![]() |
နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနှုတ်ဆက်နေကြစဉ် |
အိုဘားမားသည် ဗိုလ်ချုပ်ကြီးဟောင်း အဖြစ်မှ ပြုပြင်ပြောင်းလဲရေးသမားသမ္မတ အဖြစ် အသွင်ပြောင်းလာသူဦးသိန်းစိန်နှင့် အာဆီယံထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ် ဆွေးနွေးပွဲအဖြစ် နေပြည်တော်တွင် သီးခြား တွေ့ဆုံဦးမည်ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက် ညက အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိမလာမီ ဧရာဝတီသ တင်းဝက်ဘ်ဆိုက်နှင့် အင်တာဗျူးပြုလုပ်ခဲ့ ရာ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် တင်းမာသည့်မှတ်ချက်များပေးခဲ့ ခြင်းနှင့်အတူ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အ တွက် သူ၏အနေအထားကို ကြိုတင်ပြင်ဆင် ခဲ့ပုံရသည်ဟု ဆိုသည်။
အိုဘားမားက “လွန်ခဲ့တဲ့ လေးနှစ် ပြု ပြင်ပြောင်းလဲရေးတွေ စတင်ခဲ့စဉ်တုန်းက အများမျှော်လင့်ထားကြသလိုမျိုး ဖြစ်ပေါ်တိုး တက်မှုတွေက မြန်မြန်ဆန်ဆန်ဖြစ်မလာပါ ဘူး။ တချို့နေရာတွေမှာ ပြုပြင်ပြောင်းလဲမှု တွေက အရှိန်လျော့ကျသွားခဲ့ပြီး တချို့အဆင့် တွေမှာဆိုရင် နောက်တောင်ပြန်ဆုတ်သွားပါ သေးတယ်”ဟု ဆိုသည်။
![]() |
နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိသမ္မတအိမ်တော်၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ် (ဓာတ်ပုံ-AFP) |
အိုဘားမားသည် နိုဝင်ဘာ ၁၄ ရက် တွင် မြန်မာနိုင်ငံ၏ကျော်ကြားလှသော ဒီမို ကရေစီသူရဲကောင်းနှင့် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ အားပေးမှုကို ပြသသည့်အနေဖြင့် ရန်ကုန်မြို့ သို့ သွားရောက်တွေ့ဆုံရန်လည်း ကမ်းလှမ်း ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က အို ဘားမား၏ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနေအထားနှင့်ပတ်သက်၍ အ လွန်အကျွံအကောင်းမြင်ခြင်းမပြုရန် ကြိုတင် သတိပေးထားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အများစုကို လွှတ်ပေးခဲ့ပြီး အလွန်တင်းကျပ် သော စာနယ်ဇင်းများ စိစစ်ရေးမူကို လျှော့ ပေါ့ပေးခဲ့ပြီးနောက် အနောက်တိုင်းက မြန် မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးခဲ့သောကြောင့် ရင်း နှီးမြုပ်နှံသူများက မြန်မာနိုင်ငံကို ဈေးကွက် အသစ်စက်စက်တစ်ခုအဖြစ် အထိုက်အ လျောက် စိတ်ဝင်စားလာခဲ့ကြသည်။
အိုဘားမားသည် ပြုပြင်ပြောင်းလဲရေး များကို အားပေးရန် ပထမဆုံး မြန်မာနိုင်ငံသို့ လာရောက်သည့် တာဝန်ထမ်းဆောင်ဆဲ အ မေရိကန်သမ္မတအဖြစ် ၂ဝ၁၂ ခုနှစ်က မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ဖူး ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment