့် မြင့်ကာကို တည်ဆောက်ရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

  


No comments:

Post a Comment